1.3.12

အမျိုးသမီးတို့အတွက်ဖက်ရှင်

Stylish Evening Dress


မိန်းမ တစ်ယောက်ရယ်လို့ ဖြစ်လာရင် သူဟာ သူ့ရဲ့ အလှအပ အတွက် တစ်နေ့မှာ အနည်းဆုံး နာရီဝက်ကနေ သုံး၊ လေး နာရီလောက်ထိ အချိန်ပေးရပါလိမ့်မယ်။ (တစ်ထိုင်တည်း အချိန်ကြာကြာ အလှပြင်မှ မဟုတ်ပါဘူး။ တစ်နေ့မှာ မှန်ကြည့်တာ၊ ခေါင်းဖြီးတာ စတာတွေကိုလည်း အလှပြင်တာလို့ မှတ်ယူပါတယ်)။ ဒီဘက်ခေတ်က မိန်းကလေးတွေကတော့ အလှအပထက် စတိုင်လ်ကို အသားပေး ပြင်ဆင်လာကြတာ တွေ့ရပါတယ်။ စတိုင်လ်ရှိမှ စတားဖြစ်မယ် ဆိုသလိုပေါ့ရှင်။ ဒီဘက်ခေတ်က အမျိုးသမီး လုပ်ငန်းရှင်တွေ၊ မိန်းမပျိုလေးတွေ၊ မော်ဒယ်လ် အစရှိသူတွေဟာလည်း လှဖို့ထက် စတိုင်လ်ကျဖို့ကို ပိုဦးစားပေး ပြင်ဆင်လာ ကြတယ် မဟုတ်လား။ နောက်ပြီးတော့ အမျိုးသမီး တွေအတွက် ပွဲတက်ဖက်ရှင် ဆိုတာလည်း အရေးကြီးလို့ လာပြန်ပါတယ်။ ဒင်နာသွားတာ၊ မိတ်ဆုံစားပွဲ သွားတာ၊ ဧည့်ခံပွဲ အစရှိတာတွေကိုလည်း လူမှုရေးအရ သွားလာနေရတော့ အဲဒါတွေအတွက် ၀တ်ဖို့ စားဖို့ကိုလည်း အရေးတစ်ကြီး ပြင်ဆင်ရပါသေးတယ်။ ကျွန်မ သတိထားမိသလောက် မြန်မာနိုင်ငံမှာသာမက၊ ကမ္ဘာပေါ်မှာပါ နောက်ပိုင်း ပွဲတက်ဖက်ရှင်တွေဟာ ဂါဝန်တွေပဲ ဖြစ်လာတာကို တွေ့ရပါတယ်။ အဲဒီတော့ ကျွန်မလည်း ကိုယ်ကြိုက်နှစ်သက်တဲ့ ဂါဝန်လေးတွေ အ၀တ်အစားလေးတွေ တွေ့ရင် ငါလည်း ပွဲတက်ရင် ဒီလိုဝတ်သွားမယ်လို့ စိတ်ကူးမိဖူးပါရဲ့။ ဒီဇိုင်းတွေကမိုက်၊ cutting တွေကလှ၊ အဲ ဈေးကလည်း မိုက်မှမိုက် ပါပဲ။ ခု ဖော်ပြထားတဲ့ ပုံလေးတွေကတော့ ကျွန်မ နှစ်သက်မိတဲ့ စတိုင်လ်လေးတွေကို ဖော်ပြထားတာပါ။ လူတစ်ယောက် အကြိုက် တစ်မျိုးပေါ့နော်….
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket

Fashion Sense of Women

Fashion Sense of Women
ကျွန်မတို့ လူသားတွေအသက်ရှင်နေထိုင်လာခဲ့တဲ့ ကာလတစ်လျှောက်မှာ အမျိုးမျိုးသော ဖက်ရှင်ရေစီးကြောင်းတွေနဲ့ တွေ့ကြုံရင်ဆိုင်လာခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲလာတဲ့ ဖက်ရှင်ကို လိုက်လျောညီထွေ နေထိုင်ခြင်းဟာလည်း နေ့စဉ် Lifestyle တွေထဲက မရိုးနိုင်တဲ့ ပြောင်းလဲခြင်း တစ်ခုပဲဖြစ်ပါတယ်။ လူတွေရဲ့ ဖက်ရှင်ပြောင်းလဲမှုဟာ ခေတ်အလိုက်သာမက အသက်အရွယ်အလိုက် လူတန်းစားအလိုက် ကွာဟမှုရှိတာလည်း တွေ့ရပါတယ်။ ကဲ ဒီနေ့ခေတ်မှာ ရွေးချယ်ဝတ်စားနေကြတဲ့ ဖက်ရှင်တွေ ဘယ်နှစ်မျိုးလောက်ရှိလဲဆိုတာ လေ့လာကြည့်ရအောင်နော်။ Style Sleekers
Photobucket
ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချမှုရှိတဲ့ ဟန်ပန်မူယာတွေနဲ့ စတိုင်လ်ကို ဖော်ဆောင်တဲ့ နေရာမှာလည်း အတွေ့အကြုံရှိတဲ့ သူမျိုးတွေပဲဖြစ်ပါတယ်။ ဘယ်လိုနေနေ လုံးဝ Smart ဖြစ်အောင် နေထိုင်တတ်တဲ့ သူမျိုးတွေပဲပေါ့။ သူတို့တွေဟာ ခေတ်ကိုမျက်ခြေပြတ်မခံတဲ့ သူမျိုးတွေ ဖြစ်ပြီး ဖက်ရှင်ကျကျနေရတာလည်း နှစ်လိုတဲ့သူတွေပါ။ ဒါပေမယ့် Fashion Trend တိုင်းကို လိုက်လံတုပ ၀တ်ဆင်တာမျိုးတော့ မဟုတ်ပြန်ပါဘူး။ ခေတ်မီတယ်၊ ဖက်ရှင်ကျတယ်၊ မိန်းမဆန်တဲ့ ဆိုတဲ့ အချက်အလက်တွေ နဲ့ပြည့်စုံနေသူမျိုးပေါ့။ သူတို့တွေဟာ shopping ထွက်ရတာကို နှစ်သက်တတ်ကြပြီး၊ stylish and smart ဆိုတာကတော့ မွေးရပါ talent အဖြစ်ပါလာတတ်ကြသူတွေပေါ့။
Trendy Comfy Casuals (Key Target)
Photobucket
သူတို့လေးတွေ အဓိကဦးစားပေး ရွေးချယ်တဲ့ စတိုလ်မျိုးကတော့ သက်တောင့်သက်သာရှပြီး လွတ်လွတ်လပ်လပ်နေလို့ရတဲ့ စတိုင်လ်မျိုးပဲဖြစ်ပါတယ်။ ဒါပေမယ့်သူတို့တွေဟာလည်း Fashionable clothes and shoes တွေကို စိတ်ဝင်တစ်စားရှကြပါရဲ့။ သူတို့တွေရဲ့ကြိုက်နှစ်သက်မှုကတော့ Casual Fashion ပဲဖြစ်ပါတယ်။ သူတို့တွေရဲ့ Lifestyle ကို အ၀တ်အစားတွေကနေတစ်ဆင့် ပြသရတာ ကျေနပ်ကြသူရယ်ပါ။ အ၀တ်အစားနဲ့ ပတ်သက်လို့ ကိုယ့်ကိုကိုယ် ယုံကြည်ချက်အပြည့် ရှိကြပြီး သူတို့ကိုကြည့်လိုက်ရင်လည်း အမြဲတမ်း comfort ဖြစ်နေသလိုပါပဲ။
Comfy Casuals
Photobucket
သူတို့တွေကတော့ လွပ်လပ်မှုကို ဦးစားပေးတဲ့ သူမျိုးတွေပေါ့။ သက်တောင့်သက်သာ နဲ့ အလွယ်တကူ ၀တ်ဆင်လို့ရတဲ့ သာမန်မ၀တ်တွေကိုပဲ နှစ်သက်ကြသူတွေပါ။ သူတို့တွေဟာ ဖက်ရှင်တွေကို သိပ်စိတ်ဝင်စားမှု မရှိကြသလို Brand စွဲလည်း မရှိကြတဲ့ သူမျိုးပါ။ ဒါပေမယ့် ဖြစ်သလိုနေထိုင်တတ်ကြတဲ့ သူမျိုးတွေလည်း မဟုတ်ပြန်ပါဘူး။ ဘယ်နေရာကိုမဆို ထသွား ထလာဝတ်ဆင်လို့ရတဲ့ စတိုင်လ်မျိုးကိုပဲ နှစ်သက်ကြတဲ့ သူမျိုးတွေပေါ့ရှင်။
Younger Classics
Photobucket
သူတို့တွေကတော့ သွားမယ့်နေရာအလိုက် အ၀တ်အစားတွေ ဖက်ရှင်တွေ ပြောင်းလဲ တတ်သူမျိုးပေါ့။ Style, quality ဆိုတာမျိုးကို သေချာဂရုစိုက်တတ်သူမျိုးတွေ ဖြစ်ပြီး၊ ဖက်ရှင်တွေကိုလည်း အမျိုးမျိုးပြောင်းနေဖို့ နှစ်သက်သူတွေပေါ့။ ဥပမာ. အ၀တ်အစားအတွက်ဆိုရင်လည်း ကိုယ်ကြိုက်နှစ်သက်တဲ့ အရောင်တွေချည်းပဲ ၀တ်ဆင်နေတတ်တာမျိုး မဟုတ်ပဲ၊ အရောင်အသွေးစုံ ကာလာစုံပြောင်းလဲ ၀တ်ဆင်သူမျိုးပေါ့။ ၀တ်စားထားတဲ့ ၀တ်စုံမျိုးနဲ့ လိုက်ဖက်တဲ့ Fashion Accessories တွေကိုလည်း တွဲဖက်ဝတ်စားတတ်သူတွေပါ။
Classics (Aged 45+)
Photobucket
သူတို့ရဲ့ နေထိုင်ဝတ်စားမှုပုံစံဟာ သူတို့တွေရဲ့ Personality ကိုထင်ဟပ်စေပါတယ်။ ထသွား ထလာ အ၀တ်မျိုးကို ၀တ်ဆင်ချိန်မှာတောင် သပ်ရပ် သပ်ရှင်းအောင် ၀တ်တတ်သူမျိုးတွေပေါ့။ သူတို့တွေဟာ traditional and classic fashion မျိုးကိုစိတ်ဝင်စားတတ်ကြပြီး၊ ဖက်ရှင်ထက် quality ကိုအသားပေးတတ်ကြသူမျိုးတွေပေါ့။ သူတို့ရဲ့ အ၀တ်ဗီဒိုတွေထဲမှာလည်း အပေါ်အောက် လိုက်ဖက်တဲ့အ၀တ်အစားတွေကို အမြဲတွဲလျက်ထားတတ်ကြပါတယ်။ အ၀တ်အစားတွေကိုလည်း အရမ်းဂရုစိုက်တတ်ကြပြီး သပ်ရပ် သန့်ရှင်းမှုကိုလည်း အလေးပေး ဆောင်ရွက်တတ်ကြပါသေးတယ်။
ဒီလိုမျိုးလူတွေ မဟုတ်ပဲ ဖိုသီ ဖတ်သီ ဖြစ်သလိုဝတ်စားတတ်ကြတဲ့ သူမျိုးကိုလည်း ကျွန်မတို့တွေ တွေ့ဖူးကြမှာပါ။ ဒီလိုလူတွေကို တွေ့မြင်တဲ့အခါ သူတို့တွေ အပေါ်မှာ ကျွန်မတို့ ဘယ်လိုသဘောထားလေ့ရှိပါသလဲ။ လူတစ်ယောက်ရဲ့ တန်ဘိုးဟာ စိတ်ဓါတ်ကိုကြည့်ပြီး အကဲဖြတ်တာ ဖြစ်ပေမယ့်လို့ လူတွေနဲ့ဆက်ဆံရတဲ့ အခါမှာ မြင်တွေ့ရတဲ့ First Impression ဆိုတာကိုလည်း ထည့်မတွက်လို့မရပါဘူး။ ဘယ်လောက်ပဲ ရိုးသားတဲ့၊ ကောင်းမွန်တဲ့ စိတ်ဓါတ်ရှိနေပါစေ သင့်တော် ကောင်းမွန်တဲ့ ဖက်ရှင်မျိုးကို ရွေးချယ်မ၀တ်တတ်ဘူးဆိုရင် ကျွန်မတို့အနေနဲ့ လူဝင်ဆန့်မှာ မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချမှု အပြည့်ရှိစေဖို့၊ လူတကာကြားမှာ စူပါစတားဖြစ်အောင်နေဖို့ Fashion ဆိုတာလည်း ဂရုစိုက်ရမယ့် အချက်ထဲမှာ တစ်ချက်အပါအ၀င် ဖြစ်တယ်ဆိုတာ စာဖတ်သူရော လက်ခံလိမ့်ထင်ပါတယ်ရှင့်။

Wedding Hair Styles

Wedding Hair Styles
မင်္ဂလာဆောင်တွေလည်း များလာ၊ မင်္ဂလာ ရာသီလည်း ရောက်လာပြီဆိုတော့ မင်္ဂလာ ဆောင်ကြမယ့် မမတွေအတွက် wedding hair styles လှလှလေးတွေကို စုဆောင်းရသေလောက် ဖော်ပြ ပေးလိုက်ပါတယ်ရှင်……
Photo Sharing and Video Hosting at Photobucket
Photo Sharing and Video Hosting at Photobucket
Photo Sharing and Video Hosting at Photobucket
Photo Sharing and Video Hosting at Photobucket
Photo Sharing and Video Hosting at Photobucket
Photo Sharing and Video Hosting at Photobucket
Photo Sharing and Video Hosting at Photobucket

No comments:

Post a Comment

 
Template by Spirit at Code Quirks.
Images by Marie Keiyou. ©2009