2.3.12

မေမြို့(သို့မဟုတ်) ပြင်ဦးလွင်

ဒီတစ်ခါ ခရီးအသွားမှာ ရောက်ခဲ့တဲ့မြို့တွေကတော့ ရှမ်းပြည်နယ် ဆိုရင် ပြင်ဦးလွင်၊ တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ မွေတော်ကက္ကူ၊ ထမ်ဆမ်းဂူစသဖြင့် ဖြစ်ပြီးတော့ ရခိုင်ပြည်နယ်ကတော့ ကျွန်မရဲ့ အဓိက ဦးတည်ချက် ခရီးဖြစ်ပါတယ်။ ရှေးဟောင်းစေတီပုထိုးတွေ နန်းတော်ဟောင်းတွေနဲ့ ကြီးကျယ်ထင်ရှားခဲ့တဲ့ ရခိုင်ရှေးဘုရင်တို့ရဲ့ မြောက်ဦးမြို့ကို စာတွေ၊ ဓာတ်ပုံတွေ ကြည့်ပြီး စိတ်ဝင်စားခဲ့တာ ကြာပါပြီ။ ကျွန်မ ကိုယ်တိုင် တစ်ခါမှ မရောက်ဖူးသေး တဲ့ မြောက်ဦးမြို့ကို ဒီတစ်ခါ အားလပ်ရက်မှာ သွားဖြစ်အောင် သွားမယ်လို့ ရည်ရွယ်ထားခဲ့တာကြောင့် ကျွန်မရဲ့ ဇာတိဒေသကိုတောင် မပြန်ဖြစ်တော့ဘဲ ရခိုင်ကို ရောက်အောင် သွားဖြစ်ခဲ့တာပါ။ ရခိုင်ဘုရင်တွေ တည်ထားခဲ့တဲ့  ကြီးကျယ် ခမ်းနားလှတဲ့ စေတီပုထိုးတွေ၊ ဆင်းတုတော်တွေ၊ စိတ်ဝင်စားဖွယ် ယဉ်ကျေးမှုတွေ၊ သမိုင်းကြောင်းတွေကို မျက်ဝါး ထင်ထင် တွေ့မြင် ခဲ့ရပါတယ်။ အဲဒီ အကြောင်းတွေ ကိုတော့ နောက်များမှာ ဖြေးဖြေးချင်း  ရေးပါဦး မယ်နော်။ ရေးစရာ အကြောင်းအရာတွေ အများကြီးအပြင်၊ ဓာတ်ပုံတွေလည်း အများကြီး ရိုက်လာခဲ့ပါတယ်။ ကြည့်ရှု အားပေးကြပါဦးလို့ ကြိုတင် စကားပလ္လင် ခံထားချင်ပါတယ်နော်။

Image Hosted by PicturePush - Photo Sharing
ဒီပုံကတော့ မြောက်ဦးမြို့ရဲ့ နှင်းမြူတွေဆိုင်းနေတဲ့ မနက်ခင်းမှာ တောင်ပေါ် တစ်ခုကနေ နေထွက်ချိန် ကို စောင့်ကြည့်ရင်း ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတစ်ပုံပါ။ Facebook မှာတော့ လွန်ခဲ့တဲ့ရက်က တင်ခဲ့ပါတယ်။ ပိုစ့်မတင်ခင်မှာ ဓာတ်ပုံတစ်ချို့ကို အမြည်းသဘောနဲ့ ဖော်ပြချင်တာကြောင့် တင်လိုက်တာ ဖြစ်ပါတယ်ရှင်။


ပထမဦးဆုံး ကျွန်မရောက်ခဲ့တဲ့ မြို့တွေထဲက ပြင်ဦးလွင်မြို့ရဲ့ ခရီးနဲ့ စပါမယ်နော်။ ပြင်ဦးလွင်မြို့ကိုတော့ လူတိုင်းနီးနီး ရောက်ဖူးပြီးသား ဖြစ်ကြမှာမို့လို့ မြို့အကြောင်းတော့ သိပ်ပြောစရာ မရှိပေမဲ့ ကျွန်မ သွားလာဖြစ်ခဲ့တဲ့ နေရာနဲ့ ဓာတ်ပုံလေးတွေကို ဖော်ပြချင်ပါသေးတယ်။ အဲဒီလို ပြင်ဦးလွင်မြို့လို့ ဆိုရာ မှာ ပြင်ဦးလွင်ကို မဖြစ်မနေ ဝင်ချင်ရတဲ့ အဓိက အကြောင်းရင်းတစ်ခုက ဒီဇင်ဘာခြံကို ရောက်ချင် လို့ပါ။ ပြင်ဦးလွင်ရဲ့ ဒီဇင်ဘာလို့ ပိုစ့်ကို ခေါင်းစဉ်တတ်တာက ဒီဇင်ဘာခြံအကြောင်း ရေးချင်လို့ပါ။ ဒီဇင်ဘာခြံဆိုတာ ပြင်ဦးလွင်မှာတော့ လူတိုင်းသိတဲ့ ခြံကျယ်ကြီး တစ်ခု ဖြစ်ပါတယ်။ ဒီဇင်ဘာခြံကို သဘောကျမိတာက ကိုယ်တိုင် မွေးမြူထားတဲ့ ခြံထွက် နွားနို့တွေကို လတ်လတ် ဆတ်ဆတ် ရောင်းချတဲ့ အပြင် စတော်ဘယ်ရီပင်တွေနဲ့ အခြားပန်းအလှပင်တွေ ကျယ်ဝန်းစွာ စိုက်ပျိုးထားတဲ့ ခြံကြီးထဲမှာ စတော်ဘယ်ရီသီးတွေကို ကိုယ်တိုင် ခူးဆွတ်နိုင်ပါ တယ်။ ပြီးတော့လည်း ခြံကြီးက ကျယ်ဝန်းလှပြီး သာလဲ အလွန် သာယာကာ လေကောင်း လေသန့် တွေကို ရှုရှိုက်ကာ သစ်ပင်ပန်းမာန်များရဲ့ အလှကို ခံစားရင်း သပ်ရပ်တဲ့ နေရာထိုင်ခင်းတွေနဲ့ ခြံထဲမှာဘဲ အစားအသောက်များ စားသောက်နိုင်အောင် စီစဉ်ထား တာ ဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing
ဒီဇင်ဘာခြံရှေ့ရောက်တဲ့ခါ


Image Hosted by PicturePush - Photo Sharing
 ခြံရှေ့တစ်ဖက်ခြမ်းက ဆိုင်းဘုဒ်



Image Hosted by PicturePush - Photo Sharing

ခြံအတွင်းက ပန်းများဝေဝေဆာဆာ လှလှပပ ဒီဇင်ဘာရဲ့ ကြော်ငြာဆိုင်းဘုဒ်


Image Hosted by PicturePush - Photo Sharing


ဒီနေရာလေးမှာထိုင်ပြီး ခြံထွက်နွားနို့စစ်စစ်နဲ့ ရှမ်းခေါက်ဆွဲ ပူပူလေးတစ်ပွဲ စားပါတယ်။ ဘေးနားမှတော့ တိုက်ကပ်နွယ်ပင်တွေ ထင်ပါရဲ့.. လှလှပပ ခက်ဖြာဝေဆာလို့ပါဘဲ။ မြင်နေရတဲ့ အဆောက်အဦးကတော့ အစားအသောက်တွေ ပြင်ဆင်တဲ့နေရာပါ။ သပ်သပ်ရပ်ရပ်ရှိလှပါတယ်။ ပြင်ဦးလွင်ထွက် အစားအသောက်များ၊ အသီးအနှံများ၊ လက်ဆောင်ပစ္စည်းများကိုလည်း အဲဒီနေရာမှာ ဝယ်ယူနိုင်တယ်လို့ စာရေးထားပါတယ်။


Image Hosted by PicturePush - Photo Sharing
စိမ်းမြမြနွယ်



Image Hosted by PicturePush - Photo Sharing
ခြံအတွင်းမှာ စားသောက်သူတွေအတွက် ခင်းကျင်းထားတဲ့ နေရာများ

Image Hosted by PicturePush - Photo Sharing

ခြံတစ်ခုလုံးကို စီးမိုးပြီး ကြည့်တဲ့အခါ ခြံကြီးထဲ လျှောက်ကြည့်ချင်စိတ်တွေ တဖွားဖွားပေါ်လာတာမို့ စားလက်စ ခေါက်ဆွဲနဲ့ နွားနို့ကို အမြန်လက်စသပ်လိုက်ပါတယ်။ ခြံတစ်ခုလုံးကို လွတ်လွပ်လပ်လပ် လျှောက်ကြည့်ပြီး စိတ်တိုင်းကျ ဓာတ်ပုံတွေ ရိုက်နိုင်၊ လေ့လာနိုင်ပါတယ်တဲ့။

မိတ်ဆွေများ အားလုံးလည်း သာယာ လှပတဲ့ ဒီဇင်ဘာခြံထဲကို ကျွန်မနဲ့အတူ လျှောက်သွားကြည့် ရအောင်လားနော်...

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

 ဖူးပွင့်ဝေဆာနေတဲ့ ပန်းပင်ပျိုများ

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

သာယာလှပတဲ့ ခြံကြီးအတွင်းမှာ

Image Hosted by PicturePush - Photo Sharing

 နဂါးမောက်သီးစိုက်ခင်းနား ရောက်တဲ့အခါ

Image Hosted by PicturePush - Photo Sharing
အဖြူရောင်လှည်းကလေးလည်း လှလို့ပါဘဲ

Image Hosted by PicturePush - Photo Sharing
 ပင်စိမ်းပန်းတို့က ရဲရဲနီ

Image Hosted by PicturePush - Photo Sharing

ဟော.. ရှေ့မှာ စတော်ဘယ်ရီခင်းကြီးတွေ့ပါပြီ။။




Image Hosted by PicturePush - Photo Sharing







Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ကျွန်မရောက်သွားတဲ့ ဇန်နဝါရီလဟာ စတော်ဘယ်ရီသီးတွေပေါ်ဖို့ အချိန် အနည်းငယ်လိုပါသေးတယ်။ ဒါကြောင့် စတော်ဘယ်ရီသီးတွေ အများကြီး မတွေ့ရသေးပါဘူး။ သို့ပေမဲ့ ကွက်ကြားနေရာလေးတွေ မှာတော့ နီနီရဲရဲ စတော်ဘယ်ရီလေးတွေ ပေါ်နေပါပြီ။ 

Image Hosted by PicturePush - Photo Sharing
 ဟော ဒီမှာတွေ့လား အသီးလေးတွေ ပုန်းလျှိုးကွယ်လျှိုးလုပ်နေတာ

Image Hosted by PicturePush - Photo Sharing

စားချင်စရာကြီး မဟုတ်လား နော်း)

Image Hosted by PicturePush - Photo Sharing

သစ်ပင်ပေါ်က ငှက်ကလေး နှစ်ကောင်လည်း ကင်မရာမှန်ဘီလူးအောက်မှာ ပုန်းလို့ မရပါဘူးနော်

Image Hosted by PicturePush - Photo Sharing

ဟယ် ဒီငှက်နှစ်ကောင်. ဓာတ်ပုံ ရိုက်နေတုန်းမှာဘဲ  ဘာတွေလုပ်ပါလိမ့်.. ( ကြင်နာနေလိုက်ကြတာ) :)

Image Hosted by PicturePush - Photo Sharing

ဒီငှက်ကတော့ နောက်တစ်မျိုး.. ဘာငှက်လဲမသိ.. မျက်လုံးပြူးပြူးနဲ့..

Image Hosted by PicturePush - Photo Sharing

ခပ်လှမ်းလှမ်းမှာတော့ စတော်ဘယ်ရီ ပျိုးပင်လေးတွေ တွေ့ရလို့ အနားသွားပြီး ဓာတ်ပုံ သွားရိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing


ပျိုးပင်လေးတွေ ဆိုပေမဲ့လို့ တစ်ချို့အပင်တွေများဆို ပျိုးအိတ်တွေကနေတောင် မြေပေါ် မပြောင်းရွေ့ရသေးပေမဲ့ အသီးလေးတွေ သီးနေပါပြီ။ ဒီလို ပျိုးပင်လေးတွေကို အစောတုန်းက မြင်ခဲ့ရတဲ့ အတိုင်း မြောင်းဘောင်လေးတွေ ဖော်ပြီး ကာမှ မြေပေါ်မှာ ချပြီး စိုက်ပျိုးတာ ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ဒီလို ပျိုးပင်လေးတွေကို ရဖို့ အစေ့ကို စိုက်ရတာလား၊ ဘယ်လို စိုက်ရတာလဲလို့ အပင်တွေကို ပြုပြင်နေတဲ့ အစ်မကြီးတစ်ယောက်ကို စပ်စုကြည့်တော့ အစောတုန်းက ခြံတွေ မြောင်းဘောင်တွေနဲ့ စိုက်ထားတဲ့ အပင်တွေကို အသီးတွေ သီးပြီးတဲ့အခါ မနှုတ်ပစ်ဘဲ တစ်နွေလုံး ဒီအတိုင်းထားလိုက်ပါတယ်တဲ့။ မိုးရာသီရောက်ချိန်မှာတော့ အဲဒီအပင်တွေရဲ့ ဘေးနားမှာ အပင်ပေါက်လေးတွေ အတက်လေးတွေ ထွက်လာပါတယ်။ အဲဒီအခါကျတော့မှ ခုလို ပျိုးအိတ်လေးတွေထဲကို ခွဲယူစိုက်ပျိုးလိုက်ပါတယ်တဲ့။ ပျိုးအိတ်လေးထဲမှာတော့ သဘာဝ မြေသြဇာများဖြစ်တဲ့ နောက်ချေး၊ မြေဆွေးတွေ အချိုးကျ ထည့်ထားပါတယ်တဲ့။

Image Hosted by PicturePush - Photo Sharing

ဆောင်းရာသီရောက်တဲ့အခါမှာ မြေကြီးတွေကို ဆွပြီး မြောင်းတွေ ဘောင်တွေ ဖော်ပြီးတော့မှ ပျိုးအိတ်တွေကနေ မြေပေါ်ချပြီး စိုက်ပျိုးပြန်တာ ဖြစ်ပါတယ်လို့ အစ်မကြီးက ရှင်းပြပါတယ်။ စိုက်ထားတဲ့ စတော်ဘယ်ရီခင်းတွေကိုတော့ နေ့စဉ် ရေလောင်းပေးရပြီး တစ်ပတ်ကို တစ်ခါ မြေသြ ဇာတွေ ထည့်ပြီး ပေါင်းရှင်းပါတယ်လို့ ဆိုပါတယ်။ ကျွန်မရဲ့ စပ်စပ်စုစု မေးခွန်းတွေကို စိတ်ရှည်လက်ရှည် ဖြေပေးတဲ့ နာမည် မသိခဲ့ရတဲ့ အစ်မကြီးကို ကျေးဇူးအထူးတင်ပါတယ်။

Image Hosted by PicturePush - Photo Sharing

မနက်ခင်းမှာ စတော်ဘယ်ရီခင်းတွေကို ရေလောင်းနေသူ

Image Hosted by PicturePush - Photo Sharing

 ခြံရဲ့ အခြားတစ်ဖက်မှာ အပွင့်ဖြူဖြူ ချစ်စရာ အပင်လေးတွေ တွေ့တာကြောင့် အနီးကပ်ကြည့်မိတဲ့အခါ

Image Hosted by PicturePush - Photo Sharing

အဲဒီအပွင့်လေးနဲ့ အပင်ဟာ မက်မန်းပင်နဲ့ ပန်းပွင့်လေးတွေ ဖြစ်နေတာကို တွေ့ခဲ့ရလို့ ဓာတ်ပုံ ရိုက်ခဲ့ပါသေးတယ်
Image Hosted by PicturePush - Photo Sharing

ချယ်ရီပန်းနဲ့ အရောင်မတူပေမဲ့ ပုံသဏ္ဍာန်ချင်းတော့ ဆင်ဆင်တူပါတယ်။
Image Hosted by PicturePush - Photo Sharing

ခြံကြီးဟာ ဧကပေါင်းများစွာ ကျယ်ဝန်းပြီး ခြံရဲ့ ဟိုးအနောက်ဖက်မှာတော့ နွားတွေကို စနစ်တကျ မွေးမြူတဲ့နေရာ ရှိပါတယ်။ အဲဒီနေရာကိုတော့ မရောက်ဖြစ်ခဲ့ပါဘူး။ ဒီဇင်ဘာခြံဟာ နွားတွေကို ကိုယ်တိုင် မွေးပြီး နွားနို့ကို ကိုယ်တိုင်ညှစ်ကာ ဒီဇင်ဘာဆိုင်ခွဲတွေဖြင့် မြို့ထဲမှာရော၊ ကန်တော်ကြီး ဥယျာဉ်ထဲမှာပါ ရောင်းချပါတယ်တဲ့။ ဒီခြံကြီးကတော့ မြို့နဲ့ဖြင့် အနည်းငယ် (၇မိုင်နီးပါးခန့်) ဝေးတာကြောင့် တကူးတက သွားရောက်မှသာ ရောက်ဖြစ်မဲ့ နေရာပါ။ သို့ပေမဲ့လည်း ကျယ်ဝန်းသပ်ရပ်ပြီး လှပ သာယာတဲ့ ရှုခင်းတွေကို ကြည့်ရှုရင်း အေးအေးဆေးဆေး စားသောက်လိုသူများအတွက်တော့ စိတ်ကြည်နူးဖွယ် အလွန်ကောင်းတဲ့ နေရာတစ်ခု ဖြစ်မှာ အမှန်ပါ။ ပြင်ဦးလွင်ကို ရောက်ရင်ဖြင့် ဒီဇင်ဘာ ခြံကြီးထဲကိုလည်း အလည်အပတ် သွားရောက်ခဲ့ကြပါဦးလို့နော်။


Image Hosted by PicturePush - Photo Sharing

 ပြန်ပါဦးမယ် ဒီဇင်ဘာ။။ လှပတဲ့ ရှုခင်းနဲ့ စတော်ဘယ်ရီခင်းတွေအတွက် ကျေးဇူးပါ။


ချစိမိတ်ဆွေ ဘလော်ဂါများရဲ့ အိမ်( ဘလော့ဂ်)တွေဆီကိုလည်း မကြာခင်မှာ အလည်လာနိုင်အောင် ကြိုးစားပါ့မယ်နော်။ အားလုံးဘဲ ပျော်ရွှင် ကျန်းမာ စိတ်ချမ်းသာကြပါစေရှင်...
 

Image Hosted by PicturePush - Photo Sharing

No comments:

Post a Comment

 
Template by Spirit at Code Quirks.
Images by Marie Keiyou. ©2009