31.8.12

အမျိုးသားများ ပိုင်ဆိုင်ချင်သော ဘဝ လက်တွဲဖော်



အမျိုးသားတွေက အပြင်ပန်း အလှကို ငြိတွယ်တတ် ကြတယ်လို့ သိထားကြပေမယ့် အမြင် ပေါ်မှာစွဲလန်းမိတာမှုက ခဏတာပါပဲ။ အဲဒါက အချစ်မဟုတ်သလို၊ တသက်လုံးလက်တွဲဖို့လည်း မဟုတ်ပါဘူး။ မိန်းကလေးတွေလိုပဲ၊ အမျိုးသားတွေမှာ မိန်းကလေးတစ်ယောက်ဆီမှာ လိုက်ရှာတဲ့ "စံ" ရယ်လို့ရှိပါတယ်။


1) ကလေးအရွယ်တုန်း က ဆိုတဲ့ "ရည်းစားလှလှသားမှာရှိတယ် အိမ်ကိုရောက်အောင် သားခေါ်ခဲ့မယ်" သီချင်းထဲက လို အမျိုးသားတိုင်းရွေးချယ်တဲ့ ချစ်သူတိုင်းဟာ လှနေတာမဟုတ်ပါဘူး။ လှတယ် မလှဘူး ဆိုတာ ထက် အတွင်းစိတ်သဘောထား ကို ပထမဦးစားပေးအနေနဲ့ ကြည့်ကြတာဖြစ်ပါတယ်။

2) အမျိုးသားတွေဟာ ကိုယ့်ကိုယ်ကို ပြင်ဆင်ခြယ်သလွန်းလွန်းတဲ့ မိန်းကလေးတွေထက်  ကြည့်လိုက်ရင်  ရိုးရှင်းပြီး အထာကျတဲ့ မိန်းကလေးတွေကို  ပိုနှစ်သက်ကြပါတယ်တဲ့ ။

3) မိန်းကလေးက ဖွင့်ပြောလို့ (ဒီခေတ်ကြီးမှာ) တွဲဖြစ်ကြတဲ့ စုံတွဲတွေဟာ ခရီးသိပ်မရှည်ကြ ပါဘူး။ ယောက်ျာတွေဟာ ရှေးအစဉ်ကတည်းက အမဲလိုက်သူတွေပီပီ ကိုယ်က လိုက်ရတာကို သဘောတွေ့ကြပါတယ်။ လုံ့လစိုက်ပြီးမှ ရလာတဲ့ပစ္စည်: ကို ပိုတန်ဖိုးထားသလိုပဲ ကြိုးစားအားထုတ်ပြီးမှ ရခဲ့တဲ့ချစ်သူမျိုးကို တဘဝစာ ပိုင်ဆိုင်လိုကြပါတယ်။

4) ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာကို အမြဲတမ်း ထုတ်ဖော် ပြောတဲ့သူမျိုးမဟုတ်ပဲ သူ့မျက်လုံးကိုကြည့်တာနဲ့၊ သူ့စိတ်ကို အလိုလို နားလည်ပေးနိုင်တဲ့ မိန်းကလေးမျိုးကို ဘေးမှာ ထာဝရထားချင်ကြတာဖြစ်ပါတယ်။

5) ပိန်ပိန် ဝ ဝ သူ့အတွက် ဘာမှ မဖြစ်ပေမယ့်၊သပ်သပ်ရပ်ရပ် ကြည့်ပျော်ရှုပျော်တော့ ဖြစ်နေရပါမယ်။ ယောက်ျားတိုင်းက ကိုယ့်ဇနီးရဲ့ အလှကို လူတွေရှေ့မှာ ကြွားချင်ကြတာချည်းပါပဲ။


6) တိတိကျကျနဲ့ ကိုယ့်တာဝန်ကိုယ်ယူတတ်တဲ့ မိန်းကလေးတွေကို အထင်ကြီးကြပေမယ့်၊ သူတို့ထက်ပိုပြီး စိတ်မာ တဲ့ မိန်းကလေးတွေ ကို လက်မတွဲချင်ကြပါဘူး။ အဲလိုပဲ သူတို့ထက် အရာရာမှာ စွမ်းဆောင်နိုင်တဲ့သူ ကို ဘဝလက်တွဲဖော်အဖြစ်ရွေးရမှာကို လက်တွန့်တတ်ကြပါတယ်။

7) အကောင်းဆုံးတော့ မဟုတ်ပေမယ့် ထမင်းဟင်း ချက်တတ်ရပါမယ်။ သူလိုအပ်တာ သူနဲ့ရလာတဲ့ ရင်သွေးလေးကို ပြုစုစောင့်ရှောက်နိုင်မယ့် မိခင် ပီသတဲ့ သူပါ။

8) သူ့ပြောပြတာတွေကို ဂရုတစိုက် နားထောင် နှစ်သိမ့်ပေးမယ့် လက်တွဲဖော်မျိုး လိုချင်ကြပါတယ်။၊ ဘေးစကားတွေကို နားထဲမထည့်ပဲ သူ့တစ်ယောက်တည်းကို ယုံကြည်အားကိုးပေးတဲ့ သူမျိုး ပေါ့။

9) သူ့ဘဝ မှာ ချစ်သူ အပြင် တန်ဖိုးထားဆုံးလူ က သူ့ မိခင် ဖြစ်ပါတယ်။ ဒါကြောင့် အမေ သဘောကျလောက်မယ့်၊ အဆင်ပြေလောက်မယ့် မိန်းကလေးကို ဦးစားပေးရွေးချယ် တတ်ကြပါတယ်။



ဒီ (၉) ချက်ထဲက အချက်တော်တော်များများနဲ့ ကိုက်နေ ရင်တော့၊ အပျိုကြီးဖြစ်မယ့် ရာခိုင်နှုန်း တော်တော်ကို နည်းသွားပါပြီ။ ကိုယ် မယူချင်ရင်တော့ တစ်မျိုးပေါ့နော်။  ဒီတပတ် တင်ဆက်ပေးတဲ့ "အာဒမ်နဲ့ပတ်သက်၍" ကဏ္ဌလေးကို ကျေနပ်နှစ်သက် လိမ့်မယ် ထင်ပါတယ်ရှင်။

 စာဖတ်သူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

No comments:

Post a Comment

 
Template by Spirit at Code Quirks.
Images by Marie Keiyou. ©2009