
တွေ့ဆုံပွဲတစ်ခုခုရှိလို့ သူငယ်ချင်းတွေတွေ့တဲ့ အခါ “ဟယ်၊ ညည်း ဝ လာလိုက်တာ” လို့ အပြောမခံချင်၊ ဝိတ်ချဖို့အတွက်ကလည်း ရက် တော်တော်နီးနေပြီဆို နောက်ဆုံးလက်နက်အနေနဲ့ ဒါလေးကိုသုံးနိုင်ပါတယ်။

V ပုံလည်ပင်း ကတြိဂံ ဇောက်ထိုးပုံစံ ရှူးသွားတာကြောင့် ကြည့်သူအမြင်မှာ ရင်ချီပြီး ခါးကိုသေးစေပါတယ်။

အတွန့်လေးတွေပါတဲ့ ပဝါဆန်ဆန် ကာတီဂန်နဲ့ မမြင်စေလိုတဲ့ ကောက်ကြောင်းကို ကွယ်ထားနိုင်ပါတယ်

ရင်ဘက်အောက်နားနေရာဟာ ခန္ဒကိုယ်ပြည့်တဲ့ သူတွေအတွက် အသွယ်ဆုံးနေရာဖြစ်တာကြောင့် ခါးပတ် ဒါမှမဟုတ် ကြယ်သီးတပ်ထားလိုက်ရင် ခါးရှိတဲ့ အမြင်ဖြစ်စေမှာပါ။


ခါးမြင့် စကတ်နဲ့ဘောင်းဘီတွေမှာ ခါးလိုင်းက တကယ့် ခါးနေရာရဲ့ အထက်မှာ ရှိတာကြောင့် ကခြေထောက်ကို ရှည်စေပြီး ခါးထွက်လာစေပါတယ်။
စကတ်အရှည်ဝတ်တာက ပေါင် မသွယ်တာကို လူတွေမသိစေပဲ ခြေထောက်လှလှလေးကို ပေါ်စေမှာပါ။
ဘောင်းဘီအတွက်ဆို သိပ်ကျပ်လွန်းတာတွေ မဝတ်တာကောင်းပါတယ်။
လေးတဲ့ ပိတ်စသားနဲ့ချုပ်ထားတဲ့အဝတ်တွေက ပွတာတို့ တစ်ရစ်ထွက်တာမျိုး မရှိစေတဲ့အပြင် လှုပ်ရှားတိုင်း ကိုယ်နဲ့တသားတည်း ဖြစ်စေပါတယ်။
ဒီလို တစောင်းပတ်ထားတဲ့ အကျီမျိုးက အချိုးစားအမြင်ကို ပြောင်းပေးတာကြောင့် သိသိသာသာပိန်စေမှာပါ။

ရင်နားမှာရှိတဲ့ အတွန့်လေးတွေက ကြည့်တဲ့သူ ရဲ့ အာရုံကို ဗိုက်သားနဲ့တင်ပါးတွေဆီ မရောက်အောင် ထိန်းထားပေးနိုင်ပါတယ်။


ဆောင်ရန်လေးတွေက -
1) အရောင် ရင့်ရင့်၊ ဒေါင်လိုက်စင်း —> လူကိုပိန်စေပါတယ်။
2) အရပ်ကိုပိုပြီး ရှည်တယ်ထင်ရအောင် အရောင်ကို အပေါ်အောက်ဝမ်းဆက် ဝတ်ပါ။
3) ဒေါက်မြင့်ဖိနပ် —> စီးဖူးသူတိုင်းသိကြမှာပါ။ ခါးထွက်စေတယ်လေ။
4) မမြင်စေချင်တာလေးတွေ ဖုံးဖိဖို့ ပိုက်ဆံအိတ်/ လက်ပွေ့အိတ် လှလှလေးတစ်လုံး လိုပါမယ်။
5) ဖန်စီ ဆွဲကြိုးအရှည်လေးတွေ ဝတ်တာကလည်း Vလည်ပင်းပုံ လိုမျိုး အမြင် ဖြစ်စေနိုင်ပါတယ်။
6) အောက်မှာ ကော့ဆက် ခံဝတ်လို့လည်းရပါတယ် (နည်းနည်းတော့ နေရခက်တာပေါ့နော်)။
ဖတ်ဖူးတာလေးတွေကို စုစည်းပြီးဝေမျှလိုက် တာပါ။ စာဖတ်သူပျိုမေတွေ အဆင်ပြေကြရဲ့လားမသိ။ “ပြီးပြည့်စုံအောင် စတိုင်လ်ကျတဲ့ မိန်းကလေးဆိုတာ၊ မလှတဲ့ အစိတ်အပိုင်းကို ကွယ်တတ်ပြီး၊ လှတဲ့ အစိတ်အပိုင်းကို လူမြင်သာအောင် လုပ်နိုင်တဲ့သူသာဖြစ်ပါတယ်” တဲ့။
ပျိုမေတွေ လှသည်ထက်လှနိုင်ကြပါစေ။
No comments:
Post a Comment