4.3.12

တန်ဖိုးကြီးသတို့သမီးဝတ်စုံများ

မင်္ဂလာပွဲဆိုတာ လူတစ်ဦးရဲ့ ဘဝမှာ အရေးကြီးဆုံးအခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ အထူးသဖြင့်တော့ အမျိုးသမီးတွေအတွက်က ပိုပြီး အရေးတယူ တန်ဖိုးထားတဲ့ အချိန်ခါလည်း ဖြစ်ပါတယ်။ မင်္ဂလာပွဲကျင်းပနေချိန်မှာတော့ သတို့သမီးဟာ အားလုံးသော မင်္ဂလာပွဲလာ ပရိသတ်အတွင်းမှာတော့ ဘုရင်မတစ်ပါးလို အထူးဦးစားပေးခံရသူ ဖြစ်သလို အားလုံးရဲ့ အာရုံစူးစိုက်မှု၊ စိတ်ဝင်စားမှုကို အခံရဆုံးသူလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အမျိုးသမီးတွေဟာ မင်္ဂလာပွဲကျင်းပနေတဲ့ မင်္ဂလာပွဲကျင်းပချိန်မှာ အလှပ အထင်ပေါ်ဆုံး ဖြစ်ချင်ကြပါတယ်။ သတို့သမီးတစ်ယောက်အတွက် မိတ်ကပ်အပြင်အဆင်သာမက သတို့သမီးဝတ်စုံဟာလည်း အလွန်ကို အရေးကြီးပါတယ်။ ဒါတွေကို ဒီဇိုင်နာတွေက ကောင်းစွာ သဘောပေါက် နားလည်ထားတဲ့အတွက် ဒီဇိုင်နာတစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင် သတို့သမီးဝတ်စုံတွေကို လှပဆန်းကြယ်စွာ စီစဉ်ချုပ်လုပ်ကြတာ ဖြစ်ပါတယ်။ အောက်မှာတော့ နာမည်ကျော် ဒီဇိုင်နာ အသီးသီးတို့ရဲ့ ကမ္ဘာ့ဈေးအကြီးဆုံး သတို့သမီး ဝတ်စုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

စိန်စီ သတို့သမီး ဝတ်စုံ

http://www.horizontalimage.net/wp-content/uploads/2011/03/wedding-gown-with-diamonds.jpg

ကျောက်မျက်ရတနာ ကုန်သည် Martin Katz နဲ့ အဝတ်အထည်ဒီဇိုင်နာ Renee Strauss တို့ ပူးပေါင်းတီထွင် ချုပ်လုပ်ထားတဲ့ သတို့သမီး ဝတ်စုံဟာ တန်ကြေး ဒေါ်လာ ၁၂သန်းရှိပါတယ်။ ဘာတွေများ ပါလို့ဒီလောက် တန်ဖိုးကြီးနေရပါသလဲလို့ မေးလာရင် ၁၅၀ကာရက်ရှိ စိန်ပွင့်များဟာ ဝတ်စုံအဖြစ်ချုပ်ထားတဲ့ ဇာတစ်လျှောက်လုံးမှာ စီရီထည့်သွင်း ချုပ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီဝတ်စုံကို တစ်ကမ္ဘာလုံးမှာရှိတဲ့ အမျိုးသမီးတိုင်းက ဝတ်ဆင်လိုတဲ့ ဆန္ဒတွေ ရှိကြမှာ ဖြစ်ပေမဲ့ ဈေးနှုန်းကြီးလှတာကြောင့် ဒီဝတ်စုံ ဝတ်ဆင်ခွင့်ရဖို့ဆိုတယ အိပ်မက်တစ်ခုလိုသာ ဖြစ်ပါလိမ့်မယ်။

ပုလဲနှင့်စိန် ရောယှက်လိမ်

Yumi Katsura wedding dress
ဈေးနှုန်း ဒေါ်လာ ၈သန်းလို့ သတ်မှတ်ထားတဲ့ သတို့သမီး ဝတ်စုံကတော့ ၈.၈ ကာရက်အလေးချိန်ရှိ အစိမ်းရောင် စိန်၊ ၅ကာရက် ရွှေဖြူ၊ ပုလဲလုံးများ နဲ့အတူ ပိုးချည်၊ ဖဲသားတို့ဖြင့် ယှက်ဖောက်ထားတာကြောင့် ကမ္ဘာ့ တန်ဖိုးကြီး သတို့သမီး ဝတ်စုံများထဲမှာ ပါဝင်ပါတယ်။ တော်တန်ရုံ သတို့သမီးများ ဝတ်ဆင်ဖို့ရာ စဉ်းစားနိုင်ခွင့်တောင် မရှိတဲ့ တန်ဖိုးကြီးမားလှတဲ့ ဇိမ်ခံသတိုသမီး ဝတ်စုံဖြစ်ပါတယ်။

ပလက်တီနမ် သတို့သမီးဝတ်စုံ
http://www.horizontalimage.net/wp-content/uploads/2011/03/Mauro-Adami.jpg

ပေါင် နှစ်သိန်းလေးသောင်း တန်ကြေးရှိတဲ့ အထက်ပါ သတို့သမီး ဝတ်စုံကတော့ ချည်သားသက်သက်သာမကဘဲ ပလက်တီနမ်နဲ့ပါ ပေါင်းစပ်ချုပ်လုပ်ထားတာဖြစ်ပြီး လန်ဒန်မြို့ရဲ့ ကျောက်မျက်ရတနာပြပွဲတစ်ခုမှာ ဝတ်ဆင်ပြသခဲ့တဲ့ ဝတ်စုံဖြစ်ပါတယ်။ အီတလီဒီဇိုင်နာ Mauro Adam က ချုပ်လုပ်ထားတဲ့ သတို့သမီးဝတ်စုံဟာ ချည်ထည်နဲ့အတူ ပိုးချည်၊ ပလက်တီနမ်တို့ဖြင့် ပြုလုပ်ထားပြီး သတို့သမီး ဝတ်စုံသက်သက်သာမဟုတ်ဘဲ ဝတ်ဆင်သူရဲ့ ခမ်းနားကြီးကျယ်ခြင်း၊ ချမ်းသာခြင်း တို့ကို ကိုယ်စားပြုနိုင်တဲ့ ဝတ်စုံဖြစ်တယ်လို့ ဆိုပါတယ်။

ရတနာမျိုးစုံခြယ် သတို့သမီးဝတ်စုံ


glittery gown wedding dress
ဟောင်ကောင် ဒီဇိုင်နာ တစ်ဦးရဲ့ လက်ရာဖြစ်တဲ့ သတို့သမီးဝတ်စုံဟာလည်း အလေးချိန် ၄ပေါင်ခန့်ရှိ ရတနာအမျိုးစုံပေါင်း ၉၉၉၉ခုဖြင့် စီခြယ်ထားပြီး တန်ဖိုးအားဖြင့် ဒေါ်လာ တစ်သိန်းသုံးသောင်း တရုတ်ငွေ ယွမ် ၉၉၉၉၉၉ တန်ကြေးရှိပါတယ်။

ဒေါင်းမွှေးသတို့သမီးဝတ်စုံ

peacock_wedding_dress_2
peacock_wedding_dress_2
peacock_wedding_dress_2

ဥဒေါင်းငှက်ရဲ့ ခမ်းနားလှပအရောင်စုံတဲ့ အမွှေးပေါင်း ၂၀၀၉ ခုတို့ဖြင့် တွဲဆက်ချုပ်လုပ်ထားတဲ့ သတို့သမီးဝတ်စုံကတော့ ဒေါ်လာ ၁.၅ သန်း တန်ကြေး ရှိပါတယ်. တရုတ်နိုင်ငံ ဂျန်းဆူးပြည်နယ် နန်ကျင်းမြို့မှာ ကျင်းပတဲ့ သတို့သမီးဝတ်စုံပြပွဲမှာ ဝတ်ဆင်ပြသခဲ့တာဖြစ်ပါတယ်။ ဒီဝတ်စုံကို လူ၈ဦးက ၈လခန့် အချိန်ယူပြီး ချုပ်လုပ်ခဲ့တာဖြစ်ပါတယ်။

သတို့သမီးလောင်းကလေးများနဲ့ တန်ဖိုးကြီးဝတ်စုံများကို စိတ်ဝင်စားသူများအတွက် ရှာဖွေတင်ပြပါတယ်။း)

Image Hosted by PicturePush - Photo Sharing

No comments:

Post a Comment

 
Template by Spirit at Code Quirks.
Images by Marie Keiyou. ©2009