31.8.12
အမေ့ထမင်းဝိုင်းအလွမ်းပြေ
အမေ့ထမင်းဝိုင်းအလွမ်းပြေ (Burmese traditional meals: Meat, salty spicy curry and veggie)
Tomato spicy curry to be served with some veggie
ဒီမှာနေ့ တိုင်းထမင်းဟင်းမချက်ဖြစ်တော့အိုင်အိုရာဒီလိုပုံစံမျိုးအစိုအခြောက်တွဲတဲ့ဟင်းတွဲကိုချက်ဖြစ်တာများပါတယ်။
အသားဟင်းငါးဟင်းခပ်ခြောက်ခြောက်နဲ့ အစိုဟင်းတစ်မျိုးမျိုးတွဲစားနိုင်အောင်လုပ်ပါတယ်။ အိုင်အိုရာကဟင်းတစ်မျိုးတည်းကိုဆက်တိုက်မစားချင်ပါဘူး။ (အမေတို့ အမတို့ တွေကျင့်ပေးလိုက်တာလို့ ဆိုပြီးသူတို့ ကိုဘဲအပြစ်တင်ကြတာပေါ့နော။)း)
အဲဒီတော့အသားတစ်မျိုးတည်းကိုလည်းပုံစံနှစ်မျိုးလောက်တစ်ချိန်တည်းမှာလုပ်ပါတယ်။ အချိန်မရရင်နောက်နေ့ ကျတော့မြန်မာစတိုင်ကတရုတ်စတိုင် သို့ မဟုတ်ကုလားစတိုင်သို့ မဟုတ် တစ်ခြားမြန်မာစတိုင်(အသီးအရွက်နဲ့ ရောတာမျိုး၊ အနံ့ တစ်မျိုးပြောင်းပစ်လိုက်တာမျိုး၊ နံနံပင်အုပ်ထားရာကနေပင်စိမ်း ဒါမှမဟုတ် ရှမ်းနံနံပြောင်းအုပ်တာမျိုး)
ဒီဟင်းတွေချက်စားဖြစ်တဲ့ရက်တုန်းက ၀က်ကြိတ်သားကို ပထမဆုံး ဂျင်း၊ ကြက်သွန်ဖြူ၊ ဆား၊ ကြက်သားမှုန့် နဲ့ နယ်ပါတယ်။ ဒီဟင်းကတော့အရမ်းမြန်ပါတယ်။ ၀က်သားကကြိတ်ထားတာဆိုတော့ကျက်လွယ်တယ်လေ။ နယ်ပြီးတာနဲ့ ဒယ်အိုးထဲကိုကိုယ်ကြိုက်တဲ့အနေလုံးပြီးတခါတည်းတန်းထဲ့ပါတယ်။ ၀က်သားသုံးပုံတစ်ပုံလောက်ကိုတော့ ကုလားလေး မဆလာထဲ့၊ ဇီယာထဲ့ပြီး တစ်ခြားဒယ်အိုးနဲ့ ထဲ့ပါတယ်။ အားလုံးထဲ့ပြီးတာနဲ့ ဆီနဲ့ ရေတခါတည်းထဲ့ပြီးအဖုံးအုပ်တည်လိုက်ပါတယ်။ အသားဟင်းတွေချက်ရင်အိုင်အိုရာကတော့ကျက်မှစိတ်ထဲမှာဘ၀င်ကျတော့အမြဲပွက်ပွက်ဆူအောင်တည်ပြီးမှ
မီးကိုပြန်လျှော့လေ့ရှိပါတယ်။ အဓိကကတော့အတွင်းကိုကောင်းကောင်းကျက်စေချင်တာပါ။ ဒီခေတ်ကလည်းဝက်တို့ ကြက်တို့ ကကူးတဲ့ရောဂါတွေပိုများလာတော့ကြောက်တာလည်းပါပါတယ်။
အသားလုံးတွေကိုအထက်အောက်လှန်လှန်ပေးပြီး နောက်ဆုံးရေခမ်းတော့မှ မွှေးပြီးရဲရဲလေးဖြစ်လာအောင်ဆက်လှိမ့်
ပေးပါတယ်။ ကိုယ်ကြိုက်တဲ့အနေအထားလေးရတော့ချလိုက်ရုံပါဘဲ။ အိုင်အိုရာက အရမ်းမကြွတ်ဘဲအထဲကအိအိနဲ့ အပြင်ကကျွမ်းကျွမ်းလေးကိုကြိုက်တော့ပုံထဲကအနေရရင်ချပါတယ်။ 
Meat ball with pork: Burmese style with Indian spice
အပေါ်က၀က်သားလုံးကမဆလာနဲ့ လုံးထားတာပါ။ အထက်ကအတိုင်းတည်ပါတယ်။ သူ့ ကျတော့ဆီပြန်ကတည်းကငရုတ်သီးတောင့်တွေကိုပါထဲ့ပြီးလှိမ့်ပါတယ်။ ငရုတ်သီးလည်းကြွတ်၊ အသားလုံးလည်းခပ်ကျွမ်းကျွမ်းဖြစ်ဆိုအရမ်းမွှေးပြီးနှိုက်စားမိတာဘဲ။ တစ်လုံးပြီးတစ်လုံး။ အိမ်မှာတော့မမက ဟေ့..ယူ တို့ တွေ မီးဖိုထဲမလာကြရင်ကောင်းမယ်ဆိုပြီးနှိုက်စားတဲ့အိုင်အိုရာတို့ တူအရီးတွေကိုနှင်ထုတ်တာဘဲ။း)
အမေဆိုရင်တော့...ဟင်းနံ့ လေးကမွှေးတော့အမေတောင်ဗိုက်ဆာလာပြီ..လို့ မသိမသာနဲ့ သူဆာလာကြောင်း
သတင်းပေးပါလိမ့်မယ်။း)
Pork ball and lettuce
ကြက်မြစ်ကြက်သည်းပြုတ်ကြော်ရိုးရိုးလေး
 ချစ်ချစ်ကလည်းကြက်မြစ်ကြက်သည်းမစားရတာကြာလို့ ချက်ကျွေးပါအုန်းတဲ့။ အိုင်အိုရာတို့ ကမြန်မာဟင်းတွေလည်းကြိုက်။ ထမင်းလည်းကြိုက်ကြတော့ ကျန်းမာရေးနဲ့ ညီညွတ်အောင်သတိထားပြီးတော့တော့ဟင်းကိုတွဲဘို့ ကြိုးစားပါတယ်။
ကြက်မြစ်ကြက်သည်းဆိုဝက်သားကြက်သားထက်၊ ငါးထက် အကြိမ်လျှော့ပြီးချက်ပါတယ်။ ဒါပေမဲ့လည်းကြိုက်ကြတော့ချက်တော့ချက်စားဖြစ်ပါတယ်။ အိုင်အိုရာကအမြစ်ကြိုက်တယ်။ သူကအသည်းကြိုက်တယ်။ နှလုံးကိုတော့နှစ်ယောက်လုံးကြိုက်ပါတယ်။ အဲတော့မျှဝယ်ပြီးချက်ပါတယ်။စားတာတော့အားလုံးစားပါတယ်လေ။ အိုင်အိုရာကမချက်ခင်အမြစ်တစ်ခုချင်း နှလုံးတစ်ခုချင်းစီကရှိနေတဲ့အဆီဖတ်တွေကိုဒါးထက်ထက်လေးနဲ့ အကုန်
လှီးဖယ်ပစ်ပါတယ်။ အနဲဆုံးတော့အသည်းအမြစ်စားပေမဲ့အဲဒီအဆီတွေတော့မပါသွားဘူးပေါ့နော်။
အပေါ်ကဟင်းကတော့ဆားဆနွင်း၊ငံပြာရည်၊ ကြက်သားမှုန့် နယ်ထားတဲ့  အမြစ်နဲ့ နှလုံးတွေကိုအရင်ရေရယ်ဆီရယ်နဲ့ လုံးပြီး အဖုံးအုပ်တည်ပါတယ်။ မကြာခဏမွှေပေးပြီးနောက်ဆုံးနူးပြီး ရေမခမ်းခင်မှာ အသည်းတွေရောပါတယ်။ ရေသိပ်နည်းရင်နဲနဲထပ်ထည့်ပေါ့။ အသည်းကကျက်လွယ်တော့အကြာကြီးတည်စရာမလိုဘူးလေ။ ရေပွက်ပွက်ဆူပြီးအထဲထိအကျက်နဲ့ မှန်းပြီးရေကို
ဆ ထည့်ပြီးဆီပြန်တော့မွှေးလာပြီလေ။
ဒါကျတော့သိပ်မာသွားရင်မကောင်းတော့ ဆီပြန်ပြီးမွှေးလာပြီဆိုချလို့ ရပါပြီ။ များသောအားဖြင့်ကြက်မြစ်ကြက်သည်းတို့ ဝက်သားလုံးတို့ ကိုအနှစ်နဲ့ ချက်တာထက်ခုလို ခြောက်ခြောက်လေး
ချက်တာကိုပိုသဘောကျပါတယ်။
အိုင်အိုရာတို့ မြန်မာတွေအကြိုက် ခရမ်းချဉ်သီးငပိချက်
ဟင်းအခြောက်တွေဆိုတော့နောက်ရက်စားလည်းသိပ်ပြဿနာမရှိလှဘူးလေ။ ဟင်းကအနံ့ တို့ ပုံစံတို့ သိပ်မပြောင်းဘူးလေနော်။ ဒီတော့အဲလိုခပ်ခြောက်ခြောက်ဟင်းတွေချက်ရင်အိုင်အိုရာက ခရမ်းချဉ်သီးငပိချက်တို့ စပ်ချဉ်တို့ ခရမ်းသီးနှပ်တို့ ကြက်ဟင်းခါးသီးကြော်တို့ လိုမျိုးတွေနဲ့ ဖက်စားဖြစ်ပါတယ်။
ဒါပေမဲ့ချစ်ချစ်က(လာပြန်ပြီး)) ခရမ်းသီးတို့ ကြက်ဟင်းခါးသီးတို့ မကြိုက်တော့ ခရမ်းချဉ်သီးငပိချက်တို့ စပ်ချဉ်တို့ နဲ့ ပိုတွဲချက်ဖြစ်ပါတယ်။ အဲဒါဆိုအသီးအရွက်ရှိတာနဲ့ ဖက်စားလိုက်ရင်အလုပ်လည်းမများလှ၊ စားလို့ လည်းမညည်းငွေ့ ၊ ခံတွင်းလည်းတွေ့ ပေါ့။ (အကြံပိုင်သော..ငခွေး..အဲလေ..အိုင်အိုရား)    )
အော်..မေ့လို့ ခရမ်းချဉ်သီးချက်တာမပါလို့ ပို့ စ်တင်ပြီးမှကမန်းကတန်းပြန်လာထဲ့ပေးနေတာ။
ခရမ်းချဉ်သီးငပိချက်ကဆီသတ်ချက်လည်းရတယ်။ လုံးချက်လည်းရပါတယ်။ အိုင်အိုရာက ဆီပြန်မချက်ပဲ အရည်နဲနဲဆီနဲနဲနဲ့ ချက်ထားတာပါ။ သေးသေးစိပ်ထားတဲ့ခရမ်းချဉ်သီးတွေနဲ့ ကြက်သွန်ဖြူ၊နီ၊ ပုဇွန်ခြောက်မှုန့် ၊ ငရုတ်သီးအစိမ်းမှုန့် ၊ ငပိနဲနဲ တို့ ကိုဆီနဲနဲထဲ့ပြီးကိုယ်ကြိုက်တဲ့အနေရတဲ့ထိလုံးချက်ချက်ထားတာပါ။ (ထုံးစံအတိုင်းမြန်ကောင်းသက်သာပေါ့) လုံးချက်တဲ့အခါသတိထားရမှာက အစိမ်းစော်နံမနေဘို့ ပါဘဲ။ ကောင်းကောင်းကျက်ပြီးကိုယ်သဘောကျနူးတဲ့အနေကျရင် အရသာမြည်း၊ အရည်အနေအထားလည်းကြည့် နဲရင်ထပ်ထဲ့များရင်နဲနဲထပ်တည်၊အတော်ဖြစ်ပြီဆိုရင်ညှပ်ထားတဲ့ ငရုတ်သီးစိမ်းအုပ်၊ ကျက်ရင် နံနံပင်လေးအုပ်လိုက်ရင်တော့အိုခေပြီပေါ့။ 
ဒီလိုမျိုးဆိုရင်တော့ဘယ်တော့မှမမုန်းတမ်းစားနိုင်တယ်နော် (ခရမ်းချဉ်သီးငပိချက်နဲ့ တို့ စရာစုံ ခ၀ဲသီးပြုတ်၊ ရုံးပတေသီးပြုတ်၊ မုန်လာဥပြုတ်။ ဆလတ်ရွက်ကိုသပ်သပ်ဗူးနဲ့ ထဲ့ထားတာလည်းအပေါ်မှာပါတယ်နော်။)
 ကဲ အားလုံးလည်းချက်လို့ ပြီးပြီ။ ထမင်းဝိုင်းလည်းပြင်လို့ ပြီးပြီ။
တစ်ခုဘဲ ကျန်တော့တယ်။  
အားလုံးသုံးဆောင်နိုင်ပါပြီ။
အမေ့ထမင်းဝိုင်းအလွမ်းပြေ (Burmese traditional meals: Meat, salty spicy curry and veggie)
Wait..wait..wait.. ခဏ။ ခဏစောင့်ပါအုန်း။
ဘာလေးတွေကူတင်ပေးတယ်။ မြန်မြန်ပြီးမှစားရမှာဆိုပြီးတော့နေမှာ...း) အဲလိုရိုက်မယ်လည်းလုပ်ရော ကင်မရာကဓါတ်ခဲအားနဲနေရင် သေပြီဆရာဘဲ။ မျက်စောင်းကြီးကြီးကြီးတွေထပ်မလာအောင် ကင်မရာလေးအသာချ။ စိတ်လျှော့။ နောက်ချက်တော့မှ ရိုက်တာပေါ့လေဆိုပြီးတေးထား။
ဒီလိုဟင်းမျိုးကတော့အေးလည်းသိပ်ပြဿနာမရှိတော့ချစ်ချစ်ကရိုက်ပါ။ ရိုက်ပါ။ ဆိုပြီးအားပေးပါတယ်။ ဟင်းချိုဟင်းပါရင်တော့လေ သူ့ အတွက်ဟင်းချိုကိုရိုက်ပြီးမှ ခပ်တယ်ဗျာ။ အေးမှာစိုးလို့ တဲ့။
Home made အချိုပွဲ ကိတ်မုန့်  (Cake with Pandan custard)
 Home made ဆိုလို့ အထင်တော့မကြီးလိုက်နဲ့ အုန်းနော်။
ထုံးစံအတိုင်း Cake Mix ကိုဝယ်ပြီးလုပ်ထားတာ။ သူ့ အညွှန်းအတိုင်းလုပ်လိုက်ရင်လွယ်လွယ်လေးနဲ့ ဈေးသက်သာ၊အရမ်းအရသာရှိပြီး သန့် ရှင်းတဲ့ကိတ်မုန့် လေးကိုအချိုတည်းဘို့ ရတာပေါ့။
My favorite cake mix
အဲဒီကိတ်မစ်စ်နဲ့ လုပ်ထားတာပါ။ သူ့ အညွှန်းကအရမ်းလွယ်တော့လုပ်ရတာစိတ်ပါတယ်။ မပင်ပန်းဘဲကောင်းကောင်းစားရတော့ပျော်တယ်။ ကိတ်မုန့် ရိုးရိုးရလာပြီးမှ ကို်ယ်ကြိုက်သလို ကိုယ်စားချင်တာနဲ့ တွဲဖက်ပြီးပြင်ဆင်လိုက်တာပါ။ ပိုလှပြီးဆွဲဆောင်မှုရှိသွားတာပေါ့။ အဲဒါလုပ်နည်းအရင်ပို့ စ်တစ်ခုမှာတင်ဘူးပါတယ်။ ရှာပြီးမှ လင့်လေးတင်လိုက်မယ်နော်။
( ဒီမှာပါ။  http://mamaiora.blogspot.com/2012/02/blog-post_22.html)
အိုင်အိုရာက ထိုင်းကလာတဲ့ ဆွမ်းမွှေးရွက်နံ့ နဲ့ လုပ်ထားတဲ့ အနှစ် (Pandan custard)ကိုလုပ်ပြီး ကိတ်မုန့် တုံးနှစ်ခုကြားမှာညှပ်၊အပေါ်က ဂရိဒိန်ချဉ်အုပ်၊ ဘေးကနေ စတော်ဘယ်ရီလေးခြမ်းပြီးတင်ထားတာနဲ့ တွဲစားဘို့ ပြင်ထားတာပါ။
စားလို့ ကောင်းတော့စမ်းလုပ်ကြည့်တဲ့သူတွေလည်းသဘောကျမှာပါ။
အဲဒီကိတ်ကုမ္ဗဏီကတော့အိုင်အိုရာကိုဆုချဘို့ ကောင်းနေပြီ။ ခဏခဏကောင်းကြောင်းကြော်ငြာနေလို့ လေ။ ဆုမချဘဲ သူ့ တံဆိပ်ကိုတင်ထားတယ်ဆိုပြီးတရားလာစွဲမှဒုက္ခ။း(
အားလုံးဘဲလာလည်လို့ ကျေးဇူးတင်ပါတယ်။
ပျော်ပျော်ပါးပါးဝင်နွှဲရင်း တူတူစားကြ အာလူးပေးကြတာပေါ့နော်။
အလည်လာသူဆွေမွန်များအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်။
ခင်မင်လေးစားသော...
အိုင်အိုရာ
သူ့အတွက် ချစ်သူကောင်း တစ်ယောက်ဖြစ်ဖို့ရာ
ပျိုမေတို့တစ်ဘဝလုံး လက်တွဲမယ့် အိမ်မက်ထဲက သူရဲကောင်းကို ရှာတွေ့ထားပါပြီလား? သူ့အတွက် ကိုယ်က ချစ်သူကောင်းတစ်ယောက်ဖြစ်အောင် နေထိုင်ရင်းနဲ့  သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာကို ဖော်ပြလိုက်ပါ..
သူ့ အပေါ် ရိုးသားပွင့်လင်းပါ*
မိမိကိုယ်ကို ရိုးသားသလိုပဲ သူ့အပေါ်မှာ အလိမ်အညာကင်းနိုင် ဖို့ အရေးကြီးပါတယ်။  ကိစ္စတစ်ခု အပေါ် မလိုပဲ ဇီဇာကြောင်ခဲ့ရင်ပဲဖြစ်ဖြစ်၊ အမှားတစ်ခု လုပ်ခဲ့ရင်ပဲဖြစ်ဖြစ် ကိုယ့်အမှားကို ဝန်ခံဖို့ ဝန်မလေးပါနဲ့။   သူနဲ့ပတ်သက် စိတ်ထိခိုက်စရာ ကြုံတယ်ဆိုရင် သူ့ လုပ်ရပ်ကို စွပ်စွဲအပြစ်တင်မယ့်အစား သင့်ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းဖွင့်ဟ ပြောပြနိုင်ဖို့အရေးကြီးပါတယ်။   သူ တကယ်ချစ်ရင် ကိုယ်ချင်းစာ ပြုပြင်လာပါလိမ့်မယ်။
အကောင်းမြင်တဲ့ သဘောထား*
အနားမှာနေပြီး သူ့အားနည်းချက်တွေအပေါ် ဝေဖန်လိုက်၊ သူ့သိက္ခာ ကို ထိခိုက်တဲ့ စကားတွေပြောလိုက် ဆိုရင် သင်မှန်နေပါစေဦးတော့ ဘယ်သူက သင့်နားမှာရှိချင်မှာလဲ။ သူက သင့်ချစ်သူမို့လို့ ဆိုပြီး အမြဲတမ်း ထောက်ခံရမယ်လို့လဲ မဆိုလိုပါဘူး။ အကင်းပါးခြင်း၊ နဲ့အလိုက်သိခြင်း တွေက ရင့်ကျက်တည်ငြိမ်တဲ့ အချစ် တည်ဆောက်ရာမှာ အတွက် မရှိမဖြစ် အရေးပါတဲ့ သော့ချက်တွေ ပါ။ ပျော်ပျော်ရွှင်ရွှင်နဲ့ အကောင်းမြင်တဲ့ချစ်သူကို အာဒမ်တိုင်း သဘောကျကြတာပါပဲ။
သင်ဖြစ်ချင်တာ၊ ထင်မြင်တာ၊လိုအပ်တာတွေ ကို ပေးသိပါ။*
သူ့ကို အမြဲ စိတ်ချမ်းသာအောင်ထားဖို့ လူဖြစ်လာတာမဟုတ်သလို၊ အမြဲတမ်း စိတ်ချမ်းသာအောင် ထားပေးနိုင်ဖို့ ဆိုတာလည်း မဖြစ်နိုင် ပါဘူး။ သင့်လိုအပ်ချက်တွေ၊ ဖြစ်ချင်တာတွေ ပြောပြတာဟာ သူ သင့်ကို ပိုသိလာ နားလည်လာနိုင်ဖို့ အခွင့်အရေးပါပဲ။ မှတ်ထားရမှာတော့၊ သူ့ထင်မြင်ယူဆချက် ကို စွက်ဖက်တာမလုပ်ပဲ ကိုယ့်သဘောထားကို အေးအေးဆေးဆေး ပွင့်ပွင့်လင်းလင်း ပြောပြနိုင်ရမှာပါပဲ။
သူစိတ်ဝင်စားတဲ့အရာတွေ ကို စိတ်ဝင်စားပါ။*
သူ စိတ်ဝင်စားတဲ့အကြောင်းတွေနဲ့ သူ့ဝါသနာတွေကို သိအောင်ကြိုးစားပါ။ သူကြိုက်တဲ့အရာတွေကို လိုက်ကြိုက် ခိုင်းတာမဟုတ် ပေမယ့်၊ သူဘာကြောင့် နှစ်သက်သလဲ လောက်တော့ သိထားဖို့လိုပါတယ်။ သူ ဖိစီးမှူတွေ များလာတဲ့အခါ  သူကြိုက်တတ်တဲ့ဟာလေးတွေကို အတူတူလုပ်ရင်းကူညီပေလို့ရတာပေါ့။
 အမှတ်တရတစ်ခုခုလုပ်ပေးပါ။*
 သင့်အငွေ့အသက်လေးတွေပါတဲ့ အရာတစ်ခုခု, စက္ကL နဲ့လုပ်ထားတဲ့ပန်းပဲဖြစ်ဖြစ်၊ အသည်းပုံလေးပဲဖြစ်ဖြစ်ပါ။ သင် ပေးထာတာလေးတွေ မြင်တိုင်း သင့်ကို သတိရအောင်ပေါ့။ သင့်ချစ်သူက သီချင်းကြိုက်တတ်တယ်ဆိုရင် ကိုယ်တိုင် သီချင်းတွေ သူအတွက်ရွေးထာတဲ့ စီဒီ ကိုလက်ဆောင်ပေးလို့ရသလို သင့်ချစ်သူကို သီချင်းဆိုပြပါ။ သူ့ တစ်သက်တာ အမှတ်ရနေမှာပါ။
သူ့ဘဝ သူ ပိုင်ပါစေ*
ပျိုမေတွေ တိုင်းဟာ သူ့ အာဒမ်ရဲ့ ဂရူစိုက်မှုနဲ့အချိန်တွေကို ကိုယ်တစ်ယောက်ထဲပိုင်ချင်တဲ့ သူ ချည်းပါပဲ။ ဒါပေမဲ့ အလွန်အကျွံကြီး ဆိုရင်တော့မကောင်းဘူးပေါ့နော်။ သူ့ကိုတခါတလေ လွတ်လွတ်လပ်လပ် သူငယ်ချင်းတွေနဲ့ ပေးသွား ပါ။ ချုပ်ခြယ်လွန်းတဲ့ချစ်သူ မဖြစ်ပါစေနဲ့ ။ သင်တို့က အတွဲဆိုပေမယ့် လူနှစ်ယောက်ပါပဲ။ အရာရာတိုင်း မှာ သင့် ကို လိုအပ်ချင်မှ လိုအပ်မှာပါ။ သူ့နေရာလေး ကိုတော့ သူ ပိုင်ပါစေ။ ဒါပေမယ့် သူလိုအပ်ချိန်တိုင်းမှာ သင် အမြဲတမ်းရှိနေမှာကို တော့ သူသိအောင် ပြောပြထားပါ။
သင်ဟာ သင် ပဲ ဖြစ်ပါစေ*
သူအထင်ကြီးအောင် လိမ်ညာတာ၊ သူ ကိုယ့်ကို သဝန်တိုအောင် ကြိုးစားတာ တွေဟာ အယူအဆမှားတွေပါ။ အကယ်၍ ဒါတွေကို မလုပ်မဖြစ်လုပ်ရမယ့် အရာတွေလို့ထင်ရင်၊ သင် အချစ်ဆို တာ ကို တကယ် နားမလည် သေး ပါဘူး။ ကိုယ်နဲ့ပတ်သက်ပြီး သူ့ကို ရိုးသားပွင့်လင်းစွာပြောပြထားပါ။ 
ပျိုမေ နှင့် ဆွဲဆောင်မှု
သင့်ရုပ်ရည်နဲ့ပတ်သက်ရင် ယုံကြည်မှူ အပြည့်ရှိပါ။ သင်သာ သူ့အတွက် စွဲဆောင်မှုရှိလို့သာ သင်တို့ချစ်သူတွေဖြစ်နေကြတာပေါ့။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့တာက ကိုယ်တွင်းမှာ သံလိုက်ဓာတ် ရှိသလို ပါပဲ။
ဦးဆောင် ခိုင်းပါ *
 ပုရိသ ဆိုတဲ့အမျိုးဟာ ရှေးရှေးကတည်းက မိသားစုကို ဦးဆောင်ဦးရွက်ပြုလာတဲ့ သူတွေပီပီ သူတို့ဟာ အရာရာကို ဦးဆောင်ချင်ကြတယ်။ သူတို့ချစ်တဲ့သူကိုလည်း သူတို့ကို အားကိုးစေချင်ကြတယ်။ စားသောက်ဆိုင်မှာပဲဖြစ်ဖြစ် ပိုက်ဆံရှင်းတယ်ဆိုရင် လု ရှင်းတာမျိုး မ လုပ်ပါနဲ့။ အဲဒီလိုလုပ်တာဟာ၊ သင် သူ့ကိုမလိုအပ်ဘူးလို့ ထင် သွားစေနိုင်ပါတယ်။
သိသလောက်၊ ဖတ်ထားသလောက်လေးတွေ တင်ပေးလိုက်ပါတယ်။ ကျွန်မလည်း ကျွန်မရဲ့ အာဒမ် အတွက် ကြိုးစားနေဆဲပါ။ (တစ်ခါတစ်လေ၊ မှားမှန်းသိရက် မပြင်နိုင်တာခက်တယ်နော်)
 စာဖတ်သူ ပျိုမေတွေလည်း အာဒမ် သိပ်ချစ်တဲ့ ချစ်သူကောင်း ဧဝ ဖြစ်နိုင်ကြပါစေ။
မှတ်ချက်။ ။ အသစ် မတင်ဖြစ်တာနဲ့ ဘလော့လေးကို လူမသိခင်တုန်းက ရေးခဲ့တဲ့ ပို့စ်လေးကို ဆားချက် လိုက်ပါတယ်။ အသုံးဝင်မယ်လို့ ထင်ပါတယ်ရှင်။
အမျိုးသားများ ပိုင်ဆိုင်ချင်သော ဘဝ လက်တွဲဖော်
အမျိုးသားတွေက အပြင်ပန်း အလှကို ငြိတွယ်တတ် ကြတယ်လို့ သိထားကြပေမယ့် အမြင် ပေါ်မှာစွဲလန်းမိတာမှုက ခဏတာပါပဲ။ အဲဒါက အချစ်မဟုတ်သလို၊ တသက်လုံးလက်တွဲဖို့လည်း မဟုတ်ပါဘူး။ မိန်းကလေးတွေလိုပဲ၊ အမျိုးသားတွေမှာ မိန်းကလေးတစ်ယောက်ဆီမှာ လိုက်ရှာတဲ့ "စံ" ရယ်လို့ရှိပါတယ်။
1) ကလေးအရွယ်တုန်း က ဆိုတဲ့ "ရည်းစားလှလှသားမှာရှိတယ် အိမ်ကိုရောက်အောင် သားခေါ်ခဲ့မယ်" သီချင်းထဲက လို အမျိုးသားတိုင်းရွေးချယ်တဲ့ ချစ်သူတိုင်းဟာ လှနေတာမဟုတ်ပါဘူး။ လှတယ် မလှဘူး ဆိုတာ ထက် အတွင်းစိတ်သဘောထား ကို ပထမဦးစားပေးအနေနဲ့ ကြည့်ကြတာဖြစ်ပါတယ်။
2) အမျိုးသားတွေဟာ ကိုယ့်ကိုယ်ကို ပြင်ဆင်ခြယ်သလွန်းလွန်းတဲ့ မိန်းကလေးတွေထက်  ကြည့်လိုက်ရင်  ရိုးရှင်းပြီး အထာကျတဲ့ မိန်းကလေးတွေကို  ပိုနှစ်သက်ကြပါတယ်တဲ့ ။
3) မိန်းကလေးက ဖွင့်ပြောလို့ (ဒီခေတ်ကြီးမှာ) တွဲဖြစ်ကြတဲ့ စုံတွဲတွေဟာ ခရီးသိပ်မရှည်ကြ ပါဘူး။ ယောက်ျာတွေဟာ ရှေးအစဉ်ကတည်းက အမဲလိုက်သူတွေပီပီ ကိုယ်က လိုက်ရတာကို သဘောတွေ့ကြပါတယ်။ လုံ့လစိုက်ပြီးမှ ရလာတဲ့ပစ္စည်: ကို ပိုတန်ဖိုးထားသလိုပဲ ကြိုးစားအားထုတ်ပြီးမှ ရခဲ့တဲ့ချစ်သူမျိုးကို တဘဝစာ ပိုင်ဆိုင်လိုကြပါတယ်။
4) ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာကို အမြဲတမ်း ထုတ်ဖော် ပြောတဲ့သူမျိုးမဟုတ်ပဲ သူ့မျက်လုံးကိုကြည့်တာနဲ့၊ သူ့စိတ်ကို အလိုလို နားလည်ပေးနိုင်တဲ့ မိန်းကလေးမျိုးကို ဘေးမှာ ထာဝရထားချင်ကြတာဖြစ်ပါတယ်။
5) ပိန်ပိန် ဝ ဝ သူ့အတွက် ဘာမှ မဖြစ်ပေမယ့်၊သပ်သပ်ရပ်ရပ် ကြည့်ပျော်ရှုပျော်တော့ ဖြစ်နေရပါမယ်။ ယောက်ျားတိုင်းက ကိုယ့်ဇနီးရဲ့ အလှကို လူတွေရှေ့မှာ ကြွားချင်ကြတာချည်းပါပဲ။
6) တိတိကျကျနဲ့ ကိုယ့်တာဝန်ကိုယ်ယူတတ်တဲ့ မိန်းကလေးတွေကို အထင်ကြီးကြပေမယ့်၊ သူတို့ထက်ပိုပြီး စိတ်မာ တဲ့ မိန်းကလေးတွေ ကို လက်မတွဲချင်ကြပါဘူး။ အဲလိုပဲ သူတို့ထက် အရာရာမှာ စွမ်းဆောင်နိုင်တဲ့သူ ကို ဘဝလက်တွဲဖော်အဖြစ်ရွေးရမှာကို လက်တွန့်တတ်ကြပါတယ်။
7) အကောင်းဆုံးတော့ မဟုတ်ပေမယ့် ထမင်းဟင်း ချက်တတ်ရပါမယ်။ သူလိုအပ်တာ သူနဲ့ရလာတဲ့ ရင်သွေးလေးကို ပြုစုစောင့်ရှောက်နိုင်မယ့် မိခင် ပီသတဲ့ သူပါ။
8) သူ့ပြောပြတာတွေကို ဂရုတစိုက် နားထောင် နှစ်သိမ့်ပေးမယ့် လက်တွဲဖော်မျိုး လိုချင်ကြပါတယ်။၊ ဘေးစကားတွေကို နားထဲမထည့်ပဲ သူ့တစ်ယောက်တည်းကို ယုံကြည်အားကိုးပေးတဲ့ သူမျိုး ပေါ့။
9) သူ့ဘဝ မှာ ချစ်သူ အပြင် တန်ဖိုးထားဆုံးလူ က သူ့ မိခင် ဖြစ်ပါတယ်။ ဒါကြောင့် အမေ သဘောကျလောက်မယ့်၊ အဆင်ပြေလောက်မယ့် မိန်းကလေးကို ဦးစားပေးရွေးချယ် တတ်ကြပါတယ်။
ဒီ (၉) ချက်ထဲက အချက်တော်တော်များများနဲ့ ကိုက်နေ ရင်တော့၊ အပျိုကြီးဖြစ်မယ့် ရာခိုင်နှုန်း တော်တော်ကို နည်းသွားပါပြီ။ ကိုယ် မယူချင်ရင်တော့ တစ်မျိုးပေါ့နော်။  ဒီတပတ် တင်ဆက်ပေးတဲ့ "အာဒမ်နဲ့ပတ်သက်၍" ကဏ္ဌလေးကို ကျေနပ်နှစ်သက် လိမ့်မယ် ထင်ပါတယ်ရှင်။
 စာဖတ်သူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
မိန်းကလေးတွေရဲ့ အပြင်အဆင်နဲ့ ယောက်ျားလေးတွေရဲ့ အမြင်
"မိန်းကလေးတစ်ယောက်ကို မြင်တဲ့အခါ ပထမဆုံးအနေနဲ့ ဘာကိုအရင်သတိထားမိလဲ? မျက်လုံးလား၊နှုတ်ခမ်းလား?"အမျိုးသားအယောက် တစ်ရာကို မေးကြည့်တဲ့အခါ ၈၁% က မျက်လုံးလို့ဖြေပြီး၊ ၁၉%က နှုတ်ခမ်းလို့ဖြေပါတယ်။ တခြားဘာတွေရှိသေးလဲ ဆက်ကြည့်ရအောင်နော်။
မျက်လုံး
အမျိုးသားတွေက မျက်လုံးကို အမည်းဆိုးတာပိုနှစ်သက်သဘောကျပေမယ့် မိန်းကလေးတွေကတော့ အရောင်တွေနဲ့ ကစားရတာကို ပိုနှစ်သက်ကြပါတယ်။ ဒါနဲ့ လိုင်နာအပေါ်မှာအရောင်ရင့်တဲ့ ရှဲဒိုးကို ထပ်တာက မျက်လုံးကို ပိုကြီးတဲ့ပုံဆံဖြစ်စေလို့အမျိုးသားတွေ ပိုသဘောကျရခြင်းဖြစ်တယ်လို့ Why We love ရေးသားသူ မနုသဗေဒပညာရှင် Helen Fisher ကဆိုပါတယ်။
မျက်တောင်
မျက်တောင်တုနဲ့ပတ်သက်လို့ တပ်ဖို့ မကျွမ်းကျင်ရင် နှစ်ခါပြန်စဉ်းစားစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသားတွေက အတုကြီးမှန်းသိရင် ဘာကိုမှ မကြိုက်လို့ပါပဲ။ သူတို့လိုချင်တာက မြင်ချင်တာက သင့်ရဲ့တကယ့် အလှတရားပါ။ ဒါပေမယ့် မိန်းကလေးတွေ အတွက်တော့ မျက်တောင်တုတပ်တာဟာ လူတွေအလယ်မှာ မျက်စိကျစေဖို့ ဖြစ်တယ်လို့ စိတ်ပညာရှင် Belisa Vranish က ဆိုပါတယ်။
မိတ်ကပ်
"မိတ်ကပ်ထူလအမ်းကြီးလိမ်းတာ ကျွန်တော့အတွက်တော့ စိတ်အပျက်ဆုံးပါပဲ။"26 နှစ်ရှိတဲ့ Ian ဆိုသူက ပြောပါတယ်။"ဒါပေမယ့် ဘာမှမလိမ်းတာထက်စာရင် lipgloss လေးနဲ့ မျက်တောင်နက်လေးက ပိုလှတယ်မြင်ပါတယ်။"လို့ဆိုပါတယ်။
မိတ်ကပ်နည်းနည်းပါးပါးလိမ်းတာဟာ မိန်းကလေးဆန်မှုကို ဖော်ပြပါတယ်။ နယူးယောက် မိတ်ကပ်ပညာရှင် Amanda Redgraveက အမြင်ပိုလှစေဖို့ မရှိမဖြစ်ပြင်သင့်တဲ့ လေးချက်က မျက်လုံးညိုနေတာ ကွယ်ဖို့ cream concealer ၊ mascara ၊ lipgloss နဲ့ ပါးနီတို့ဖြစ်ပါတယ်တဲ့။
ပါးနီ
ပန်းသွေးရောင် ပါးပြင်ဟာ ပုရိသတွေကို ဆွဲဆောင်နိုင်တဲ့ အချက်ထဲက တစ်ခုဖြစ်ပါတယ်။ ကျောက်ခေတ်တုန်းက ပါးအို့နီနီရှိတဲ့ ကောင်မလေးတွေဟာ ကျန်းမာတယ်ဆိုတာကို သွယ်ဝိုက်ဖော်ပြပါတယ်။  သွေးအားနည်းတာ မရှိဘူး၊ ကိုယ်ဝန်ကောင်းကောင်းဆောင်နိုင်တယ်ဆိုတာ ဖော်ပြပါတယ်။ လေ့ကျင့်ခန်းများများလုပ်တာ၊ ဒါမှမဟုတ် ပါးနီထည့်တာနဲ့ ပါးအို့နီနီ အသွင်အပြင်ကို ရစေမှာပါ။
နှုတ်ခမ်းနီ
မိန်းကလေးတွေအတွက်တော့ နှုတ်ခမ်းနီဆိုတာဟာ ဖိနပ်လို အမြဲတမ်း ဒါပဲ ဝတ်ရင်ငြီးငွေ့လာသလိုပါပဲ အရောင်ဆန်းဆန်း အသစ်ထွက်တာနဲ့ ဝယ်တတ်ကြပါတယ်။ အမျိုးသားတွေအတွက်ကတော့ ဆန်းဆန်းကြီးတွေထက် နဂိုသဘာဝ အရောင် နှုတ်ခမ်းကိုပိုလို့နှစ်သက်ကြပါတယ်။ ယောက်ျားလေးတွေရဲ့ စိတ်ထဲမှာ နှုတ်ခမ်းနီ ခဏခဏ အရောင်ပြောင်းသလို၊ ငါတို့ကိုရော  ကြာရင်ခေါက်သွားမလား ဆိုတဲ့ အသိဝင်တတ်ပါတယ်တဲ့။ 
ကွဲလွဲချက်
လက်တလောလေ့လာတွေ့ရှိချက်အရ အလှအပအမြင်နဲ့ ပတ်သက်လို့ မိန်းကလေးတွေဟာ ဦးနောက်နှစ်ခြမ်းလုံးကို အသုံးပြုကြပေမယ့် အမျိုးသားတွေအတွက်တော့ ညာဘက်ခြမ်း တစ်ခုတည်းကိုသာအသုံးပြုကြပါတယ်။ အဲဒါကြောင့် မိန်းကလေးတွေ ဟာ  အသေးစိတ်  ခြယ်မှုန်းကြတာဖြစ်ပြီး၊  (ဥပမာ ... mascara ထည့်ရင် မျက်ခွံမှာ အစက်သေးသေးလေး အပေ မခံတာမျိုး) ၊ အမျိုးသားတွေကတော့ ခြုံငုံ ကြည့်ပြီး " ဒီကောင်မလေး မိုက်လှချည်လား" ဆိုတာနဲ့ပြီးသွားပါတယ်။
ဒီဆောင်းပါးလေးကို Cosmopolitan မဂ္ဂဇင်း Digital edtion မှ ကောက်နှုတ် ဘာသာပြန်ပေးထားတာဖြစ်ပါတယ်ရှင်။ အာဒမ်နှင့်ပတ်သက်၍ ကဏ္ဌလေးကို နောက်အလျင်း သင့်ရင် သင့်သလို တင်ပြပေးသွားဦးမှာပါ။
ပုံမှန်လာရောက်အားပေးတဲ့ စာဖတ်သူများကို ကျေးဇူးတင်ရှိပါတယ်ရှင်။
အာရုံပြူတင်းပေါက်များ
ိ
သူမနေသော တိုက်ခန်းတွင် ၇ပေခန့်ရှည်ပြီး ၆ပေခန့်ကျယ်သည့်ပြူတင်းပေါက်များ ပါဝင်သည်။ ထိုပြူတင်းပေါက် များသည် မှန်ဖြင့်ပြုလုပ်ထားကာ တစ်ဖက်ဖက်သို့တွန်းလိုက်ရသော လျှောတံခါးများ ဖြစ်ပြီး ခြင်လုံဆန်ကာကို နောက်တစ်ထပ် ပြန်ကာရံထားလေသည်။ ခြင်ဆန်ကာပြီးလျှင်တော့ ခန်းဆီးစ အပြာရောင်နုနုလေးကို တတ်ဆင်ထားပြန်သည်။ သူမသည် ရာသီဥတု သာယာသောနေ့များတွင် တစ်အိမ်လုံးရှိ ပြူတင်းပေါက်များကို အကျယ်ဆုံး ဖွင့်လှစ်ထားတတ်ရာ ဟိုးတောင်တန်း ပြာလွင်လွင်များကို ကျော်ဖြတ်ကာ တိုက်ခတ်လာသော လေပြေလေညှင်းတို့က အိမ်နောက်ဖက် ပြူတင်းမှနေ၍ အမြဲမပြတ် ဝင်ရောက်လို့နေတတ်သည်။ အိမ်ရှေ့ပြူတင်းဆီမှတော့ နေရောင်ခြည် ဝင်းဝါဝါတို့က ဖြာကျ လင်းလဲ့လို့နေလေသည်။ သူမ နေသောအရပ်သည် တောင်တန်းများ ပတ်ဝိုင်းကာထားသော အရပ်ဖြစ်သောကြောင့် ရာသီဥတုမှာ အေးမြစိုစွတ်နေတတ်သည်မို့ ပြူတင်းဆီမှဖြာကျလာသော နေရောင်ခြည်သည်လည်း ပူပြင်း၍ မနေဘဲ နွေးနွေးထွေးထွေးဖြင့် ချစ်စဖွယ် ကောင်းနေတတ်ပြန်သည်။
သူမက ပြူတင်းပေါက်များကို နှစ်သက် စွဲမက်တတ်သူဖြစ်သည်။ ထို့ကြောင့်လည်း နေစရာအိမ်ရှာတိုင်း ပြူတင်းပေါက် ကျယ်ကျယ်လွင့်လွင့်ရှိပြီး လေပြေလေညင်းများ ဝင်ရောက် တိုက်ခတ်နိုင်သော အထပ်အမြင့် အဆောက်အဦးမျိုးကို ရွေးချယ်လေ့ရှိပါသည်။ ထို့ပြင် ဘေးပတ်ဝန်းကျင်တွင် အဆောက်အဦး ခပ်နိမ့်နိမ့်သာ ရှိသည့်နေရာမျိုးလည်း ဖြစ်ရမည်။ သို့မှသာ သူမနေသော အခန်းလေးဆီသို့ လေပြေလေညင်းများ အဆီးအတားမရှိ ဝင်ရောက်နိုင်မည် ဖြစ်လေသည်။ အိမ်ရှေ့ပြူတင်းပေါက်သည်တော့ လမ်းမနှင့် နီးသဖြင့် လမ်းပေါ်မှ ဆူဆူညံညံ ကားသံများကို ကြားရလေ့ရှိသဖြင့် သူမ သဘောမကျပါ။ အိမ်တစ်အိမ်လုံးတွင် သူမ သဘောအကျဆုံး ပြူတင်းပေါက်မှာ အိမ်နောက်ဖက် ပြုတင်းပေါက်ဖြစ်သည်။ ထို့ကြောင့်လည်း သူမနေဖို့အခန်းကိုတော့ လေဝင်လေထွက် ကောင်းသော ထိုပြူတင်းပေါက်ရှိသည့် အိမ်နောက်ဖက်ရှိ အခန်းကို ရွေးချယ်ထားလေသည်။
ထိုပြူတင်းပေါက်အနီးတွင် သူမ အလုပ်လုပ်ရန် စားပွဲတစ်လုံးကို ထားလိုက်ပြီး စားပွဲပေါ်တွင်တော့ အလုပ်အတွက် လိုအပ်သည့် ကွန်ပျုတာ ၊ တယ်လီဖုန်း ဖက်စ်၊ ပရင်တာ တွဲရက်ပါသည့် စက်တစ်လုံး၊ ဘောလ်ပင်ခဲတံထည့်ရန် ခွက်လှလှလေးတစ်ခုနှင့် အရွက်ကလေးများ ဖားဖားလျားလျားဖြင့် စိမ်းစိုလှပလှသည့် ပန်းအိုးလေးတစ်လုံးလည်း ရှိပါသည်။ အလုပ်အားလပ်ချိန်များတွင်  စာတိုပေစများ ရေးရန်ဝါသနာပါသော သူမသည် အင်တာနက်ပေါ်တွင်လည်း မတောက်တခေါက် စာရေးလေ့ရှိသည်။ ထို့ကြောင့် သူမအတွက် အပန်းဖြေစရာ နောက်ထပ် အရာတစ်ခုမှာ စာရေးစာဖတ်ခြင်း ဖြစ်လေသည်။ ကွန်ပျူတာ တင်ထားသည့် စားပွဲကို ထားဖို့နေရာ ရွေးချယ်သောအခါ ထွေထွေထူးထူး စဉ်းစားစရာမလိုပါ။ ပြူတင်းပေါက်နှင့် အနီးဆုံးနေရာကိုသာ သူမက ရွေးချယ်ပါသည်။
Image Hosted by 
PicturePush - Photo Sharing
ထိုပြူတင်းပေါက်မှ ငေးမောကြည့်သည့် အခါတွင်လည်း သူမတို့ မြို့ကလေးကို ပတ်ဝိုင်းကာရံထားသည့် တောင်တန်းပြာပြာကြီးများကို နွေဦးအခါများတွင် မှုန်ရီသီဝေစွာ၊ မိုးရာသီတွင်တော့ တိမ်မျှင်တိမ်ခိုးများ၊ တောင်ခိုး တောင်ငွေ့များ  လွှမ်းပတ် ရစ်သိုင်းကာ၊ ဆောင်းရာသီတွင် နှင်းမှုန်နှင်းစက်များ သိုင်းခြုံရီဝေစွာ ရှိနေတတ်ပြန်တာကိုလည်း သူမက သဘောကျသူဖြစ်သည်။ တောင်တန်းကြီးတွေကတော့ ဘယ်အချိန် ဘယ်ရာသီဘဲဖြစ်ဖြစ် လှလှပပ ခန့်ခန့်ထည်ထည် ရှိနေတတ်သည်ဘဲလေ။ တောင်တန်းပြာပြာကြီးနှင့် သူမတို့မြို့ကလေးကြားတွင် စိမ်းလန်းသော လယ်ကွင်းများ၊ စိုက်ခင်းများ ရှိလေသည်။ လယ်ကွင်းများ၊ ပန်းခင်းများ၊ သီးနှံစိုက်ခင်းများကို ဖြတ်သန်းလာသောလေသည် တရံတခါတွင် လန်းဆန်းသော ကောင်ပင်ပျိုတို့၏ ရနံ့များကိုပင် သယ်ဆောင်လာတတ်သည်။ တခါတလေတွင် ပန်းခင်းများဆီမှ မွှေးထုံသင်းပျံ့သော ပန်းရနံ့များကိုလည်း သယ်ဆောင်လာတတ်ပြန်သည်။
သူမ အလုပ်လုပ်နေစဉ်၊ သို့မဟုတ် စာရေးနေစဉ် ပြူတင်းပေါက်မှ ဝင်ရောက်လာသော လေပြေကလေးများက သူမ၏ဆံနွယ်များ၊ အင်္ကျီစလေးများ၊ သူမ မျက်နှာပြင်ပေါ်၊ သူမ လက်မောင်းသားလေးများကို ပွတ်သပ် ကျီစယ်နေတတ်သည်ကို သဘောကျမိသည်။ အလုပ်လုပ်ရင်း ၊ စာရေးရင်း လက်ညောင်းလာသည်ဖြစ်စေ၊ စိတ်အာရုံများ ညောင်းညာလာလျှင်ဖြစ်စေ စာရေးနေသည်ကို ရပ်လိုက်ပြီး ပြူတင်းပေါက်မှ မြင်နေရသော စိမ်းပြာပြာ မှိုင်းညို့ညို့ တောင်တန်းကြီးများ၊ စိမ်းစိုနုပျိုနေသော စိုက်ခင်းပြင်ကျယ်ကြီးများ၊ ရောင်စုံဖူးပွင့်ဝေဆာနေသော ပန်းခင်းကြီးများ၊ နေဝင်ဆည်းဆာချိန်များတွင် အိပ်တန်းတက်ရန် အုပ်စုဖွဲ့ ပျံသန်းတတ်သော ငှက်အုပ်များ ကို ငေးမော၍ ကြည့်ရှုလိုက်လျှင် သူမ၏နွမ်းနယ်နေသော စိတ်အာရုံများက အမြဲလိုလို ပြန်လည် လန်းဆန်းလာသည်သာ ဖြစ်လေသည်။
သူမတို့အိမ်တွင် ဝရံတာ မပါရှိပါ။ ကျယ်ဝန်းသော ပြူတင်းပေါက်များသာ ရှိပါသည်။ သစ်ပင်များကို ချစ်တတ်သော သူမက ရသည့်နေရာတွင် အပင်လေးများကို စိုက်ပျိုးတတ်သြူုဖစ်သည်။ သူမတို့အိမ်၏ ပြူတင်းပေါက် အပြင်ဖက်တွင်တော့ တစ်ထွာခန့် ကျယ်ဝန်းသည့် အုတ်ဘောင် ရှိလေသည်။  အိုးကလေးများဖြင့် အပင်များကို စိုက်ပျိုးပြီး ထိုဘောင် ကလေးပေါ်တွင် တင်ထားလေသည်။ မနက်တစ်ခါ ညနေတစ်ခါ ရေဖြန်း ဗူးလေးဖြင့် စိတ်ရှည်လက်ရှည် ရေဖြန်းရင်း လေညင်းခံရတာကို၊ စာရေးရန် အကြောင်းအရာ စဉ်းစားရတာကိုက စိတ်ချမ်းသာဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုဟုလည်း သူမက ယူဆပြန်သေးသည်။ သူမစိုက်ထားသော အပင်ကလေးများမှာ ပွင့်သည့်အပင်က ပွင့်ဖူးသည့်အပင်က ဖူးဖြင့် သူမ၏ ပြူတင်းပေါက်ကလေး လှပဖို့ တစ်တပ်တစ်အား ပါဝင်လို့နေသည်။ လမ်းမပေါ်က ကြည့်လိုက်လျှင် ပန်းပင်လေးများဖြင့် လှပနေသော ပြူတင်းပေါက်များ ရှိသည့်အိမ်သည် သူမတို့ တစ်အိမ်တည်းသာ ဖြစ်လေသည်။ မိတ်ဆွေတစ်ချို့က သူမတို့ အိမ်ရှေ့ လမ်းမပေါ်မှ အဖြတ်တွင် ပန်းအိုးလေးများရှိသော သူမတို့အိမ်ကို ဝေးဝေးကပင် မြင်နိုင်လေသည်။ ထို့ကြောင့် သူမတို့အိမ် လာမည့်သူများကိုလည်း အထူးတလည် ညွှန်းစရာမလိုပါ။ ပန်းအိုးလေးတွေရှိသော ပြူတင်းပေါက်နှင့်အိမ်ဆိုလျှင် သိသွားကြသည်သာ ဖြစ်သည်။ သူမတို့အိမ်ကို အခြားအိမ်များနှင့် မတူ ကွဲပြားစေသော ပြူတင်းပေါက် လေးများကို သူမ ချစ်သည်။
ပြူတင်းပေါက်လေး ဖွင့်ကြည့်လိုက်လျှင် လောက ပတ်ဝန်းကျင်၏ သဘာဝအလှများကို မြင်တွေ့နေရခြင်း၊  ငှက်ကလေးများ၏ တေးသီသံများကို ကြားရခြင်းနှင့် လေပြေလေးများ၏ ကလူကျီစယ်ခြင်းကို ထိတွေ့ခံစားရခြင်းကိုလည်း နှစ်သက်တတ်သည်။ ဘယ်လိုပင်ဖြစ်စေ သူမသည် ပြူတင်းပေါက်လေးများကို ချစ်သူဖြစ်လေသည်။ သူမ၏အာရုံများကို လတ်ဆတ် လန်းဆန်း နုပျိုစေသော ပြူတင်းပေါက် များကိုလည်း သူမက အာရုံပြူတင်းပေါက်လေးများဟု သူမဘာသာ သူမ နာမည် ပေးထားမိသည်။ သူမသည် ထိုစားပွဲလေးတွင် သူမလုပ်စရာအလုပ်များကို စိတ်အာရုံနှစ်မြုပ်ပြီး လုပ်လေ့ရှိသကဲ့သို့  အချိန်အားရသည့်အခါတိုင်း ပြူတင်းပေါက်လေးနားရှိ ကွန်ပျူတာရှေ့တွင် ထိုင်ကာ စာရေးနေလေ့ရှိသည်။ ပြူတင်းဝမှ ဝင်ရောက်လာသော လေညင်းကလေးများ၊ မိုးနံ့ပါသော လေပြေများ၊ ပန်းရနံ့လေးများ ၊ ဝေးဝေးက မှိုင်းပြပြ တောင်တန်းများတို့က အလုပ်တွေကို လျှင်လျှင်မြန်မြန်ပြီးစီးဖို့  တက်တက်ကြွကြွ လုပ်နိုင်ဖို့ တွန်းအားများဖြစ်သလို ဝါသနာပါရာ စာတွေ တစ်ပုဒ်ပြီး တစ်ပုဒ် ဆက်ရေးဖို့အတွက် ခွန်အားများ ဖြစ်ခဲ့လေသည်။
သို့သော် သူမနှစ်သက်သော ပြူတင်းပေါက်လေးမှ မြင်တွေ့နေရသော မြင်ကွင်းများ၊ အတားအဆီးမရှိ ဝင်ရောက်နေသော လေပြေလေညင်းများသည် ထာဝရ ရှိနေလိမ့်မည်ဟု သူမထင်ခဲ့ခြင်းသည် မှားယွင်းခဲ့လေသည်။ ယခုနှစ်ဦးပိုင်းမှ စကာ သူမတို့အိမ်နောက်ရှိ မြေကွက်လပ် ကျယ်ကျယ်တစ်ခုကို ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ ရောက်လာကာ ဆောက်လုပ်ရေးကိရိယာများ၊ လုပ်သားများ၊ အိမ်ဆောက်ပစ္စည်းများစွာ တဖြေးဖြေး လာရောက်နေရာ ချပြီးနောက်တွင် မြေညှိ၊ နေရာရှင်းစသည်တို့ကို အချိန်တိုတိုအတွင်း အမြန်ဆုံးပြီးစီးအောင် လုပ်ကိုင်နေကြတာကို တွေ့ရသော်လည်း သူမသည် စိတ်ထဲတွင် မည်သို့မျှ မရှိခဲ့ပေ။ မြေပိုင်ရှင်များ အဆောက်အဦးတစ်ခုခု ဆောက်တော့မည် ဟုသာ တွေးထင်ခဲ့မိလေသည်။ သို့ရာအတွင် အချိန်နည်းနည်း ကုန်သွားလေ သူမ မျက်စိရှေ့တွင် အဆောက်အဦးတစ်ခု ဖြေးဖြေးချင်း ပီပီပြင်ပြင်ဖြစ်လာချိန်တွင် တုန်လှုပ်ရတော့သည်။
ယခုမှ သတိထားမိသည်။ သူမတို့ အနီးအနား ပတ်ဝန်းကျင်အားလုံး ယခင် ခပ်နိမ့်နိမ့် အိမ်ယာများ၊ မြေကွက်လပ်များမှာ အဆောက်အဦး အမြင့်များ အသစ်ဆောက်လာကြပြီး အရင်က သူမတို့အခန်း ရှိသည့်တိုက်သာ အမြင့်ဆုံးဖြစ်ခဲ့သော်လည်းယခုအခါတွင် ဘေးနားဝန်းကျင်များတွင်  ထိုအဆောက်အဦး အမြင့်များ ဖြစ်လာလေပြီ။ ထို့အတူ သူမချစ်သော ပြူတင်းပေါက်လေးရှိသည့် နေရာမှ အဆောက်အဦးမှာလည်း တဖြေးဖြေး မြှင့်တက်လာနေပါပြီကော။ ဘယ်နှစ်ထပ်အထိ ဆက်ပြီး ဆောက်ဦးမည် မသိသော်လည်း သူမ မြင်နေကျ မြင်ကွင်းများကို ထိုအဆောက်အဦးက တဖြေးဖြေး ဖုံးကွယ်လာနေပြီ။ ထိုအခါမှ သူမ အထိတ်တလန့်ဖြစ်ရလေတော့သည်။ ပြူတင်းပေါက်ကနေ မြင်နေရသော တောင်တန်းပြာပြာကိုလည်း တစ်ဝက်တစ်ပြက်သာ တွေ့ရတော့ပြီး အိမ်တွင်းသို့ ဝင်လာနေကျ လေပြေ လေညှင်းများလည်း ရောက်မလာတော့ပေ။ 
တစ်နှစ်နီးပါးခန့် ကြာသောအခါတွင်တော့ ၁၀ထပ်တိုက်ကြီး တစ်ခုပီပီပြင်ပြင် ဖြစ်လာပေပြီ။ ထိုအခါမှ အောက်ထပ်တွင် ဈေးဆိုင်ခန်းများ အပေါ်ထပ်များတွင်၊ ရုံးခန်းများ ၊ လူနေတိုက်ခန်းများ အဖြစ် ဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိလာရလေသည်။ အင်မတန်မှ လှပသေသပ်ပြီး လက်ရာမြောက်သော အဆောက်အဦးကြီး ဖြစ်သော်လည်း သူမအတွက်တော့ စိတ်ညစ်ညူးဖွယ် အဆောက်အဦးကြီး အဖြစ်သာ မြင်မိလေသည်။ ထိုအဆောက်အဦး မြင့်မြင့် ကွယ်သွားသောကြောင့် ပြူတင်းပေါက်လေးဆီမှလည်း လေပြေတို့မဝင်ရောက်နိုင်၊ သူမ အာရုံကို လန်းဆန်းစေသော မြင်ကွင်းများကိုလည်း မမြင်ရ၊ တောင်တန်းပြာပြာကြီးကိုလည်း မတွေ့ရသည့်အခါ သူမ နှစ်သက်ခဲ့သော ပြုတင်းပေါက်လေးကိုပင် မုန်းတီးမိလာတော့သည်။ 
ကွန်ပျူတာရှေ့တွင်ထိုင်ကာ လုပ်နေကျ အလုပ်လုပ်ရသည်ပင် စိတ်မရွှင်မလန်း ဖြစ်လာရပြီး စာရေးမည် ကြံလိုက်တိုင်းလည်း နောက်ကျိနေသော စိတ်အာရုံများက မည်သည့် စာလုံးကိုမျှ ရေးချင်စိတ် မရှိတော့ပေ။ ဤသို့ဖြင့် သူမသည် တဖြေးဖြေးနှင့် စိတ်တို တတ်လာသည်။ ရန်လိုတတ်လာသည်။ စာရေးလည်း ကျဲလာလေသည်။ ကွန်ပျူတာကို အခြားပြူတင်းပေါက်အနီးတွင် ရွေ့ရန် စိတ်ကူးမှာလည်း လက်တွေ့တွင် အကျိုးထူးမည် မဟုတ်ပါ။ တစ်အိမ်လုံးတွင် ရှုခင်းအကောင်းဆုံး ၊ လေဝင်လေထွက် အကောင်းဆုံးနေရာမှာ ဒီပြူတင်းပေါက်လေးသာ ရှိသည်။ အခြားပြူုတင်းပေါက်တို့မှာ လမ်းမနှင့်နီးသည့်အတွက် ဆူဆူညံညံ ရှိလှပြီး ထိုဖက်ခြမ်းတွင်လည်း တိုက်အမြင့်များက ကွယ်ထားသည်သာ ဖြစ်လေသည်။
သူမနေထိုင်ရာ ပတ်ဝန်းကျင်သည် အဆောက်အဦမြင့်မြင့်များ၊ ကောင်းမွန်သပ်ရပ်သော လမ်းမများ၊ ခမ်းနားထည်ဝါလှသော စူပါမားကက်များ၊ ကွန်ဒိုများဖြင့် ရုပ်ဝတ္ထုတို့မှာ တိုးတက်လာသော စိတ်နှလုံးကို အာဟာရဖြစ်စေမည့် သဘာဝ ပတ်ဝန်းကျင်များ၊ ရေမြေတောတောင်များ၊ စိတ်အေးချမ်းဖွယ် စိမ်းလန်းသော သစ်ပင်များ၊ ရှုခင်းများကို မြင်တွေ့မှု နည်းပါးလာနေပေပြီ။ အလုပ်ကို စိတ်နှလုံး ကြည်ကြည်လင်လင် လုပ်ရန် သို့မဟုတ် စာရေးခြင်းကို စူးစိုက်စွာ လုပ်နိုင်ရန် မည်သို့မျှ စိတ်အာရုံများကို စုစည်း၍ မရတော့သည့်အဆုံး သူမ အိမ်ပြောင်းရန် ဆုံးဖြတ် လိုက်တော့သည်။ သူမ အိမ်ရှာရပါဦးမည်။ 
ပြူတင်းပေါက်များ ကျယ်ကျယ်ဝန်းဝန်းရှိပြီး တောင်တန်းပြာပြာများ၊ စိုက်ခင်းစမ်းစိမ်းများ၊ ပန်းခင်း လှလှများကို မြင်တွေ့ရပြီး လေပြေလေညင်းများ ဝင်ရောက်နိုင်သော ပြူတင်းပေါက်များပါသည့် အိမ်ခန်းတစ်နေရာကို သူမ ရှာဖွေရပါဦးမည်။ ပိတ်ဆို့ခံထားရသော ပြူတင်းပေါက်များကို သူမ မလိုချင်ပါ၊ သူမ အတွေးများ၊ အာရုံများ လွှင့်ပျံချင်တိုင်း ပျံခွင့်ရသော၊ လတ်ဆတ် လန်းဆန်းသော လေပြေများ ဝင်ချင်တိုင်း ဝင်၍ရနိုင်သော၊ နှင်းငွေ့ခြုံသော တောင်တန်းများကို မြင်တွေ့ခွင့်ရနိုင်သော၊ ပုဇွန်ဆီရောင် သမ်းသော ညနေခင်းများတွင်  အုပ်စုလိုက်  အိပ်တန်းတက်သော ငှက်လေးများကို  အမြဲမြင်နိုင်သော ပြူတင်းပေါက်လေးများသည် သူမအာရုံများကို လွတ်လပ်ပွင့်လင်းစွာ ဖွင့်လှစ်ပေးနိုင်သော အရာများ ဖြစ်သည် မဟုတ်ပါလား။
Image Hosted by 
PicturePush - Photo Sharing 
တောင်ကြီးမြို့
တောင်ကြီးဈေးနားမှာ
လိုရာ ၀ယ်သုံးနိုင်တဲ့သဘောပါ
Casino
တောင်ကြီးတက္ကသိုလ်ကို တောင်ပေါ်က မြင်ရပုံ
တောင်ပေါ်မှ
စိန်ပန်းပြာ
အဖိုးတန် ကျောက်ထင်းရှူးပင်
ညဖက် မြင်ရတဲ့ စိန်ပန်းပြာ
စူဋာမုနိဘုရား
ShweBonPwint Pagoda
ကျားဖြူပါတီမှ တွေ့ ဆုံပွဲ
လက်ဆောင်ပေးလိုက်တာ
ပင်လုံစာချုပ်
ပတ္တမြားလိုဏ်ဂူ
အော် သစ်တော သစ်တော
Barcamp Taunggyi
ငါးဒုက္ခ လို့ ဒေသအခေါ်
ယိုထိုး မလို့ ဝယ်တာပါ
Template by Spirit at Code Quirks.
Images by Marie Keiyou. ©2009