အပြင်သွားခါနီး ဆံပင်ကို ဘာလုပ်ရင်ကောင်းမလဲလို့ စဉ်းစားဖူးပါသလား။ သင့်ရဲ့ဆံပင်ဟာ အရမ်းမတိုဘူးဆိုရင်တော့ လွယ်လည်းလွယ် လှလည်းလှမယ့် braid လို့ခေါ်တဲ့ ကျစ်ဆံမြီးကျစ်နည်း လေးတွေကို ကျစ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။
ကျစ်ဆံမြီးဆင်ယင်ပုံ တွေဟာ
- ဘေးစောင်းလေး ကျစ်ဆံမြီးတစ်ချောင်းတည်းပဲ ကျစ်ကျစ်၊
- အနောက်တည့်တည့် ကျစ်ဆံမြီးတစ်ချောင်းတည်းပဲကျစ်ကျစ်
- အလယ်နှစ်ဖက်ခွဲပြီး ကျစ်ဆံမြီးနှစ်ချောင်းပဲ ကျစ်ကျစ်၊
- ဆံပင်ကို ပုဝါ တစ်ကြိုး ရောပြီးပဲကျစ်ကျစ်
- သင့်ကိုယ်ပိုင် တီထွင်မှုပုံစံ နဲ့ ပဲကျစ်ကျစ်
ကျစ်ဆံမြီးတွေဟာ များများလေ့ကျင့်ကျစ်ပေးလေလေ ပိုမိုသပ်ရပ် လှပ လေလေ၊ ပိုလည်း လျင်မြန်လာစေတတ်လို့ အခြေခံအကျဆုံး ကျစ်ဆံမြီးကျစ်နည်း လေးတွေကို သိပြီးသား မမတွေရော မသိသေးတဲ့ မမတွေရော သင်ကြား လေ့လာ လေ့ကျင့်နိုင်ဖို့ မျှော်လင့်ပြီး အောက်ပါ ကျစ်ဆံမြီး သုံးမျိုးကို ဖော်ပြလိုက်ပါတယ်။
- ငါးမြီး သို့ ငါးရိုး ကျစ်ဆံမြီး (Fish Tail braid)
- နှစ်ကြိုးလိမ် ကျစ်ဆံမြီး (Two Strand braid)
- သုံးကြိုးကျစ် ကျစ်ဆံမြီး (Three String braid)
1.ငါးမြီး သို့ ငါးရိုး ကျစ်ဆံမြီး (Fish Tail braid)

အဆင့်(၁)

အဆင့်(၂)

အဆင့်(၃)

အဆင့်(၄)

အဆင့်(၅)

အဆင့်(၆)

ဒီလိုနဲ့ ဘယ်ဘက်ပြီးရင် ညာဘက်၊ ညာဘက်ပြီးရင် ဘယ်ဘက် နဲ့ အစွန်ဘက်က ဆံပင်မျှင်လေးတွေကို ဆွဲထုတ်ပြီး ရောယှက်လိုက်မယ်ဆို လှပတဲ့ ငါးရိုးကျစ် လေးကိုရရှိမှာဖြစ်ပါတယ်။ ယူတဲ့ ဆံပင်အမျှင်ပမာဏ ပေါ်မူတည်ပြီးတော့ ငါးရိုးအသေး၊ အကြီး ပုံပေါ်လာနိုင်ပါတယ်။ ကြိုက်နှစ်သက်ရာ အရွယ်အစားကို ကျစ်ယူ လေ့ကျင့် စမ်းသပ်ကြည့်ကြပါနော်။
2.နှစ်ကြိုးလိမ် ကျစ်ဆံမြီး (Two Strand braid)

ဒီနည်းလေးဟာ ပိုပြီး ရိုးစင်းလွယ်ကူပါတယ်။
အဆင့်(၁) ဆံပင်ကို အရင်းကနေ သားရေကွင်းနဲ့ စည်းပါ။
အဆင့်(၂) တူညီသောပမာဏရှိတဲ့ ဆံပင် အုပ်စု ကို နှစ်စုခွဲပါ။
အဆင့်(၃) ဆံပင်တစ်စုချင်းစီကို မာကျစ်နေအောင် ကိုယ့်လက်ညိုး နဲ့ တစ်ဖက်တည်းသို့ (ညာဘက်) လှည့်လိမ်ပါ။ဘယ်ဘက် ဆံပင်စုကို ဘယ်ဘက် လက်ညိုးနဲ့ လိမ်ပြီး ထိမ်းထားပါ။ ညာဘက်ဆံပင်စုကို ညာဘက်လက်ညိုးနဲ့ လိမ်ပြီး ထိမ်းထားပါ။
အဆင့်(၄) လိမ်ပြီးလို့ မာတောင့်နေတဲ့ ဆံပင် စု နှစ်ခုကို အချင်းချင်း (ဘယ်ဘက်)သို့ လှည့်လိမ်ပါ။ နှစ်စုပြန်လိမ်ရင်း ကြားထဲမှာ တစ်ချောင်းချင်းစီရဲ့ အလိမပြေသွားခဲ့ရင် အဲဒီနေရာမှာပဲ တစ်ကြိုးချင်းစီလည်းလိမ်၊ နှစ်ကြိုးလည်းပြန်လိမ် တစ်ဆက်တည်းလုပ်သွားလို့ရပါတယ်။
အဆင့်(၅) အဆုံးသတ်မှာ သားရေကွင်းနဲ့ ပြန်စည်းပါ။
ဒီနည်းမှာ ဆံပင်ကို မာတောင့်နေအောင် လိမ်ဖို့ပဲလိုပါတယ်။ တစ်ချောင်းချင်းစီလိမ်တဲ့ ဘက် နဲ့ နှစ်ချောင်းပြန်လိမ်တဲ့ဘက် ဆန့်ကျင်ဘက်ဖြစ်ရင်ရပါပြီ။
3.သုံးကြိုးကျစ် ကျစ်ဆံမြီး

အဆင့်(၁)

အဆင့်(၂)

အဆင့်(၃)

အဆင့်(၄)

အဆင့်(၅)

အဆင့်(၆)

Cဟာ Bရဲ့ အောက်ဘက်ကနေလျှိုဝင်ပြီး အစွန် နေရာကိုယူသွားပါလိမ့်မယ်။ဒီလိုနဲ့ နှစ်သက်ရာအရှည်ကိုရောက်တဲ့အထိ ကျစ်သွားပြီး အဆုံးသတ် သားရေကွင်းစည်းနိုင်ပါပြီ။
ရွှေမြန်မာမလေးများ ကြိုက်နှစ်သက်ရာ ကျစ်ဆံမြီးလေးတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ကျစ်နိုင်ကြပါစေ။
No comments:
Post a Comment