ပျိုမေတို့တစ်ဘဝလုံး လက်တွဲမယ့် အိမ်မက်ထဲက သူရဲကောင်းကို
ရှာတွေ့ထားပါပြီလား? သူ့အတွက် ကိုယ်က
ချစ်သူကောင်းတစ်ယောက်ဖြစ်အောင် နေထိုင်ရင်းနဲ့ သူ့ကို
ဘယ်လောက်ချစ်တယ်ဆိုတာကို ဖော်ပြလိုက်ပါ..
သူ့ အပေါ် ရိုးသားပွင့်လင်းပါ*
မိမိကိုယ်ကို ရိုးသားသလိုပဲ သူ့အပေါ်မှာ အလိမ်အညာကင်းနိုင် ဖို့
အရေးကြီးပါတယ်။ ကိစ္စတစ်ခု အပေါ် မလိုပဲ ဇီဇာကြောင်ခဲ့ရင်ပဲဖြစ်ဖြစ်၊
အမှားတစ်ခု လုပ်ခဲ့ရင်ပဲဖြစ်ဖြစ် ကိုယ့်အမှားကို ဝန်ခံဖို့ ဝန်မလေးပါနဲ့။
သူနဲ့ပတ်သက် စိတ်ထိခိုက်စရာ ကြုံတယ်ဆိုရင် သူ့ လုပ်ရပ်ကို
စွပ်စွဲအပြစ်တင်မယ့်အစား သင့်ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းဖွင့်ဟ
ပြောပြနိုင်ဖို့အရေးကြီးပါတယ်။ သူ တကယ်ချစ်ရင် ကိုယ်ချင်းစာ
ပြုပြင်လာပါလိမ့်မယ်။
အကောင်းမြင်တဲ့ သဘောထား*
အနားမှာနေပြီး သူ့အားနည်းချက်တွေအပေါ် ဝေဖန်လိုက်၊ သူ့သိက္ခာ ကို ထိခိုက်တဲ့ စကားတွေပြောလိုက် ဆိုရင် သင်မှန်နေပါစေဦးတော့ ဘယ်သူက သင့်နားမှာရှိချင်မှာလဲ။ သူက သင့်ချစ်သူမို့လို့ ဆိုပြီး အမြဲတမ်း ထောက်ခံရမယ်လို့လဲ မဆိုလိုပါဘူး။ အကင်းပါးခြင်း၊ နဲ့အလိုက်သိခြင်း တွေက ရင့်ကျက်တည်ငြိမ်တဲ့ အချစ် တည်ဆောက်ရာမှာ အတွက် မရှိမဖြစ် အရေးပါတဲ့ သော့ချက်တွေ ပါ။ ပျော်ပျော်ရွှင်ရွှင်နဲ့ အကောင်းမြင်တဲ့ချစ်သူကို အာဒမ်တိုင်း သဘောကျကြတာပါပဲ။
သင်ဖြစ်ချင်တာ၊ ထင်မြင်တာ၊လိုအပ်တာတွေ ကို ပေးသိပါ။*
သူ့ကို အမြဲ စိတ်ချမ်းသာအောင်ထားဖို့ လူဖြစ်လာတာမဟုတ်သလို၊ အမြဲတမ်း
စိတ်ချမ်းသာအောင် ထားပေးနိုင်ဖို့ ဆိုတာလည်း မဖြစ်နိုင် ပါဘူး။
သင့်လိုအပ်ချက်တွေ၊ ဖြစ်ချင်တာတွေ ပြောပြတာဟာ သူ သင့်ကို ပိုသိလာ
နားလည်လာနိုင်ဖို့ အခွင့်အရေးပါပဲ။ မှတ်ထားရမှာတော့၊ သူ့ထင်မြင်ယူဆချက် ကို
စွက်ဖက်တာမလုပ်ပဲ ကိုယ့်သဘောထားကို အေးအေးဆေးဆေး ပွင့်ပွင့်လင်းလင်း
ပြောပြနိုင်ရမှာပါပဲ။
သူစိတ်ဝင်စားတဲ့အရာတွေ ကို စိတ်ဝင်စားပါ။*
သူ စိတ်ဝင်စားတဲ့အကြောင်းတွေနဲ့ သူ့ဝါသနာတွေကို
သိအောင်ကြိုးစားပါ။ သူကြိုက်တဲ့အရာတွေကို လိုက်ကြိုက် ခိုင်းတာမဟုတ်
ပေမယ့်၊ သူဘာကြောင့် နှစ်သက်သလဲ လောက်တော့ သိထားဖို့လိုပါတယ်။ သူ
ဖိစီးမှူတွေ များလာတဲ့အခါ သူကြိုက်တတ်တဲ့ဟာလေးတွေကို
အတူတူလုပ်ရင်းကူညီပေလို့ရတာပေါ့။
အမှတ်တရတစ်ခုခုလုပ်ပေးပါ။*
သင့်အငွေ့အသက်လေးတွေပါတဲ့ အရာတစ်ခုခု, စက္ကL နဲ့လုပ်ထားတဲ့ပန်းပဲဖြစ်ဖြစ်၊
အသည်းပုံလေးပဲဖြစ်ဖြစ်ပါ။ သင် ပေးထာတာလေးတွေ မြင်တိုင်း သင့်ကို
သတိရအောင်ပေါ့။ သင့်ချစ်သူက သီချင်းကြိုက်တတ်တယ်ဆိုရင် ကိုယ်တိုင်
သီချင်းတွေ သူအတွက်ရွေးထာတဲ့ စီဒီ ကိုလက်ဆောင်ပေးလို့ရသလို သင့်ချစ်သူကို
သီချင်းဆိုပြပါ။ သူ့ တစ်သက်တာ အမှတ်ရနေမှာပါ။
သူ့ဘဝ သူ ပိုင်ပါစေ*
ပျိုမေတွေ တိုင်းဟာ သူ့ အာဒမ်ရဲ့ ဂရူစိုက်မှုနဲ့အချိန်တွေကို
ကိုယ်တစ်ယောက်ထဲပိုင်ချင်တဲ့ သူ ချည်းပါပဲ။ ဒါပေမဲ့ အလွန်အကျွံကြီး
ဆိုရင်တော့မကောင်းဘူးပေါ့နော်။ သူ့ကိုတခါတလေ လွတ်လွတ်လပ်လပ်
သူငယ်ချင်းတွေနဲ့ ပေးသွား ပါ။ ချုပ်ခြယ်လွန်းတဲ့ချစ်သူ မဖြစ်ပါစေနဲ့ ။
သင်တို့က အတွဲဆိုပေမယ့် လူနှစ်ယောက်ပါပဲ။ အရာရာတိုင်း မှာ သင့် ကို
လိုအပ်ချင်မှ လိုအပ်မှာပါ။ သူ့နေရာလေး ကိုတော့ သူ ပိုင်ပါစေ။ ဒါပေမယ့်
သူလိုအပ်ချိန်တိုင်းမှာ သင် အမြဲတမ်းရှိနေမှာကို တော့ သူသိအောင်
ပြောပြထားပါ။
သင်ဟာ သင် ပဲ ဖြစ်ပါစေ*
သူအထင်ကြီးအောင် လိမ်ညာတာ၊ သူ ကိုယ့်ကို သဝန်တိုအောင် ကြိုးစားတာ တွေဟာ
အယူအဆမှားတွေပါ။ အကယ်၍ ဒါတွေကို မလုပ်မဖြစ်လုပ်ရမယ့် အရာတွေလို့ထင်ရင်၊ သင်
အချစ်ဆို တာ ကို တကယ် နားမလည် သေး ပါဘူး။ ကိုယ်နဲ့ပတ်သက်ပြီး သူ့ကို
ရိုးသားပွင့်လင်းစွာပြောပြထားပါ။
ပျိုမေ နှင့် ဆွဲဆောင်မှု
သင့်ရုပ်ရည်နဲ့ပတ်သက်ရင် ယုံကြည်မှူ အပြည့်ရှိပါ။ သင်သာ သူ့အတွက်
စွဲဆောင်မှုရှိလို့သာ သင်တို့ချစ်သူတွေဖြစ်နေကြတာပေါ့။ ကိုယ့်ကိုယ်ကို
ယုံကြည်မှုရှိတဲ့တာက ကိုယ်တွင်းမှာ သံလိုက်ဓာတ် ရှိသလို ပါပဲ။
ဦးဆောင် ခိုင်းပါ *
ပုရိသ ဆိုတဲ့အမျိုးဟာ ရှေးရှေးကတည်းက မိသားစုကို ဦးဆောင်ဦးရွက်ပြုလာတဲ့
သူတွေပီပီ သူတို့ဟာ အရာရာကို ဦးဆောင်ချင်ကြတယ်။
သူတို့ချစ်တဲ့သူကိုလည်း သူတို့ကို အားကိုးစေချင်ကြတယ်။
စားသောက်ဆိုင်မှာပဲဖြစ်ဖြစ် ပိုက်ဆံရှင်းတယ်ဆိုရင် လု ရှင်းတာမျိုး မ
လုပ်ပါနဲ့။ အဲဒီလိုလုပ်တာဟာ၊ သင် သူ့ကိုမလိုအပ်ဘူးလို့ ထင်
သွားစေနိုင်ပါတယ်။
သိသလောက်၊ ဖတ်ထားသလောက်လေးတွေ တင်ပေးလိုက်ပါတယ်။ ကျွန်မလည်း ကျွန်မရဲ့
အာဒမ် အတွက် ကြိုးစားနေဆဲပါ။ (တစ်ခါတစ်လေ၊ မှားမှန်းသိရက်
မပြင်နိုင်တာခက်တယ်နော်)
စာဖတ်သူ ပျိုမေတွေလည်း အာဒမ် သိပ်ချစ်တဲ့ ချစ်သူကောင်း ဧဝ ဖြစ်နိုင်ကြပါစေ။
မှတ်ချက်။ ။ အသစ် မတင်ဖြစ်တာနဲ့ ဘလော့လေးကို လူမသိခင်တုန်းက ရေးခဲ့တဲ့ ပို့စ်လေးကို ဆားချက် လိုက်ပါတယ်။ အသုံးဝင်မယ်လို့ ထင်ပါတယ်ရှင်။
No comments:
Post a Comment