28.2.12

ကောသလအိပ်မက် ၁၆ ချက်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ခန့်က ဘုရားရှင် လက်ထက်တော်မှာ ကောသလမင်းကြီးက အိပ်မက် ၁၆ချက် မက်တော့ ဘုရားရှင်ထံ မေးမြန်းရာ ဘုရားရှင်က ပြန်လည်ဖြေကြားတော်မူခဲ့ပါတယ်။ အဆိုပါ အချက် ၁၆ချက်က နောင်အနာဂတ်မှာ ဖြစ်ပေါ်လာမယ်လို့ ဆိုပါတယ်။

အဆိုပါ ၁၆ ချက်ကတော့ .  . .ကောသလအိမ်မက် ၁၆-ချက်

(၁) အမေး။ နွားနက်လေးခု၊ ဝှေ့မှုဟန်ပြင်၊ မဝှေ့ကြဘဲ၊ ရှောင်လွဲသည်မြင်။ အရပ်လေးမျက်နှာမှ လေးခုသော နွားလားဥဿဘတို့သည်လာလတ်၍ မင်းရင်ပြင်၌ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ဘဲသာလျှင် ဖဲလေကုန်သည်ဟုမြင်မက်ပါသည်။

အဖြေ။ အရှေ့အနောက်၊ တောင် မြောက် မိုးဆင်၊ ခြိမ်းသံပေး မိုးဝေးလွင့်ပျောက်စင်။ နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည်ရွာအံ့သကဲ့သို့ ထစ်ကြိုးလျက် မရွာဘဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါးငတ်မွတ်ခြင်းဖြစ်လတ္တံ့။

(၂) အမေး။ မြေကမကြွ၊ ငယ်လှသစ်ပင်၊ ဖူးငုံရင့်ပြီး၊ ပွင့်သီးတွေ့မြင်။ နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြသီးကြသည်ကို မြင်မက်ပါသည်။

အဖြေ။ အရွယ်မမျှ၊ ပျိုမ လုံခင်၊ သမီးသား၊ လင်ထား အိမ်ထောင်ဆင်။ နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျားမိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင်အိမ်ထောင်ပြုခြင်း၊သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။

(၃) အမေး။ ယနေ့ဖွားစ၊ နွားမနို့သာ၊ မိခင်နွားကြီး၊ စို့ပြီးနေရှာ။  နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။

အဖြေ။ သမီးနှင့်သား၊ စီးပွားဆိုင်ရာ၊ မိနှင့်ဖ၊ ကျွေးမှစားရမှာ။ နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမစသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီးသားမက်ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။


(၄) အမေး။ နွားကြီးမကြိုက်၊ ဝန်တိုက်နွားယေ်၊ မရုန်းနိုင်ဘဲ၊ ဝပ်လဲနေတယ်။ လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကိုမနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာမတတ်နိုင်သည်ကို မြင်မက်ပါသည်။

အဖြေ။ ကြီးသူပယ်ရှား၊ မြှောက်ထားလူငယ်၊ တိုင်းပြည်ရေး၊ ရှုပ်ထွေးပွေတော့မယ်။ နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သောသူတို့အား အမတ်၊ တရားသူကြီး စသောရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့်အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့ ။


(၅) အမေး။ ခံတွင်းနှစ်ခွ၊ မြင်းလှရာဇာ၊ ကျွေးမွေးသမျှ၊ မဝနိုင်ပါ။  ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကိုခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။

အဖြေ။ မှူးမတ်မင်းစိုး၊ လာဘ်ထိုးသူရှာ၊ နှစ်ဘက်စား၊ တရားစီရင်မှာ။ နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကိုစား၍ အမှုတို့ကိုမမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။

(၆) အမေး။ခွေးအိုထံဆက်၊ ရွှေခွက်သိန်းတန်၊ ကျင်ငယ်အမြဲ၊ ခွက်ထဲစွန့်ပြန်။  အဖိုးတစ်သိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။

အဖြေ။ မျိုးမြတ်သမီး၊ ပစ္စည်းမက်ဟန်၊ အမျိုးယုတ်၊ လင်လုပ်ပေါင်းဆက်ဆံ။ နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည်အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝချမ်းသာကြလတ္တံ့။ ထိုအခါအမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည်ဖြစ်၍ မိမိတို့သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍အသက်မွေး ကြကုန်လတ္တံ့။

(၇) အမေး။ ရှေ့ကကျစ်ချ၊ လွန်စကြိုးကို၊ ခွေးမခိုးစား၊ ကိုက်ဝါးကာမျို။
အဖြေ။ လင်ကြီးပစ္စည်း၊ သိမ်းဆည်းမသို၊ လင်ငယ်အား မယားလောကွတ်ပို။

(၈) အမေး။ အိုးငယ်ချည်းနှီး၊ အိုးကြီးရေလျှံ၊ အိုးကြီးကိုဘဲ၊ ရေဆွဲလောင်းပြန်။ ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တစ်လုံးကိုမြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီးအတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသောအခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကိုမြင်မက်ပါသည်။

အဖြေ။ ဆင်းရဲသူများ၊ ဝတ်စားမကျန်၊ အခွန်တွက်၊ နှိပ်စက်ငွေကောက်ခံ။ နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါမင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ့။ ထမ်းရွက်စေအံ့။ သို့ဖြစ်ရကား မင်းတို့၌သာပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာတစုံတရာ မရှိငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။

(၉) အမေး။ ကြာမျိုးငါးဝ၊ ပွင့်ကြရေကန်၊ ရေလယ်နောက်လျက်၊ ကမ်းဘက်ကြည်ပြန်။ နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တစ်ခုတွင် သတ္တဝါတို့ ဆင်း၍ရေသောက်ကြ၏။ ကန်၏ အလယ်ရေနက်ရာ ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာသတ္တဝါတို့ နင်းရာ၌ ရေသည်ကြည်လင်၏ ဟု မြင်မက်ပါသည်။

အဖြေ။ မြို့တွင်းပွေရှုပ်၊ ခွန်တုတ်ကောက်ခံ၊ မြို့ပြင်ထွက်၊ ပြည့်နှက်စည်ကားရန်။ နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ်ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူးအပြားပြားသော အချင်းအရာဖြင့်အခွန်အတုတ်တို့ကို ခွဲခန့်ကောက်ယူလတ္တံ့။ ထိုအခါလူတို့မှာ တစ်စုံတစ်ရာမပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက်မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန်ပြည်နားသို့ သွားရောက်နေကြရသည်ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။

(၁ဝ) အမေး။ တစ်အိုးတည်းချက်၊ အကျက်မညီ၊ ထမင်းမာဆတ်၊ ပျော့နပ်သုံးလီ။ တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။
အဖြေ။ မင်းနှင့်လူများ၊ တရားမညီ၊ မိုးသုံးစား၊ ကွက်ကြားရွာချမည်။ နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါအချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံပျက်အံ။ အချို့နေရာ၌မရွာ၍ပျက်အံ။ အချို့နေရာတွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံသုံးထွေ ပြားလတ္တံ့။

(၁၁) အမေး။ မွှေးထုံနဲ့ကြူး၊ စန္ဒကူးသိန်းတန်၊ ပုန်းရည်နှင့်လဲ၊ သုံးစွဲစားပြန်။
အဖြေ။ အလဇ္ဇီများ၊ တရားဖိုးတန်၊ ငွေနှင့်လဲ၊ အမြဲဟောမည်မှန်။

(၁၂) အမေး။ သံကြေးမပေါင်း၊ ဘူးတောင်း ဘူးအုံ၊ ရေတွင်စုပ်စုပ်၊ နစ်မြုပ်လုံးစုံ။  ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။
အဖြေ။ ပညာရှိများ၊ စကားဥဿုံ၊ ပြောသမျှ၊ လောကမသုံးကုန်။ နောင်သော်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူးစည်းစိမ်ပေးသည်ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုးအာဏာကြီးမား ထင်ပေါ်အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့နစ်၍ တည်ကုန်လတ္တံ့။

(၁၃) အမေး။ အိမ်လုံး တောင်လုံး၊ ကျောက်တုံးကျောက်ဖျာ၊ ရေမှာဘွားဘွား၊ ထင်ရှားပေါ်လာ ။ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။
အဖြေ။ ရဟန်းရှင်ဆိုး၊ လူဆိုးများသာ၊ ဂုဏ်ရောင်တိုး၊ တန်ခိုးပေါ်ထွက်မှာ။ နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည်ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။



(၁၄) အမေး။ အဆိပ်ပြင်းတောက်၊ြေ>ွမဟောက်ကြီးကို၊ ဖားငယ်မများ၊ ကိုက်ဝါးကာမျို။ ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။ နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည်ဖြစ်၍ ကိလေသာ အလိုသို့လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝလိုက်ကြကုန်လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသောအရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကိုပြုကြမည် ဖြစ်ရကားဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။
အဖြေ။ ကညာယူထား၊ သက်ကြားဘိုးအို၊ မယားဆဲ၊ အမြဲအော်ငေါက်ဆို။

(၁၅) အမေး။ အဆင်းမည်းနက်၊ ကျီးငှက်ထံမှာ၊ ရွှေဟင်္သာများ၊ ခစားနေရှာ။
အဖြေ။ ပညာသီလ၊ ပြည့်ဝသူဟာ၊ သူယုတ်အား၊ ဝပ်တွားနေရမှာ။

(၁၅)မေး။ မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာတို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။
အဖြေ။ သူယုတ်မာများ၊ထောင်လွှားနိုင်ငံ၊သူတော်ကောင်းပုန်းအောင်းတောမြိုင်ယံ။ နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီးစသောအတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါတိုင်းပြည် နိုင်ငံဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသားတို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုးယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။

(၁၆) အမေး။ ဆိတ်ကိုမြင်ငြား၊ ကြောက်အားပြင်းထန်၊ ခြင်္သေ့သစ်ကျား၊ ခုန်လွှားပြေးပြန်။ ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက်ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောတာချုံ ရှိရာ သို့ ပြေးကြသည်ကိုမြင်မက်ပါသည်။
  
 ဖြေ။   နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ်သူတို့မှာမင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက်နှင်ထုတ်လျက် အနိုင် ကျင့်ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက်အိမ်သို့ပြန်၍အိပ်နေကြကုန်အံ။ ထိုမှ တစ်ပါးလည်း အကျင့်သီလရှိသော  ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင်ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင်အမျိုးကောင်း၊ သူတော်ကောင်းတို့လည်း ကျွတ်ရာ လွတ်ရာ တောတောတောင်တောင်တို့သို့  ပြေး ပုန်းကြကုန်လတ္တံ့။

ကောသလမင်းကြီးက အိပ်မက် ၁၆ချက်များက မျက်မှောင်ခေတ်ကာလကို ကြိုတင်ကာ သိလို့ နမိတ်ဖတ်မြင်ကာ ဟောထားလေသလားပါပဲ ..ဗဟုသုတ အလိုငှာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

http://www.ourmandalay.net/index.php/2008-11-20-11-20-49/539-2010-07-27-11-19-43 မှစာများကို တစ်ပေါင်းတစ်စည်းထဲ ပြန်လည်စုစည်း ဖော်ပြပါသည် ...

မြန်မာနိုင်ငံရဲ့ ပိုက်ဆံများကိုပြန်လည်သတိရစေရန်ဖော်ပြပေးလိုက်ပါသည်






ဒီပိုက်ဆံတွေကိုတော့သိချင်မှသိကြပါလိမ့်မယ်၊










ဒီပိုက်ဆံတွေကတော့သိကြမှာပါ၊


--

စည်းကမ်းတကျသွယ်လျလှပ




ဒီနေ့ ခေတ်မှာ လူတော်တော် များများဟာ Diet သွားကြတာကို တွေ့မြင်ရ ပါတယ်။
တချို့ကလည်း ကျန်းမာရေး အတွက် တချို့ကလည်း Weight လျှော့ချင်လို့ စသဖြင့် အကြောင်း အမျိုးမျိုးကြောင့် Diet လုပ်ကြပါတယ်။ ဘယ်လို ရည်မှန်းချက်နဲ့ Diet လုပ်လုပ်၊ နည်းလမ်း ကျကျနဲ့ ကျန်းမာရေးကို မထိခိုက်ဘဲ မိမိ လိုချင်တဲ့ ပန်းတိုင် ရောက်ဖို့က အရေးကြီးပါတယ်။ တချို့လူတွေကတော့ ရေတွေ အများကြီး သောက်ပြီး Multivitamin တွေမှီဝဲကာ အစာကို ချင့်ချိန်စား ကပါတယ်။ စားချင်တဲ့ အစာကို လုံးဝရှောင်ရင် ပိုဆိုး လာနိုင်ပါတယ်။ ပိုပြီး စားချင်စိတ်က ဖြစ်လာနိုင်ပါတယ်။ ခန္ဓာကိုယ်နဲ့ လိုအပ်တဲ့ အစားအစာကို ချိန်ခွင် လျှာညီမျှအောင် ထိန်းပြီး စားသောက်တဲ့ အလေ့အကျင့်ကို လုပ်ယူလို့ ရပါတယ်။

တစ်ဖက်က Exercise တွေလုပ်၊ Weight လျှော့တဲ့ Method တွေလုပ်ပြီး ကျန်တစ်ဖက်ကနေ အစားအသောက်ကို မထိန်းသိမ်းရင်လည်း Weight ကျဖို့ ခက်ခဲ နေတာကို တွေ့ရပါလိမ့်မယ်။ Exercise တွေလုပ် နေပြီး ပင်ပန်းတယ် ဆိုပြီး တအား စားနေရင်လည်းWeight က ပိုတောင်မှ တက်လာ နိုင်ပါတယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ် အလေးချိန်ကို ထိန်းသိမ်းကာ အရသာ ရှိတဲ့ အစားအစာ၊ မိမိကြိုက် နှစ်သက်တဲ့ အစားအစာကို ရေရှည် စားသုံးချင်တယ် ဆိုရင်တော့ ရေရှည်ခံမယ့် အလေ့အကျင့် ကောင်းတွေကို မွေးမြူရပါလိမ့်မယ်။ တကယ် အသုံးတည့်၊ အသုံးဝင်မယ့် နည်းလမ်းတွေပါ။

၁။ ။ ဇွန်း၊ ခက်ရင်း၊ လက်တွေကို မသုံးဘဲ တူနဲ့သုံးပြီး စားကြည့်ပါ။ အဲဒါမှ အစာတွေကို အလျင်စလို မမျိုချမိဘဲ ဘာတွေ စားနေတယ် ဆိုတာကို သတိ ထားမိပါလိမ့်မယ်။ ဗိုက်ပြည့်တာကို အသိအမှတ် ပြုဖို့ ဦးနှောက်က ၁၀ မိနစ်မှ ၁၅ မိနစ်ထိ အချိန် ယူတတ်ပါတယ်။ အစား အသောက်ကို မြန်မြန်စားလေ၊ များများစားလေ မဖြစ်အောင် အစာစားရင်း ဖြည်းဖြည်းနဲ့ ဂရုစိုက် သတိထားပြီး စားသုံးပါ။

၂။ ။ မခံမရပ် နိုင်အောင် ဆာလောင်တဲ့ အခါ တွေ့ကရာ သရေစာ တစ်ခုခုကို စားဖို့ မကြံခင်မှာ ရေကို ဖန်ခွက်ကြီးနဲ့ တစ်ခွက် (သို့) Juice တစ်ခွက် အရင် သောက်လိုက်ပါ။ (မှတ်ချက်။ ။ သကြား မသုံးဆောင်ရ။ မဖြစ်မနေ သုံးဆောင် လိုပါက အနည်းငယ်သာ အသုံးပြုပါ။)

၃။ ။ ရေနွေးကြမ်း(အပူ) များများ သောက်ပေးပါ။ အဆီကျဖို့ အထောက်အကူ ပေးပါတယ်။ (အေးနေတဲ့ ရေနွေးကြမ်းကို မသောက် သုံးပါနဲ့။)

၎။ ။ ညစာကို စောစောစားပါ။ နောက်ကျပြီး ညစာ စားခြင်းကို ရှောင်ကြဉ်ပါ။ ထမင်း စားပြီး ချက်ချင်းထိုင် ရုပ်ရှင်ကြည့်၊ အိပ်ရာထဲ တန်းဝင်တဲ့ အလုပ်ကို ရှောင်ကြဉ်ပါ။

၅။ ။ ထမင်း(ဆန်)ကို တဖြည်းဖြည်း လျှော့စားပါ။ ထမင်းဟာ Carbohydrate ဖြစ်ပြီးStarch တစ်မျိုးလည်း ဖြစ်ပါတယ်။ အဲဒီ Starch တွေကို များများ စားသုံးရင်လည်း Weight (အလေးချိန်) တဖြည်းဖြည်း တက်လာပါလိမ့်မယ်။

၆။ ။ အစာကို တဖြည်းဖြည်းချင်း လျှော့စားပါ။ ရုတ်တရက် လျှော့မယ်ဆိုရင် ဗိုက်ဆာတဲ့ အပြင် ဂရုမစိုက်ပါက အစာအိမ် ရောဂါပါ ဖြစ်လာနိုင်ပါတယ်။ အစာအိမ်ကို ဖြည်းဖြည်းချင်း အကျင့်လုပ်ဖို့ လိုအပ်ပါတယ်။ အစာအိမ် ဆန့်သလောက်ထည့်ရင် Weight ကျဖို့ အင်မတန် ခက်ခဲပါတယ်။ အလေ့အကျင့် ဖြည်းဖြည်းချင်း လုပ်ကြည့်ပါ။ အင်မတန် လွယ်ကူတာ တွေ့ရပါ လိမ့်မယ်။

ဥပမာ- ထမင်း တစ်ခါစားရင် ၂ ပန်း ကန်စားတယ် ဆိုပါစို့။ ချက်ချင်း တစ်ပန်းကန် လျှော့စားရင် ကြီးမားတဲ့ အခက်အခဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ၂ ပန်း ကန်စားရာကနေ လျှော့စားမယ် ဆိုရင် ပထမနေ့မှာ တစ်လုတ် လျှော့စားပါ။ ဒုတိယနေ့မှာ နှစ်လုတ် လျှော့စားပါ။ ဒီနည်းနဲ့ နေ့စဉ်ထမင်း အလုတ် အနည်း ငယ်စီ လျှော့ချသွားပြီး စားသင့်ရုံ ပမာဏကို ချိန်ယူပါ။

ပုံမှာ ပြထားတဲ့ နည်းတွေနဲ့ တဖြည်းဖြည်း လျှော့စားနိုင်ပါတယ်။ ပုံပြပါ အတိုင်း တိတိ ကျကျ လိုက်နာရမယ်လို့ မဆိုလိုပါ။ ကိုယ်တတ် နိုင်သမျှ ကိုယ်ခန္ဓာရဲ့လိုအပ်ချက်နဲ့ စိတ်ကို ထိန်းညှိပြီး စားသောက်ဖို့ ရည်ညွှန်း ထားပါတယ်။ အစာကို တဖြည်းဖြည်း လျှော့ချပြီး အစာအိမ်ကို အကျင့် လုပ်ပေးတဲ့ စနစ်ဟာ လွယ်ကူကြောင်း မျက်ဝါး ထင်ထင် တွေ့မြင် ရပါလိမ့်မယ်။

၇။ ။ အစာကို နည်းနည်းနဲ့ ဖြည်းဖြည်း မှန်မှန် စားပေးပါ။ စားလိုက်သမျှ အစားအစာတွေမှာ ပရိုတိန်း ဓာတ်နဲ့ ဟင်းသီး ဟင်းရွက်တွေ ပါပါစေ။ အစာစားပြီး မတင်းတိမ်ရင် ပန်းသီး၊ ဖရဲသီး၊ သင်္ဘောသီး၊ Orange, Juice, Carrot Juice, Pomelo Juice တွေကို သုံးဆောင် နိုင်ပါတယ်။ Juice တွေဟာ Fresh Juice တွေ ဖြစ်ဖို့တော့ လိုအပ်ပါတယ်။

၈။ ။ ပုလင်း အချိုရည်တွေကို မသုံးဆောင် သင့်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ပုလင်း အချိုရည်တွေမှာ Chemical ဆိုးဆေးတွေ အရသာ တုတွေ သုံးထားတဲ့ အပြင် မြင့်မားတဲ့ သကြား ပမာဏ ပါဝင်တာကြောင့် ရေရှည် သောက်သုံးပါက ပိုဝလာနိုင်တဲ့ အပြင် ဘေးဥပဒ်ပါ တွေ့နိုင်ပါတယ်။

၉။ ။ ထောပတ် အဆီများတဲ့ အစား အစာတွေ ချိစ်၊ ဆီကြော် အစားအစာတွေ၊ သကြား၊ ချောကလက်၊ အချိုကြီးတဲ့ အစားအစာတွေ၊
Ice-craem, စပျစ်သီး၊ စပျစ်ရည်၊ ငှက်ပျောသီး၊ သီဟိုဠ်စေ့၊ မြေပဲစတဲ့ အဆီဓာတ် ပါတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပြီး ချိုလွန်းတဲ့ အသီးအနှံတွေကိုလည်း အလွန်အကျွံ မစားဘဲ သတိထားပြီး သုံးဆောင် ရပါလိမ့်မယ်။ အထက်ပါ နည်းတွေ အတိုင်း မိမိ ခန္ဓာကိုယ်ကို အလေးချိန်နဲ့ အလှတာ ရှည်ခံအောင် ထိန်းသိမ်း ထားနိုင်ပါကြောင်း သတင်းကောင်း ပေးအပ်ပါတယ်။


အသားအရေထိန်းသိမ်းခြင်းဆိုင်ရာ အခြေခံလုပ်ဆောင်ချက်များ

အသားအရေထိန်းသိမ်းခြင်းဆိုင်ရာ အခြေခံလုပ်ဆောင်ချက်များဖြစ်ပြီး ရိုးရှင်းလွယ်ကူသော နည်းလမ်းများပဲ ဖြစ်ကြပါတယ်။ ပထမဆုံးအနေဖြင့် အသားအရေလှပချောမွတ်စေရန်အတွက် အကောင်းဆုံးမျက်နှာဆေးကြောစနစ် Cleanser တစ်မျိုးကို ရွေးချယ်အသုံးပြုရန် လိုအပ်ပါတယ်။ ထိုမျက်နှာသစ်ခရမ်ဟာ သင်၏အသားအရေနှင့် လိုက်ဖက်မှုရှိရန် လိုအပ်သလို အရေပြားအမျိုးအစားအလိုက် အသုံးပြုရန် သင့်တော်သော Cleanser ဖြစ်ရန်လည်း လိုအပ်ပါတယ်။ ထို့ကြောင့် သင့်အသားအရေနှင့် အံဝင်ဂွင်ကျဖြစ်စေမည့် Cleanser တစ်မျိုးကို စတင်ရွေးချယ်အသုံးပြုသင့်ပါတယ်။
သင့်အသားအရေကို စင်ကြယ်စွာ ဆေးကြောပေးရန်အတွက်ကတော့ ဈေးနှုန်းအရ သင့်တင့်ပြီး သင်နှစ်သက်ရာ Cleanser တစ်မျိုးကို ရွေးချယ်လိုက်ပါ။ မျက်နှာပြင်ကို ချောမွေ့စွာ သန့်စင်ပေးရန်အတွက် သာမန်ဆပ်ပြာများကို အသုံးပြုခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုဆပ်ပြာအချို့ဟာ သင့်အသားအရေကို ခြောက်သွေ့စေလို့ပါပဲ။ ပြင်သစ်နိုင်ငံရှိ အလှအပရေးရာ ကျွမ်းကျင်သူအမျိုးသမီးတစ်ဦးကတော့ ဆပ်ပြာဟာ လည်ပင်းမှ ခန္ဓာကိုယ်အောက်ပိုင်းအထိသာ ဆေးကြောရန် အသုံးပြုသင့်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။ သင်ဟာ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်ဖြစ်ပါက သင့်အနေဖြင့် Cream အမျိုးအစား Cleanser ကို အသုံးပြုသင့်ပြီး သင့်အသားအရေဟာ အဆီပြန်တဲ့အသားအရေဖြစ်ပါက အဆီပါဝင်မှုနည်းသော Cleanser ကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

သင်၏ မျက်နှာနှင့်ပတ်သက်၍ မကြာခဏဆိုသလို ဆေးကြောသန့်စင်ခြင်းမှ ရှောင်ရှားသင့်ပါတယ်။ မျက်နှာသစ်ခြင်းဟာ ဗက်တီးရီးယားနှင့် ဖုန်မှုန့်များကို ဖယ်ရှားပေးနိုင်ပေမယ့် ခဏခဏမျက်နှာသစ်ခြင်းကိုတော့ ရှောင်ရှားသင့်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ တစ်နေ့လျှင် မနက်တစ်ကြိမ်၊ ညတစ်ကြိမ်မျက်နှာကို စင်ကြယ်စွာ ဆေးကြောသန့်စင်ပါတယ်။ သင်ဟာ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်ဖြစ်ပါက ပြင်သစ်နိုင်ငံထက် Pond's ကဲ့သို့ Cold Cream ကို အသုံးပြုသင့်ပါတယ်။ ဆေးကြောရာတွင်လည်း Cream အား အရင်ဆုံးမျက်နှာပြင်အနှံ့ ညင်သာစွာပွတ်လိမ်းကာ ဖြေးညှင်းစွာ ဆေးကြောသန့်စင်သင့်ပါတယ်။ အချို့သော အမျိုးသမီးများကတော့ မျက်နှာပြင်ကို ဆေးကြောရာတွင် ရေနွေးနွေးဖြင့် ဆေးကြောသန့်စင်ကြပါတယ်။ ဒါပေမယ့် ပူလွန်းအေးလွန်းသောရေများကို အသုံးမပြုသင့်ပါဘူး။

Scrub ပြုလုပ်ခြင်းဆိုတာဟာ သင့်အသားအရေချောမွေ့စေဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ သာမန်အားဖြင့် တစ်ပတ်တစ်ခါဆိုသလို သင့်မျက်နှာနှင့် အသားအရေအား Scrub ပြုလုပ်ကာ ဆေးကြောသန့်စင်သင့်ပါတယ်။ Scrub ပြုလုပ်ခြင်းကြောင့် မျက်နှာ၏ အပေါ်ယံလွှာရှိ Dead ဆဲလ်(ဆဲလ်သေ)များကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို ပိုမိုပြေပြစ်ချောမွေ့စေနိုင်ပါတယ်။ ဒါပေမယ့် Scrub ပြုလုပ်ဆေးကြောရာတွင် ဖြေးညှင်းညင်သာစွာ ဆေးကြောသန့်စင်သင့်ပါတယ်။ ဈေးပေါသော Scrub အချို့သော အသားအရေ၏ အပေါ်ယံလွှာကို ပေါက်ပြဲစေနိုင်တာကြောင့် Scrub အကောင်းစားတစ်မျိုးကို ရွေးချယ်ဝယ်ယူကာ အသုံးပြုသင့်ပါတယ်။

Retinoids (Retin-A) ဟာ သင့်အသားအရေအပေါ်ယံလွှာရှိ ဆဲလ်အသေ Dead Cell များကို ဖယ်ရှားပေးနိုင်ပြီး အသားအရေအား ချော့မွေ့ညီညာစေနိုင်ပါတယ်။ ၎င်းဟာ အသားအရေရှိ အရေးအကြောင်းနှင့် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်ပြီး ဆဲလ်အသစ်များကိုလည်း ဖြစ်ထွန်းစေနိုင်ပါတယ်။

အမျိုးသမီးအချို့ကတော့ Toner ကို နှစ်ခြိုက်စွာ အသုံးပြုကြပါတယ်။ Toner အသုံးပြုခြင်းဟာ မျက်နှာပြင်ရှိ အဆီနှင့်မိတ်ကပ်များ၊ အညစ်အကြေးများကို သန့်စင်ဖယ်ရှားပေးနိုင်ပေမယ့် Cleanser အတော်များများဟာလည်း Toner ကဲ့သို့ ၎င်းအညစ်အကြေးများကို ဖယ်ရှားပေးနိုင်ပါတယ်။ အဲဒါကြောင့် အလှအပဆိုင်ရာ သုတေသီများကတော့ Toner ဟာ အသားအရေအတွက် ထိရောက်မှုမရှိကြောင်း ပြောဆိုကြပြီး Toner နှစ်ခြိုက်သူတွေအနေနှင့်ကတော့ ဆက်လက်အသုံးပြုနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။


Moisturize ဆိုတာဟာ အသားအရေခြောက်သွေ့မှုကို ကာကွယ်ပေးခြင်းဖြစ်ပြီး မည်သည့်အသားအရေအမျိုးအစားမဆို Moisturizer တစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။ သင့်အသားအရေဟာ အဆီပြန်သော အသားအရေဖြစ်ပါက Moisturizer အသုံးပြုခြင်းဟာ သင့်အတွက် သင့်တော်သော နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ Moisturizer ကို မည်သို့အသုံးပြုသင့်သည်ဆိုတာကတော့ သင့်အသားအရေပေါ်တွင် မူတည်ပါတယ်။ သင့်အသားအရေဟာ ခြောက်သွေ့ကြမ်းတမ်းသော အသားအရေဖြစ်ပါက Moisturizer ကို မဖြစ်မနေအသုံးပြုသင့်ပြီး အလွန်အကျွံအသုံးပြုခြင်းကိုတော့ ရှောင်ရှားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် Moisturizer ကို အလွန်အကျွံအသုံးပြုခြင်းကြောင့် သင့်မျက်နှာပေါ်ရှိ မွေးညင်းပေါက်ကလေးများကို ပိုမိုကျယ်လာစေနိုင်ပါတယ်။

အချို့သောအလှအပဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ မျက်ခွံနှင့်မျက်စိပတ်ဝန်းကျင်အတွက် Eyecream တစ်မျိုးမျိုးကို အသုံးပြုရန် အကြံပြုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မျက်လုံးတစ်ဝိုက်ရှိ အသားအရေဟာ အဆီများသော တစ်သျှူးများမပါရှိတာကြောင့် အလွန်ပါးလွှာကာ အလွယ်တကူ ပါးရေတွန့်ခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ ထို့ကြောင့် Eye Cream များဟာ မျက်လုံးတစ်ဝိုက်ရှိ အသားအရေနှင့် ကိုက်ညီမှုရှိစေရန် ပြုလုပ်ထားကြပြီး ၎င်းခရမ်များကို နေ့စဉ်အသုံးပြုသင့်ပါသည်။

Sunscreen ကို အသုံးပြုခြင်းကြောင့် သင့်အသားအရေအား ပိုမိုဖြူဖွေးသန့်စင်စေပြီး နေလောင်ဒဏ်ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အဓိကအားဖြင့် အသားအရေပျော့အိလျော့ရဲလာမှုဟာ နေရောင်ခြည်ကြောင့်ဖြစ်ပြီး Sunscreen တစ်မျိုးမျိုး အသုံးပြုကာ ကာကွယ်ထားကြောင်း အလှအပ ပညာ ရှင်တို့က ပြောကြားထားပါတယ်။ ထို့ပြင် နှစ်တစ်နှစ်၏ အစောပိုင်းကာလဥပမာအားဖြင့် ဆောင်းဦးကာလများတွင် ၎င်း Suncream ကို အသုံးပြုသင့်ပြီး ၎င်းခရမ်များဟာ အသားအရေခြောက်သွေ့အက်ကွဲမှုနှင့် ကြမ်းတမ်းမှုတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ထိုခရမ်ကို တစ်နေ့နှစ်ကြိမ် အသုံးပြုသင့်ပြီး နေ့အတွက်ဆိုလျှင် UV ကာကွယ်မှုပါဝင်သော ခရမ်မျိုးကို အသုံးပြုသင့်ပါတယ်။ ညာဘက်မှာတော့ ၎င်း Suncream နှင့် Moisturizer များကို အသုံးမပြုသင့်ဘဲ နှစ်သက်ရာ Night Cream တစ်မျိုးမျိုးကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Suncream ကို ရွေးချယ်ဝယ်ယူရာမှာလည်း Mexoryl ပါဝင်သော Cream များကိုသာ ရွေးချယ်အသုံးပြုသင့်ပြီး လူကြိုက်အများဆုံး Suncream ကတော့ Neutrogena မှထုတ်လုပ်ထားသော La-Roche Posay ပဲဖြစ်ပါတယ်။

ကျန်းမာရေးအတွက်အရေးပါတဲ့(Hair Care)


 နိုင်ငံ တစ်နိုင်ငံရဲ့ ရာသီဥတု၊ ရေမြေ၊ အစားအသောက်ကို လိုက်ပြီး ပြောင်းလဲရတဲ့ အထဲမှာ လူသားတွေရဲ့ အလှအပအတွက် မရှိမဖြစ် အရေးပါတယ်လို့ ဆိုရမယ့် ဆံပင်တွေလည်း ပါဝင်ပါတယ်။ ဆံပင်ရဲ့အရောင်၊ ဆံပင်အသား၊ ဆံပင်ပုံစံဟာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထက် အမြင့်ဆုံးနေရာမှာ တည်ရှိပြီး မျက်နှာအလှကို တစ်မျိုးတစ်ဖုံ ပြောင်းလဲ သွားစေနိုင်တဲ့ အရာလည်း ဖြစ်ပါတယ်။ မိမိ ပိုင်ဆိုင်တဲ့ သဘာဝက ပေးလာတဲ့ ဆံပင်ကို အကောင်းဆုံး အနေအထား ဖြစ်အောင် ဂရုတစိုက် ပြုပြင် ထိန်းသိမ်းရင်း မိမိနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ် ဖန်တီးနိုင်ဖို့ပဲ လိုပါတယ်။ ဒါကြောင့် လိုသလို ပုံသွင်းနိုင်မယ့် ကျန်းမာရေး ကောင်းမွန်လှပတဲ့ ဆံကေသာအလှ ပိုင်ရှင် ဖြစ်စေဖို့ အရေးကြီးတဲ့ Hair Care နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေး လိုက်ပါတယ်။ ၀ိုင်းဝန်း ဆွေးနွေးပေးတဲ့ သူက အလှအပ အတွက် စိတ်တိုင်းကျ ဆောင်ရွက်ပေးတဲ့ ပန်ပန် Beauty Salon က ပန်ပန်ပါ။ သူ့ရဲ့အပြောတွေ အနေနဲ့ပဲ နားထောင် ကြည့်တာက ပို အဆင်ပြေမယ်လို့ ယူဆမိပါတယ်။

မြန်မာပြည်က Asia နဲ့ဆိုင်တဲ့အတွက် Asia(အာရှ)နဲ့ဆိုင်တဲ့ ဆံပင် အမျိုးအစားတွေ အကြောင်း ပြောကြရအောင်။ အာရှမှာတွေ့ရတဲ့ ဆံပင်အမျိုး အစားကို ၅ မျိုးလို့ အကြမ်းဖျင်း ခွဲခြားနိုင်တယ်။ သာမန်ဆံပင်၊ ပွပြီးဖွာတဲ့ ဆံပင်၊ ပွပြီးကောက် တဲ့ဆံပင်၊ ချောပြီးကောက်တဲ့ ဆံပင်၊ အလွန်ဖြောင့် တဲ့ ဆံပင် ၅ မျိုးပါ။ အဲဒီမှာ အဆီထွက်တဲ့ ဆံပင်နဲ့ အဆီခြောက်တဲ့ ဆံပင်ဆိုပြီး ထပ်ခွဲဖြာထွက်ပါ သေးတယ်။ ဆံပင်အသားထဲမှာ အကောင်းဆုံး ဆံပင်ကတော့ သာမန်ဆံပင် (Normal Hair) ပါ။ အဆီလည်းမထွက်၊ ပွလည်းမပွ၊ ခြောက်လည်း မခြောက်၊ အရမ်းဖြောင့်စင်းပြီး အိလွန်းနေတဲ့ ဆံပင်အသားလည်း မဟုတ်ဘူး။ ကိုယ် လိုသလို ညှပ်လို့ ပုံသွင်းလို့ ရတယ်။ ကောက်လို့ဖြောင့်လို့ လည်းရတယ်။

မိန်းကလေးတစ်ယောက် (သို့) ယောက်ျားလေး တစ်ယောက်ဟာ ဆံပင်ကို အမြဲဂရုမစိုက် မိဘူးဆိုရင် ဘာပြဿနာတွေဖြစ်လာနိုင်သလဲ ဆို တော့ အဲဒီ လူတစ်ယောက်ဟာ ဆံပင်နဲ့ ပတ်သက် ပြီး ကောက်ခြင်း၊ ဖြောင့်ခြင်း၊ ပေါင်းတင်ခြင်း၊ ဆေးဆိုးခြင်း စတဲ့ဆံပင်နဲ့ပတ်သက်တဲ့ ပြင်ဆင်မှု တွေ မလုပ်တဲ့သူဆိုရင် သူ့ရဲ့ဆံပင်ပြဿနာဟာ ဆံပင်ရဲ့ အခြေခံအကျဆုံး အရင်းအမြစ် ဖြစ်တဲ့ ဦးရေကို လုံးဝ မထိခိုက်ပါဘူး။ ဆံပင်တစ်ပင်ဟာ တဖြည်းဖြည်း ရှည်လာတဲ့အခါမှာ သူ့ရဲ့အမြစ်မှာ ဆံပင် အရောင်ကို ပြောင်းစေတဲ့ အားရှိစေတဲ့ အဆီအိတ်တွေနဲ့ ဝေးကွာလာတယ်။ ဆံပင်အဖျားတွေ ပျက်စီးလာတယ်။ ဦးရေ ကိုပါထိခိုက်စေတဲ့ အချက်တွေကတော့ ဆံပင်နဲ့ ပတ်သက်ပြီး အကုန်လုပ် ဖြစ်တဲ့ သူတွေပါ။ သူတို့ကတော့ ဦးရေတင်မက ဆံပင်အသားတွေပါ ပျက်စီး လေ့ရှိတာ တွေ့ရပါတယ်။ အဲဒီမှာလည်း ပျက်စီးစေတဲ့ အချက်တွေ ရှိပြန် နေရော။ ခေါင်းလျှော်ရည်ကြောင့်၊ ပေါင်းဆေးကြောင့်၊ အရောင်ဆေးကြောင့် စတာတွေအပြင် ကတ်ကြေး တုံးတုံးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

လူတိုင်းအတွက် နေ့စဉ် ဆံပင် ထိန်းသိမ်း စောင့်ရှောက်မှု နည်းလမ်းတွေ ကို ပြောကြည့်မယ်။ ပထမဆုံး လုပ်ရမှာက ရှန်ပူ။ ဆံပင်လျှော်တိုင်း အသုံးမပြု မဖြစ် အသုံးပြုရတဲ့ ရှန်ပူကို ကိုယ့်ဆံပင်သားနဲ့ ကိုက်ညီတဲ့ အမျိုးအစားရွေး တတ်ဖို့ကHair Care မှာ ပထမဆုံး အခြေခံ အရေးကြီးတဲ့ အချက်တစ်ချက် ပါပဲ။ ဒါမှလည်း ရှန်ပူရဲ့ဆိုးကျိုးနဲ့ ကင်းဝေးစေမှာပါ။ ပြီးရင် မိန်းကလေး တွေက ဒီလောက်နဲ့ မရပ်တန့်ကြပါဘူး။ ပျော့ဆေးတွေ သုံးမယ်။ ပြုပြင်ဆေး တွေသုံး ကြမယ်။ ဒါတွေကလည်း ကိုယ့်ဆံပင် အသားနဲ့ ကိုက်ညီရမှာပါပဲ။ ပြီးတော့Hair Care ပါ။ ဆံပင်အလှပြင် နည်းတွေနဲ့ပတ်သက်ရင် ဘာတစ်ခု မှမလုပ် တတ်တဲ့သူမျိုးဆိုရင်တောင် Hair Treatment ကို တစ်လတစ်ကြိမ် လုပ်ပေးရမယ်။ ပေါင်းတင်တာပေါ့။ တကယ်လို့ အလုပ် အရမ်းများပြီး တစ်လ တစ်ခါတောင်မှ ဆိုင်မသွားနိုင်ဘူး ဆိုရင်လည်း အိမ်မှာ လုပ်ပေးဖို့ လိုတယ်။

အိမ်မှာ ကိုယ်ပိုင်ပေါင်းတင်နည်းက သိပ်ကိုရိုးစင်းပြီး၊ သိပ်ကိုလွယ် ကူပါတယ်။ ဆံပင်အတွက် အကောင်းဆုံးက မြန်မာ့ရိုးရာအုန်းဆီပါ။ အုန်းဆီကို ဦးရေပြား ထဲအထိ ရွှဲနေအောင်လိမ်းထားပါ။ ခေါင်းမလျှော် ခင်တစ်ရက်မှာ ကြိုလိမ်းပြီး ညအိပ်ရာဝင်ချိန်မှာ အ၀တ်စခပ်ပါးပါးနဲ့ ခေါင်းပေါင်းပြီး အိပ်ပါ။ ဒါကတော့ လိမ်းထားတဲ့ဆီတွေ အလဟဿ မဖြစ်ဖို့နဲ့ ထိမိတဲ့နေရာတွေ မညစ်ပတ်စေဖို့ပါ။ နောက်တစ်နေ့မနက်မှာ အုန်းဆီတွေ သန့်စင်သွား တဲ့အထိ ခေါင်းလျှော်ချလိုက်ရုံနဲ့ အကောင်းဆုံး၊ အလွယ်ဆုံး ဆံပင် ပေါင်းတင်နည်းကို ရရှိပါပြီ။ ငွေကုန်ကြေးကျလည်း သက်သာတယ်လေ။ ဆံပင်အသားကို နူးညံ့ပျော့အိ လာစေပြီး ဦးရေ ပြားကိုလည်း ကျန်းမာ သန်စွမ်းစေတဲ့ နည်းလမ်း ကောင်းတစ်ခုပေါ့။ ခေါင်းလျှော်ရတဲ့ အကြိမ် ရေကျပြန်တော့လည်း ဆံပင်အသားကို လိုက်ပြီး ပြောင်းလဲပြန်ပါတယ်။ အဆီအရမ်းထွက်ပြီး ခပ်တိုတိုဆံပင်တွေကတော့ နေ့တိုင်းနီးပါး လျှော် ပေးရတယ်။ သာမန်ဆံပင်ကတော့ နေပူပြင်းတဲ့ နေ့မှာ ရာသီဥတု အရ တစ်ရက်ခြား လျှော်ပေးသင့်တယ်။ တချို့လူတွေကျ တော့ အလုပ်အရမ်းများပြီး ခေါင်းလျှော်ရင် ခေါင်းကိုက်လေ့ရှိတဲ့ သူမျိုးတွေ ရှိတယ်။ သူတို့ကျတော့ နှစ်ရက်ခြားပေါ့။ နှစ်ရက်ခြားတစ်ခါ ခေါင်းလျှော် ခြင်းကတော့ လုပ်ကိုလုပ်သင့်တဲ့ နည်းလမ်းပါ။ တချို့လူတွေက ခေါင်းလျှော် လွန်းအားကြီးရင် ဆံပင်တွေ ကျွတ်တတ်တယ်လို့ ယူဆကြပါတယ်။ တကယ် တော့ မလျှော်လွန်းအားကြီးတဲ့ဆံပင်၊ တစ်ပတ်မှတစ်ခါလောက်ပဲ လျှော်တဲ့ ဆံပင်တွေကသာ ကျွတ်လေ့ရှိတာပါ။ မြန်မာ့ရာသီဥတုနဲ့ ရေမြေ အနေအထား အရ နေပူပြီးဖုန်ထပါတယ်။

ခေါင်းကထွက်တဲ့ အဆီနဲ့ သဲ၊ ဖုန်မှုန့်နဲ့ တွေ့တဲ့အခါ အညစ်အကြေးတွေဖြစ်သွားပြီး ခေါင်းဦးရေပြား ချွေးပေါက်တွေကို ပိတ်ဆို့ စေတယ်။ ဦးရေပြားဟာလည်းပူပြင်းလာပြီး ခေါင်းအုံခဲမှုတွေ ဖြစ်လာစေတယ်။ ကျန်းမာရေးရှုထောင့်က ကြည့်ရင် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ ဆံပင်အတွက် အသုံးပြုတဲ့ ရှန်ပူကလည်း အခုဆိုရင် ဆံပင် အမျိုးအစား အလိုက်မျိုးစုံ ထွက်နေပါတယ်။ ရွေးတတ်ဖို့ပဲ လိုပါတယ်။ အကြမ်းဖျင်း ခွဲပေးပါမယ်။ သာမန် ဆံပင်ကတော့ သာမန် ခေါင်းလျှော်ရည်နဲ့ပဲ လျှော်လိုက် ရုံပါ။ ပွပြီးဖွာတဲ့ ဆံပင်နဲ့ ပွပြီးကောက်တဲ့ ဆံပင်က အမျိုးအစား ကွာပေမယ့် ပုံစံက ဆင်သလိုလို ရှိပါတယ်။ ရှန်ပူ အတူတူ သုံးလို့ ရပါတယ်။ ချောပြီး ကောက်တဲ့ ဆံပင်နဲ့ အလွန်ဖြောင့်တဲ့ ဆံပင်က တစ်တွဲပါ။ အဲဒီမှာ တစ်ခုသတိ ထားစရာရှိပါတယ်။ ဖြောင့်ထားတဲ့ ဆံပင်တွေ အတွက် ရှန်ပူဆိုပြီး အခု နောက်ပိုင်းမှာ ၀င်လာပါတယ်။ ဘူးမှာရေးထားတဲ့ အညွှန်းကို ကြည့်ပြီးတောင်မှ မှားတတ်တာ တစ်ခုက ဖြောင့်ထားတဲ့ ဆံပင်အတွက် ဆိုတာနဲ့ ဖြောင့်တဲ့ ဆံပင်သား အတွက်ဆိုတဲ့ ရှန်ပူနှစ်မျိုးကိုပါ။ အကောင်းဆုံးကတော့ ကောင်တာမှာ သေချာမေးပြီးမှဝယ်ပါ။ ဆံပင်ကျွမ်းကျင်သူကို မေးမြန်းပြီး ၀ယ်သုံးပါလို့ ဆိုပေမယ့် ဈေးဝယ်ထွက်ချိန် ကိုယ်တစ်ယောက်တည်း အမျိုးအစားစုံလှတဲ့ ရှန်ပူကို မရွေးတတ်တော့ဘူးဆိုရင် ကောင်တာက ရောင်းတဲ့ သူတွေကို မေးဖို့ လည်း အဆင်မပြေတဲ့အချိန် မျိုးကြုံခဲ့ရင် For Normal Hair (သာမန်ဆံပင် အတွက်)ဆိုတဲ့ ရှန်ပူကိုပဲ ရွေးလိုက်ပါ။

For Normal Hair ရှန်ပူဟာ ဆံပင်သားတိုင်းနဲ့ အဆင်ပြေပါတယ်။ ပြီးမှ နောက်တစ်ဆင့် အနေနဲ့ ထပ်မံအသုံးပြုရတဲ့ ပျော့ဆေး၊ Treatment, Hair Coat အတွက် ထပ်သုံးရင်း ထိန်းလို့ ရပါတယ်။ လျှော်ပြီးတဲ့ ဆံပင်ကိုHair Dryer နဲ့ အသုံးပြုပြီး အခြောက်ခံရာမှာလည်း အပူကို ဦးရေနဲ့ အရမ်း မကပ်ပါစေနဲ့။ အအေးနဲ့ အခြောက်ခံရင်တော့ အကောင်းဆုံးပါ။

အခု ပန်ပန်တို့ ဆိုင်ကို အလာများတဲ့ ဆံပင်နဲ့ဆိုင်တဲ့ ပြဿနာတွေမှာ ဆံပင်ကို နည်းမျိုးစုံနဲ့ အလှပြုပြင်ရာကနေ ရတဲ့ ပြဿနာတွေကြီးပဲ တွေ့ရပါ တယ်။ အချိန်တိုအတွင်းမှာ နားမလည်ဘဲ ကောက်လိုက်၊ ဖြောင့်လိုက်နဲ့ နည်းမျိုးစုံ လုပ်တဲ့သူတွေပါ။ ဆံပင်ပုံစံတစ်ခုကို အနည်းဆုံးတော့ ၃ လထား ပေးရပါမယ်။ ၃ လဆိုတဲ့အချိန်ရှိမှသာ နောက်တစ်မျိုး ပြောင်းလဲ သင့်ပါတယ်။ ကိုယ့်ရဲ့ဆံပင်ကိုပြုပြင်တဲ့ သူကလည်း ကျွမ်းကျင်ဖို့ လိုပါတယ်။ မကျွမ်းကျင်တဲ့ သူတွေကြောင့်လည်း တစ်ကြိမ်ပဲ ဆံပင် အလှပြင်ရုံနဲ့ ပျက်စီးသွားတာတွေ ရှိတတ်ပါတယ်။

ပျက်စီးတဲ့ ဆံပင်တွေရှိရင် ပြုပြင် ထိန်းသိမ်းဖို့ နည်းလမ်းတွေလည်း ရှိရမှာပါ။ ဘာမှ မလုပ်တဲ့ ဆံပင်ပိုင်ရှင်တောင်မှ မြန်မာပြည်ရဲ့ ရာသီဥတု ကြောင့် တစ်လတစ်ခါ ပေါင်းတင်ရပါမယ်။ အိမ်ရှင်မတွေဆိုရင် ပိုသိသာပါတယ်။ နေပူထဲအမြဲ တစေမထွက်ရတဲ့ အိမ်ရှင်မ ဆိုရင်တောင် အိမ် ထောင်ထိန်းသိမ်း ချက်ပြုတ်ရာကနေ ဖုန်မှုန့်၊ ပြာ၊ အညစ်အကြေး၊ ချွေးတွေနဲ့ နပန်းလုံးနေတဲ့ ဆံပင်တွေ ဖြစ်နေတတ်ပါတယ်။ တစ်လတစ်ခါ ဆံပင် ကုသမှု(Treatment) ဆိုတာ လုပ်ကိုလုပ်သင့်ပါတယ်။ ပျက်စီးသွားတဲ့ ဆံပင်ကတော့ အနည်းဆုံး တစ်လကို နှစ်ကြိမ်၊ အလွန် ဆိုးဝါးလွန်းရင်တော့ တစ်ပတ်တစ်ခါ (တစ်လကို ၄ ခါ)(Treatment) လုပ်ပေးရပါမယ်။ အခုနောက်ပိုင်းမှာ အရမ်းလှ ချင်လာကြပြီး အရမ်း အလှပြင်ဆင်မှုတွေ ရှိလာ တော့ ဆံပင်တွေကလည်း အရမ်း ပျက်စီးနေတာတွေ ရှိပါတယ်။ အဲဒီအခါမှာ ပန်ပန်တို့က ဘာလုပ်ပေးရလဲဆိုတော့ ဂျပန်က လာတဲ့ ၅ မိနစ် ပေါင်းတင်ဆေးကို ပေးရပါတယ်။ သူက အမြဲ တမ်း လုပ်ပေးရတာပါ။ ဂျပန်မှာ အခု အသုံးအများဆုံး ရောင်းအားအ ကောင်းက ၅ မိနစ် ပေါင်းဆေး ပါပဲ။ အချိန်လည်း မပေးရဘူး။ ခေါင်းလျှော် ပြီးတာနဲ့ ၅ မိနစ်ပေါင်းဆေး လိမ်းထားလိုက်။ ရေချိုးပြီးရင် ခေါင်းကနေ တစ်ခါတည်း ရေလောင်း သန့်စင်ချလိုက်ရုံပဲ။ နှစ်ရက်တစ်ခါ အသုံးပြုရတာပါ။ တစ်လတစ်ခါ ပေါင်းတင် တာနဲ့လည်း ညီမျှပါတယ်။ အရမ်း ပျက်စီးနေတဲ့ ဆံပင်တွေ အတွက်ပါ။

မြန်မာမလေးတွေ အခုကြိုက်နှစ်သက်နေတဲ့ ဆံပင်စတိုင်လ် တစ်မျိုးဖြစ်တဲ့ ဆံပင်ဖြောင့် အလှ ပြုပြင်တာနဲ့ ပတ်သက်တာတွေကို အရင်ဆုံး ပြောကြည့်မယ်။ ဆံပင်ဖြောင့်ထားတဲ့ ပျိုမေတွေ ဆောင်ရန်ရှောင်ရန်ပေါ့။ ဆံပင်နဲ့ အရင်ဆုံး ထိ တွေ့ရတဲ့ ရှန်ပူကစပြောရမယ်ဆိုရင် မန်သော် ပါတဲ့ရှန်ပူ၊ ပူရှိန်းတွေပါတဲ့ ဘောက်ပျောက်တဲ့ ရှန်ပူကို ရှောင်ကြဉ်ရပါမယ်။ ဖြောင့်ထားတဲ့ ဆံပင်သားကို ကြွတက်လာစေပြီး ကြမ်းတမ်း လာစေလို့လေ။ နောက်တစ်ခုက ဆားငန်ရေပါ။ ပင်လယ်ကမ်းခြေကို သွားတော့မယ်၊ ဆားငန် ရေထဲဆင်းပြီး ရေဆော့တော့မယ်ဆိုရင် ၅ မိနစ် ပေါင်းဆေးကို သုံးထားရပါမယ်။ ၅ မိနစ်ပေါင်း ဆေးမရှိဘူးဆိုရင် ရိုးရိုး ပေါင်းတင်ဆေး သို့မဟုတ် ပျော့ဆေးကို သုံးလည်းရပါတယ်။ ရေထဲ မဆင်းခင် ပျော့ဆေးကို ဆံပင်မှာခပ်ထူထူ သုတ် လိမ်းပြီး ဆံပင်ကိုစုစည်းထားပါ။ ပြီးမှ ရေထဲ ဆင်းပါ။ ရေထဲကပြန်တက်လာတဲ့အချိန်မှာ ရေဆေးချ၊ ပြီးရင်ခေါင်းလျှော်၊ ပျော့ဆေး နောက် တစ်ကြိမ်ထပ်သုံး ပေးရပါမယ်။ ဒါဆိုရင် ဆံပင် ကို မနာဘူးလို့ မပြောပါဘူး။ ဆံပင်ထိခိုက်တာ ကိုတော့ လုံးဝသက်သာစေပါတယ်။ မှားယွင်းတဲ့ အချက်တစ်ခု ရှိနေပါသေးတယ်။ ခေါင်းလျှော် ပြီးတိုင်း ဖြောင့်စက်ပြန်ဆွဲတာပါ။ ဖြောင့်တဲ့ရလဒ် တကယ်ကောင်းတယ် ဆိုရင် စက်ပြန်ဆွဲစရာ မလိုပါဘူး။ ဖြောင့်စက်နဲ့ အကြိမ် ကြိမ် ဆွဲခြင်းဟာ ဆံပင်ကို ပျက်စီးစေပါတယ်။ တချို့မော်ဒယ်လ်တွေ၊ ပွဲတက် မယ့်သူတွေ အတွက်တော့ မဖြစ်မနေ ဖြောင့်စက်ဆွဲခါနီးမှာ ဒဏ်ခံတဲ့ ဆေးလေးကို အရင်လိမ်းပြီးမှ ဆွဲပေးပါတယ်။ အဲဒီအခါမှာ စဖြောင့်တဲ့ အချိန်ကလို ဆွဲစရာ မလိုဘဲ တစ်ကြိမ်သာ စက်ဆွဲဖို့ လိုပါတယ်။ တောင်ပေါ် ဒေသတွေမှာ ရှိတဲ့ ထုံးဓာတ်များတဲ့ ရေတွေကလည်း ဖြောင့်ထားတဲ့ ဆံပင်ကို ပျက်စီးစေပါတယ်။ ထုံးဓာတ်ပါတဲ့ ရေနဲ့ မထိတွေ့ခင်မှာလည်း ဆားငန်ရေထဲ မဆင်းခင် ထိန်းသိမ်းနည်းနဲ့ ထိန်းသိမ်းလို့ရပါတယ်။

နောက်ထပ်ခေတ်စားတဲ့ ဆံပင်ပုံစံက အကောက်မျိုးစုံပါ။ အကောက် သမားတွေကတော့ ရှန်ပူ ရှောင်စရာ မလိုပါဘူး။ သူ့အတွက် အဓိက လိုအပ် တာက ဆံပင်ပြုပြင် ထိန်းသိမ်းမှုပါ။ ဆံပင် ကောက်ပုံစံကို မပျက်ယွင်းရလေအောင် ဆီလူးသလို ဆံပင်ကိုဆွဲမထည့်ဘဲ အခွေ အဖျားလေးများကို လက်နဲ့ ဆုပ်ပြီး ကောက်ဆေး ပြန်ထည့်ပေးရပါတယ်။ ဆံပင်ကိုကောက်တဲ့ သဘောက ဆံပင်အသားကို အတက်ကလေးတွေ ထွက်လာအောင် လုပ်လိုက်ရတာပါ။ ဆံပင်မှာအတက်၊ ဆံပင်အခွတွေ များလေလေ ဆံပင်သားက ပိုကောက်လေ ပါပဲ။ ဆံပင်အသား ကလည်း ပိုခြောက်သွားတာပါ။ ဒီတော့ ဆံပင်ကို အမြဲ ပြုပြင် ထိန်းသိမ်းနေရမှာပါ။

ဆံပင်က လူတစ်ယောက်အတွက် တော်တော် အရေးပါပါတယ်။ ဆံပင်မရှိတဲ့သူ တစ်ယောက်ဟာ အခြားသူတွေထက် ကိုယ့်ကိုယ်ကိုယုံကြည် မှု ပိုအားနည်းတာ တွေ့ရပါတယ်။ အခု နောက်ပိုင်းခေတ်တွေက ဆံပင်ကို အသက်အရွယ် မရွေး ပြုပြင်မှုတွေလုပ်ရင်း စတိုင်လ်ကျကျ နေတတ်လာကြပြီ။ တကယ်တော့ ဆံပင်က အလှအပ သက်သက် မဟုတ်ပါဘူး။ ဦးရေပြားနဲ့ ဦးရေပြားအောက်က ဦးနှောက်ကိုလည်း ကာကွယ်ပေးထားတာပါပဲ။ ကျန်းမာ ရေးအတွက်လည်း အရေးပါတယ်။ ဦးနှောက် အမြှေးရောင် ရောဂါဆိုတဲ့ လူ့ဘ၀ကို တုံးသွားစေတဲ့ ရောဂါဟာ ဆံပင်ကောက်ခြင်းကြောင့်လည်း ဖြစ် တတ်တာကို အများဆုံး တွေ့ရပါတယ်။

ဘာကြောင့်လဲဆိုတော့ ဆံပင်ကောက် ထားတဲ့ပျိုမေတွေက ဆံပင်ကောက်သား အလှကို အမြဲပေါ်လွင်နေချင်တော့ ဆံပင်ကို ရေဆွတ်ထားပြီးမှ အပြင်ထွက်တတ်ကြပါတယ်။ ဒါဟာ သိပ်ကို မိုက်မဲတဲ့ လုပ်ရပ်ပါ။ အခုဆိုရင် Water Jelly ဆိုတာလည်း ပေါ်လာပါတယ်။Water Jelly လိမ်းထားတဲ့ အခါမှာလည်း ရေစိုနေမှ ပိုလှတာပါ။ ဒီတော့ တချို့ မလှချင်တွေက အိတ်ထဲမှာ ရေဖျန်းဘူး တစ်ဘူး အမြဲထည့်ထားပြီး ခြောက်တာနဲ့ ထုတ်ဖျန်းနေကြတာပါ။ ဒီတော့ နေပူပူအောက်မှာ အမြဲစိုနေတဲ့ ဆံပင်က တစ်ဆင့် ဦးနှောက်မှာ အကျိတ်တည်တာ၊ ဦးနှောက်အမြှေးရောင် တာတွေ ဖြစ်တတ်ပါတယ်။ တကယ်တော့ လှချင်တာထက် ကျန်းမာရေး လည်း ဂရုစိုက်သင့်ပါတယ်။ ဆံပင်ကိုပြုပြင် ထိန်းသိမ်းခြင်းဟာ ကိုယ့်ရဲ့ ဦးနှောက်၊ ကိုယ့်ရဲ့ကျန်းမာရေးကိုလည်း ဂရုစိုက် ထိန်းသိမ်းရာရောက်ပါ တယ်ဆိုတာ လူတိုင်း သိသင့်တဲ့အချက်တစ်ခုပါ။

အရေးအကြီးဆုံး အချက်ကို ပန်ပန်က နောက်ဆုံးအနေနဲ့ တင်ပြသွားရာမှာ မိမိနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံကို ကျွမ်းကျင်သူနဲ့ ဆွေးနွေးတိုင်ပင်ရုံသာမက မိမိရဲ့အလုပ်၊ မိမိရဲ့အခြေအနေနဲ့ လိုက်တဲ့ ဆံပင်စတိုင်လ်ဟာ မိမိနဲ့ အသင့် တော်ဆုံးပါပဲလို့ ဆိုပါတယ်။

မေမွန်ကျော်

လက်မှသည်ခန္ဓာကိုယ် တစ်ခုလုံးနုပျိုစေဖို့

ပြီးခဲ့တဲ့လက ခြေထောက်အတွက် အလှအပနဲ့ ကျန်းမာရေး ဆိုင်ရာ နည်းလမ်းကောင်းတွေကို တင်ပြခဲ့ပြီး ပါပြီ။ ဒီလတော့ ပိုပြီး ပြည့်စုံသွားအောင် လက်အတွက် အလှအပ၊ ကျန်းမာရေးဆိုင်ရာ နည်းလမ်းကောင်းတွေကို အပြီးသတ် ဖော်ပြပေးလိုက် ပါတယ်။ လက်နဲ့ ခြေထောက်က အကြောတွေ အားလုံးဟာ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ဦးနှောက်နဲ့ အာရုံကြောနဲ့ ဆက်စပ်ပြီး ရှင်သန်လှုပ်ရှား နေကြတာကြောင့် သူတို့ရဲ့ ကျန်းမာကြံ့ခိုင်မှုဟာ ဦးနှောက် ကျန်းမာကြံ့ခိုင်မှုနဲ့ တိုက်ရိုက် အချိုးကျလို့ နေပါတယ်။ ဒီတော့ အပေါ်ယံ ကြည့်ရင် ခြေထောက်နဲ့ လက်အလှအပ ရေးရာလို့ ဆိုပေမယ့် ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ကျန်းမာ လှပတဲ့ အခြေခံ အချက်တွေလည်း ဖြစ်နေတာကြောင့် အချိန် အနည်းငယ် ဖဲ့ပေးပြီး ဂရုစိုက် ပေးစေချင် တာပါ။ လက်ဆိုတာကလည်း အရေးကြီး အစိတ်အပိုင်း တစ်ခုပါပဲ။ လူတစ်ယောက်ရဲ့ လှုပ်ရှားမှုကို ကြည့်ပြီး သူ့ရဲ့အကျင့် စာရိတ္တနဲ့ စိတ်ဓာတ်ကို ခန့်မှန်း အဖြေထုတ်ယူလို့ ရတယ်ဆိုတဲ့ နေရာမှာ လက်ရဲ့လှုပ်ရှားမှု၊ ပြောဟန် ဆိုဟန်တွေက အများကြီး ပါဝင်လို့ နေပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်စွာနဲ့ ပြောနိုင်ဆိုနိုင်ဖို့ အတွက် ဟန်ပါပါ လှုပ်ရှားပေးရတဲ့ လူသူရှေ့မှောက်ရောက် လက်ကလေးတွေ ကျန်းမာဖို့ လက်အတွက် နည်းလမ်းကောင်းတွေ တင်ပြပေးချင်ပါတယ်။


၁။ လက်နှိပ်ဆီ (သို့မဟုတ်) သင့်တော်ရာ Lotion, Cream တစ်ခုခုကို ခပ်ထူထူ သုတ်လိမ်းပါ။ လက်ချောင်း အားလုံးနဲ့ လက်ဖမိုး၊ လက်ကောက်ဝတ်အ ထိ နှံ့စပ်စွာ လိမ်းခြယ်ပါ။

၂။ ပထမဦးစွာ Cream အသားထဲ စိမ့်ဝင်သွားစေဖို့ နှိပ်နယ်ရာမှာ အထောက်အကူ ဖြစ်စေဖို့ ဘယ်၊ ညာ လက်နှစ်ဖက်လုံး သုံးပြီး အသာဖိနှိပ်ပေးပါ။

၃။ လက်ဆစ် ညောင်းညာမှုကို ပြေလျော့စေဖို့ အတွက် လက်ဆစ်တိုင်းကို လက်ညှိုး၊ လက်မသုံးပြီး အပေါ်အောက်နှိပ်ပါ။

၎။ လက်ဆစ်ချိုးခြင်းဟာ မှားယွင်းမှု တစ်ခုဖြစ်ပြီး မှန်ကန်တဲ့ နှိပ်နယ်ခြင်းအနေနဲ့ လက်ဆစ်ကို ဘေးနှစ်ဖက်ကနေ ဖိညှစ်ပေးရပါမယ်။

၅။ လက်ချောင်း တစ်ခုချင်းစီရဲ့ကြားထဲကို နှိပ်နယ်ခြင်းဟာ လက်က တစ်ဆင့် ဦးနှောက်နာဗ်ကြော အထိ အကျိုးသက်ရောက်မှု ရှိစေပါတယ်။ လက်ချောင်းများကို အသုံးပြုရဆုံးသူတွေ အတွက် အလွန်သင့်တော်ပြီး အညောင်းအညာ ပြေစေတဲ့ နှိပ်ကွက်ပါ။

၆။ လက်မထိပ်ကို အသုံးပြုပြီး လက်ချောင်းထိပ်များနဲ့ လက်သည်းထိပ်ကို ဖိနှိပ် ပေးခြင်းအားဖြင့် လက်ချောင်းများကို ကျန်းမာ ကြံ့ခိုင်ပြီး လက်တစ်ခုလုံးရဲ့ အကြောများကို ပြေလျော့စေပါတယ်။

၇။ လက်ချောင်းတစ်ခုချင်းစီကို လက်မထိပ် အသုံးပြု ပြီး အပေါ်ကို လှန်ချိုးခြင်းအားဖြင့် လက်ချောင်းများ လှုပ်ရှားမှု သန်မာ သွက်လက်စေပါတယ်။

၈။ အဆင့်လိုက် နှိပ်လာပြီးလို့ ပြေလျော့လာတဲ့ အကြောတွေကို တစုတစည်းတည်းနဲ့ ထပ်မံ ဖြေလျော့ ပေးတဲ့ နှိပ်ကွက်တွေပါ။ လက်ချောင်းများသာမက လက်ဖ၀ါး တစ်ခုလုံးမှာ ရှိတဲ့ အကြောတွေ အတွက်ပါ။

၉။ အကြောပြေစေရုံသာမကဘဲ လက်ကို အနားယူ ဇိမ်ကျမှု အပေးဆုံး နည်းပါ။ လက်ဖ၀ါးပြင် တစ်ခုလုံး ကို လက်မ၊ လက်ချောင်းလေးတွေနဲ့ အသာဖျစ်ပေးရုံနဲ့ လက်ဖ၀ါးပြင်က အကြောတွေက တစ်ဆင့် လက်ဖျံ၊ လက်မောင်း အကြောတွေအထိ ပြေလျော့စေပါတယ်။

၁၀။ လက်အတွက် နောက်ဆုံး သော့ချက်ဖြစ်တဲ့ လက်ဖ၀ါးပြင် နှိပ်နည်းကတော့ ဦးနှောက် အာရုံကြော အထိ သက်ရောက်စေပါတယ်။ လက်ဖ၀ါးအလယ် ပြင်တည့်တည့်ကို လက်ဆစ်နဲ့ ဖိနှိပ်ပေးရပါမယ်။

၁၁။ လက်ချောင်းချင်း ထိုးယှက်ပြီး လက်ဖ၀ါး တစ်ခုလုံးကို အသာလှန်ချိုးပေးခြင်းအားဖြင့် လက်မောင်း၊ လက်ဖျံ၊ လက်ဖ၀ါး၊ လက်ချောင်း အကြော အားလုံးကို ပြေလျော့စေပါတယ်။

ကွန်ပျူတာအမြဲအသုံးပြုနေတဲ့သူေ
တွ၊ လက်ချောင်းတွေ အမြဲအသုံးပြု လှုပ်ရှားနေရတဲ့သူတွေ၊ စာရေးဆရာ၊ ကျောင်းသား၊ ကျောင်းသူ၊ လက်ကို အသုံးပြု အများဆုံးသူတွေ အတွက် အထူးသင့်လျော်တဲ့ နည်းလမ်းတွေပါ။

တစ်ပတ်ကို တစ်ခါ (သို့မဟုတ်) နှစ်ခါ ပြုလုပ်ပေးရ ပါမယ်။ နေ့စဉ် ညနေ ရေမချိုးမီ ၁၅ မိနစ်ခန့် အချိန် ယူပြီးလည်း နှိပ်နယ် ပေးနိုင်ပါတယ်။ ဒါဟာ လက်ကို ကျန်းမာကြံ့ခိုင် စေရုံသာမကဘဲ ချွေးပေါက်များ ပွင့်ပြီး အကြောပြေလျော့ကာ နုပျိုလှပတဲ့ လက်အလှ ပိုင်ရှင်လေးလည်း ဖြစ်နိုင်ပါတယ်။ တစ်ဆက်တည်းမှာပဲ လက်မနှိပ်ခင်မှာ ခြေထောက် နှိပ်နယ်ခြင်း နည်းလမ်းတွေတုန်း ကလိုပဲ ဆားရည် စိမ်ပေးနိုင် ပါတယ်။ လက်အသားအရေက ပိုပြီးနုတော့ ဆားပမာဏ ကိုတော့ လျှော့ပေးရမှာပါ။ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး လက်အသားအရေ နုပျိုစေမယ့် နည်းလမ်းလေးကိုလည်း မေတ္တာ လက်ဆောင်ပေးချင် ပါတယ်။ ဒိန်ချဉ်ကို လက်ချောင်း၊ လက်ဖမိုး အနှံ့သုတ်လိမ်းပြီး ၁၅ မိနစ်ခန့်ထားပါ။ ရေနဲ့ စင်ကြယ်အောင် ဆေးကြောပြီးတဲ့ နောက်မှာ အညစ်အကြေးနဲ့ ချေးညှော် ကင်းစင်ပြီး ၀င်းဝါ စိုပြည်နေတဲ့ လက်ကလေးကို အံ့သြဖွယ်ရာ တွေ့မြင်နိုင်မှာပါလို့ လမ်းညွှန်လိုက်ပါရစေ။


မေမွန်ကျော်

ကိုယ်သင်းနံ့လေးမွှေးစေဖို့





 လူမှုဆက်ဆံရေးနယ်ပယ်မှာ ကိုယ်သင်းနံ့လေးကောင်းမွန်မှသာ မိမိကိုယ်မိမိယုံကြည်မှုရှိပြီး ပေါင်းသင်း
ဆက်ဆံရေးမှာလည်း အောင်မြင်မှာပါ။ တချို့ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှုနည်းပြီး အမွှေးနံ့သာတွေနဲ့ဖုံးအုပ်
တတ်ပါတယ်။ ဒါပေမဲ့ တကယ့်စစ်မှန်တဲ့ ကိုယ်သင်းနံ့ကိုတော့ မပိုင်ဆိုင်နိုင်ပါဘူး။ လူ့ခန္ဓာကိုယ်မှအနံ့ဆိုးထွက်ရ
တဲ့ အကြောင်းရင်းတွေထဲမှာ လိင်အမျိုးအစားအလိုက်လည်းကွာခြားပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေ
ထက် ချွေးနံ့ပိုထွက်လေ့ရှိပါတယ်။ ဒါတွေအပြင်နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေနဲ့ဆေးဝါးတွေကလည်းချွေး
နံ့ထွက်စေတဲ့ ကိစ္စတွေပါပဲ။ ကျန်းမာရေးချို့တဲ့ခြင်း၊ ဆေးပြင်းပြင်းများမှီဝဲခြင်း၊   အရက်သောက်ခြင်း၊  ဇင့်ဓာတ်
လျော့နည်းခြင်းနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိခြင်းတွေကတော့ခန္ဓာကိုယ်မှအနံ့ဆိုးထွက်စေတဲ့အဓိကအကြောင်း
အရာတွေလို့ လေ့လာတွေ့ရှိရပါတယ်။

ချွေးနံ့သက်သာစေမည့် အစားအစာများ
အမျှင်ဓာတ်ပြည့်ဝတဲ့ အစားအစာများ၊ ဂျုံနဲ့လုပ်တဲ့စားသောက်ဖွယ်ရာများ၊ အစိမ်းရောင်ခြယ်အသီးအနှံများ၊ဟင်း
သီးဟင်းရွက်များနဲ့ မုန်လာဥနီကို နေ့စဉ်ပုံမှန်စားသုံးပေးခြင်းက ကိုယ်သင်းရနံ့ကောင်းအောင်အထောက်အပံ့ဖြစ်
စေပါတယ်။
ချွေးနံ့သက်သာစေမည့် အပြုအမူများ 

ချွေးနံ့သက်သာစေဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးက အလွန်အရေးကြီးပါတယ်။ နေ့စဉ်  ရေမှန်မှန်ချိုးပြီး တစ်နေ့အ
ဝတ်အစားတစ်နေ့ပုံမှန်လျှော်ပါ။ အဝတ်အစားများကို မလျှော်ဘဲထပ်တလဲလဲ  ဝတ်ဆင်ခြင်းကိုတော့ လုံးဝရှောင်
ကြဉ်သင့်ပါတယ်။ အခါအားလျော်စွာ ချွေးနံ့ထွက်စေတဲ့ နေရာများကို သန့်စင်တဲ့အဝတ်စ၊ တစ်သျှူးစတွေနဲ့ ပွတ်
တိုက်ပေးပါ။ ရေများများသောက်ခြင်းကလည်း ချွေးနံ့ဆိုးများသက်သာစေတဲ့ နည်းလမ်းပါပဲ။ ပူပြင်းတဲ့ရာသီဥတု
မှာအေးပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားများကိုသာဝတ်ဆင်ပါ။ဒါပေမယ့်လက်ပြတ်အင်္ကျီဝတ်ဆင်
ခြင်းကိုတော့ ရှောင်ကြဉ်ပါ။ ချွေးနံ့ကိုအတိုင်းသာ ပေါ်လွင်စေလို့ပါပဲ။ 

ချွေးနံ့သက်သာစေမည့် နည်းလမ်းများ- ရှာလကာရည်ကတော့ ချွေနံ့အတွက် အစွမ်းထက်တဲ့ အိမ်တွင်းဆေးဝါးကောင်းပါပဲ။ ဂွမ်းနဲ့တို့ပြီးချွေးနံ့ထွက်စေ
တဲ့ ချိုင်းကြားနေရာတွေကို သုတ်လိမ်းပေးနိုင်ပါတယ်။ ချိုင်းမွေးနုတ်ပြီး ဒါမှမဟုတ် ရိတ်ပြီး စမှာတော့ ရှာလကာ
ရည်ကို မသုံးဖို့သတိပြုပါ။
- မုန့်ဖုတ်ဆော်ဒါနဲ့ ရှောက်ရည်၊ သံပရာရည် စတာရောစပ်ပြီးသုတ်လိမ်းပေးခြင်းကလည်း ချွေးနံ့သက်သာစေပြီး
ဘက်တီးရီးယားပိုးများကိုလည်း သေစေနိုင်ပါတယ်။
- ရေချိုးကန်ထဲမှာ ခရမ်းချဉ်သီးရည် ဒါမှမဟုတ် ပျားရည်   အနည်းငယ်ထည့်ပြီး ၁၅ မိနစ်ခန့်  ရေစိမ်ပေးခြင်းက
လည်း ကိုယ်သင်းနံ့မွှေးစေနိုင်ပါတယ်။ အာလူးကို ပါးပါးလှီးပြီးချိုင်းကြားမှာကပ်ပေးပါ။ ခြောက်သွေ့သွားတဲ့အခါ
ခွာပြီးရေဆေးပေးရင် တစ်နေ့တာလုံး ချွေးနံ့ကင်းစင်စေမှာပါ။
- ခန္ဓာကိုယ် အနံ့ဆိုးထွက်စေတဲ့   အကြောင်းအရာတွေထဲမှာ ခြေဆီလို့ခေါ်တဲ့ ခြေထောက်မှ  ထွက်တဲ့ ချွေးနံ့က
လည်း ပါဝင်ပါတယ်။ ဒါကြောင့်ခြေဖဝါးနဲ့ ခြေချောင်းလေးများကို နေ့စဉ်  ချေးချွတ် သန့်စင်ပေးပြီး ဖိနပ်စီးရာမှာ
လည်း လေဝင်လေထွက်ကောင်းတဲ့ဖိနပ်မျိုးကိုစီးပါ...

14.2.12

မင်းသမီး

"မင်းသမီး"


ဘ၀ရုပ်ရှင်ရဲ့တစ်ခန်းရပ်ပြဇာတ်တွေမှာသရုပ်ဆောင်ဖုးပါရဲ့
မင်းသမီးတော့မဟုတ်ပါဘူး
ဇာတ်ပို့ဇာတ်ရံနေရာပေါ့
တတ်နိုင်သလောက်အကောင်းဆုံးလုပ်ဆောင်ပေးခဲ့ဖူးပါတယ်
ချစ်သူကိုမင်းသားတင်ထားတဲ့ ဇာတ်လမ်းမှာပေါ့
တစ်ခါလောက်မင်းသမီးလုပ်မလားလို့စဉ်းစားမိတယ်
အကြောင်းမလှတဲ့ကျွန်မ ဇာတ်ရံနေရာမှာပါဘဲ
ချစ်သူရဲ့မင်းသမီးက ကျွန်မမဟုတ်ခဲ့ဘူး
ဒါပေမယ့်တတ်နိုင်တဲ့နေရာကနေ အကောင်းဆုံးဖြစ်အောင်သရုပ်ဆောင်ပေးခဲ့ပါတယ်
အဲဒီမှာလောကသဘာဝအကဲဖြတ်တွေက ၀ိုင်းပြီး ဆုတစ်ခုပေးခဲ့ပါတယ်
အကယ်ဒမီ...တဲ့
သူတို့ ခေါ်လိုက်တဲ့နာမယ်က
အလွမ်းမင်းသမီး ..... တဲ့
သြော် .........ကျွန်မမင်းသမီးဖြစ်သွားပြီဘဲ.........

နှစ်လိုစွာ…

နှစ်လိုစွာ…

ကဗျာ — အိမ့်ချမ်းမြေ့
 table5.jpgဘ၀မှာ တစ်ခါလောက်..
တစ်စုံတစ်ရာကို နှစ်နှစ်လိုလို ချစ်ဖူးချင်တယ်…။
အတားအဆီးတွေ..
စည်းမျဉ်းဘောင်တွေ…
ပုံစံခွက်တွေ..
တစ်ညီတစ်ညွတ်ထဲ ခေါင်းငြိမ့်မှုတွေ နဲ့ နာခံမှုတွေ..
နောက်ပြီး…
ဆုံးမ သြ၀ါဒတွေ..
အဲဒါတွေ..အဲဒါတွေရဲ့ ဟိုးအဝေးက
တစ်စုံတစ်ရာကို..
နှစ်နှစ်လိုလို
ကိုယ်..
ချစ်ချင်တယ်..။
အဲသလို….
ဘာသာသတ်မှတ်ထားတဲ့ မှန်ကန်မှုတွေက
ပုန်ကန်မှုတွေလို အယောင်ဆောင်ပြီး
ညညဆိုလန့်နိုး
ကမူးရူးထိုးနဲ့ထ
ဝတ်ရုံနက် လှလှကြီးတွေခြုံ
အယုံသွင်းတဲ့လက်ကြီးတွေနဲ့
တွဲခေါ်တော့မလိုလို…
ဟော…….
အနက်ရှိုင်းဆုံးထဲဆွဲခေါ်သွားဖို့
ကြိုးစားတတ်ကြသေးတယ်..။
မိုးတစိမ့်စိမ့်ရွာနေတဲ့နေ့က
ချိုကျတစ်ခွက်သောက်နေတဲ့ သူငယ်ချင်းကို
သော့သော့ညှင်းရယ်သံနဲ့ပြောဖူးတယ်..
“တစ်ကယ်ဆို..
ငါ.. မချစ်ဖူးဘူး.. နင်သိလားဟင်..”
စကားမဆုံးခင် သူငယ်ချင်းရဲ့မျက်ဝန်းနက်တွေမှာ..
လက်ကနဲလင်းကနဲ..ထင်းသွားတဲ့အရောင်တွေ..။
အဲသလို..
အူကြောင်ကြားအတွေးတွေနဲ့ မွန်းကျပ်တဲ့ခံစားချက်တွေဟာ..
ကိုယ့်ရင်ကိုလေ.. ငွေ့ငွေ့ကလေး
ထွေး..လို့၊ ပွေ့…လို့။
ဒီလိုနဲ့…
ရင်ထဲက အဲဒီအတွေးတွေရယ်..
ဦးနှောက်ထဲက ခံစားချက်တွေရယ်က
ခပ်တိုးတိုးဆိုတယ်..
“သူတို့တွက် လူ့အခွင့်အရေးဟာ ဘာလည်းဟင်…” တဲ့…
ဘ၀မှာလေ..
တစ်စုံတစ်ရာကို
နှစ်လိုစွာနဲ့ ချစ်ကြည့်ချင်လိုက်တာဆိုတာ..
အဲဒီအရာဟာ..
ဖန်ခွက်၊ သစ်သီး၊ မီး ပဲဖြစ်ဖြစ်..
ရေမှုတ်၊ ပူပေါင်း၊ စောင်း ပဲ ဖြစ်ဖြစ်..
ဂစ်တာ၊ တယော၊ ဗျော ပဲ ဖြစ်ဖြစ်…
ကွယ်…
ချစ်ကြည့်ချင်တယ်..
တစ်ကယ်..
း)

နှင်းလ

ကောင်းကင်ကို လည်ပြန်မော့ကြည့်တော့
ညဉ့်အမှောင်ထဲ
ခေါက်တုံ့ခေါက်ပြန်နဲ့
တောက်နေတဲ့ တိမ်တွေ။
ဆောင်းနှင်းစက်တို့ကလည်း
လမင်းကို ခ ယ
တသသ နဲ့
ခပ်ဖွဖွ နမ်းတယ်။
“ငါ မပြုံးတတ်တော့တာ ကြာပြီ” လို့
နှင်းလမင်း က
မြေပြင်ကို ငုံ့ကြည့်ရင်း
ခပ်တင်းတင်းဆိုတယ်။
ရေခဲရိုက်သစ်ရွက်တွေကြား
ငှက်ခါးတစ်ကောင်က နားတယ်။
ခြေရာမဲ့ နှင်းပြင်ကြီး
အထီးကျန် ကြိုးတန်းနဲ့
လမ်းပျောက်နေတဲ့ တောက်တဲ့
ဘ၀ကို ငဲ့ကွက်
လှည့်ကွက်လို ကုတ်တွယ်ထားတယ်။
လမင်းကို မော့ကြည့်တော့
မပြုံးတတ်တော့ပါဘူး ဆိုတဲ့ နှင်းလမင်း က
ဖွဖွလေး ပြုံးနေတယ်
အနားက ကြယ်ကလေးကိုပါ။
အေးခဲနေတဲ့ မြေပြင်ဟာ
ရေခဲရိုက်သစ်ရွက်တစ်ရွက်
ဝန်တိုမှု အပိုင်းအစ
သံဆူးကြိုးပေါ်က စီးမျောတဲ့ လရောင်
လွင်တီးခေါင် အလွမ်းတွေကို
နူးညံ့မှုကင်းစွာနဲ့ပဲ
လက်ဖ၀ါးထဲ ထည့်ချွေလိုက်တယ်။
လှလွန်းတဲ့ နှင်းလ ကို
စိတ်နာနာနဲ့ မော့ကြည့်တော့
မပြုံးတတ်တော့ပါဘူး ဆိုသူ နှင်းလမင်းကြီးကတော့

အနားက ကြယ်ကလေးကို
ကပ်ကပ်ပြီးတော့ …
တဖျတ်ဖျတ်ရယ်ပေါ့ကွယ်…။
အခုလာမယ့် ၂ရက်မှာ ပြည့်မယ့် လ “snow moon” ကို အမှတ်တယ ကဗျာဖွဲ့ကြည့်ပါတယ်ရှင် …
ဓာတ်ပုံကိုတော့ နက္ခတ်ဆိုက်ဒ်တစ်ခုက ရပါတယ်။

အဖြူရောင်...နတ်သမီး


နတ်သမီး...
ရင်ထဲက မီးတစ်ချို့ကိုငြှိမ်းလှဲ့ပါ
သံလျှက်တစ်ဖက် နှင်းဆီတစ်ခက်နဲ့
ဒီတေလေကို...စီရင်ချက်ချပါ ...

တခါတခါ ကောင်းကင်ကိုမော့ကြည့်တယ်
တခါတခါ ကြယ်တွေကိုရှာဖွေတယ်
နင်ဘယ်မှာလဲ နတ်သမီးရယ်
အဝေးရောက် အိမ်လွမ်းသူအတွက်
နတ်သမီး......တေးသံ
နတ်သမီး......ကဗျာ
နတ်သမီး......ရုပ်ပုံလွှာ
အို.......ဟိုး.....အ ေ ၀ း မွ ာ .........

မျက်လုံးမှိတ်ရင်
အလင်္ကာတစ်ချို့ ခုန်ထွက်တယ်
အဝေးကိုကြည့်ရင်
အရောင်တစ်ချို့ ပျယ်လွင့်ကုန်တယ်...
အို...နတ်သမီးရယ်.....
လွမ်းတယ်...လွ မ်း တ ယ် ..လွ မ်း တ ယ် . . . ။

နတ်သမီး
လူတစ်ချို့ အချစ်ကို ရှာဖွေတယ်...
လူတစ်ချို့ သံယောဇဉ်ကို ရှာဖွေတယ်...
လူတစ်ချို့ လူတစ်ချို့ဆီက ရနိုင်သမျှ ရှာဖွေကြတယ်
ငါကတော့....ခင်မင်မှုတရားပဲရှာချင်တယ်ကွယ်...

ဟိုး......မှာကြည့်
တို့တွေ့ရမဲ့အနာဂါတ်တွေ
ရိုးသားမှုအပြည့်နဲ့ မာန်မာနဆူးတောတွေရှင်းထားတယ်
ငါ့လက်ကိုဆွဲ
ခပ်ရဲရဲသာ ၀င်ခဲ့ကွယ်
နင်ကြိုက်တဲ့ နှင်းဆီတချို့နဲ့ ၀ိုင်တစ်ခွက်
ဂစ်တာတစ်လက်နဲ့ ငါကြိုနေမယ် .....။

သက်တန့်ချို

" ချစ်သူ "


ချစ်သူ....
တို့နှစ်ယောက်ဟာ မျဉ်းပြိုင်တွေမဟုတ်ကြဘူး
ဆုံမှတ်တစ်ခုတော့ရှိခဲ့ပါရဲ့...
ဦးတည်ရာခြင်းက ဆန့်ကျင်ဖက်..
ဒီလိုနဲ့...ဒီ လို နဲ့ .... ဒီ လို နဲ့ .......
အချိန်ကြာလေ...ဝေးလေလေ
ကမ္ဘာမြေရဲ့ တစ်ဖက်ခြမ်းစီမှာကွယ်....

ချစ်သူ...
ရင်ခွင်ကို ခွဲထုတ်ပြဖူးပါရဲ့
မင်း စကားသံတွေ ငါလွမ်းတယ်
မင်းအကြည့်တွေ ငါလွမ်းတယ်
နောက်ဆုံး..ခြေသံကြားတိုင်း...
ငါက....နောက်ပြန်လှည့်ကြည့်တတ်ခဲ့သူပါ ...

ချစ်သူ.....
တို့တွေ ရေမြေခြားတယ်..
ဒါပေမယ့်..ငါ့နှလုံးခုန်သံနွေးနေခဲ့တယ်
တို့တွေ...အနေအေးတယ်...
ဒါပေမယ့်...ငါ သွေးမအေးခဲ့ဘူး
တို့တွေ.....တို့ တွေ . . . တို့ တွေ . . .
ဝေးနေခဲ့ကြတယ်...

ချစ်သူ..
အလွမ်းတွေသာ ကိုင်တွယ်ပြလို့ရမယ်ဆို
ငါပြလိုက်ချင်ပါရဲ့....
ဒီအလွမ်း..ကောင်းကင်ကြီးပေါ်မှာ..
ငါတို့ အတွေးတွေဆုံကြမယ်...

ချစ်သူ...
ရွှေအိုရောင်ကောင်းကင်မှာ
သက်တန့်ရောင်တွေပြေးနေကြတယ်
လေပြည်ငယ်ဆော့ကစားလို့
ငှက်ကလေးတွေမြူးနေကြတယ်
မိုးပြေးလေးတခြိမ်းခြိမ်း
မြက်ပင်လေးတွေယိမ်းနေကြတယ်
နင်...ဘယ်မှာလဲကွယ်....

ချစ်သူ....
အရှိတရားထက်...အသိတရားကခက်တယ်
မင်းပြောခဲ့ဖူးတယ်..
" လမ်းခွဲမယ်ဆိုရင်တောင်နှုတ်မဆက်ချင်ဘူး " တဲ့...
ဒါပေမယ့်...
နင်ဘာကြောင့် နှုတ်ဆက်သွားသလဲကွယ်...

သက်တန့်ချို
ဖေဖော်ဝါရီ ၄ ရက်နေ့

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်..................

1.2.12

ငါ့ရဲ့ ကဗျာ



ကဗျာဆိုတာ ‘ရင်ထဲကအရာတွေကို စကားလုံးကျစ်ကျစ်နဲ့ လှလှပပ လှစ်ဟပြတာ’ တဲ့ (ကိုယ့်ဘာသာ အဲလိုထင်တာပဲ)။ ဒီစာတွေက ကဗျာဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ‘တကယ်ဖြစ်ခဲ့တဲ့အရာ ငါ့ရင်ထဲက အနာတွေပါ’ …
“သေပြီးသားအနာဂါတ်”
အသည်းမှာစိုက်မယ်ဆိုပြီး တူးဆွခဲ့တာလည်း … မင်း
ဘ၀င်တွေမြင့်လောက်အောင် ယုယခဲ့တာလည်း … မင်း
ငါ့ကို ချနင်းမယ်ဆိုတော့လည်း မငြင်းရက်ခဲ့ပြန်ဘူးလေ … ။

အကောက်သွားပြီး အဖြောင့်ရောက်ချင်တဲ့
ခပ်မြင့်မြင့် လူမိုက်
အမှောက်တိုက်ထဲမှာပဲ
ထုံလို့ မှိုင်းလို့။
အရှေ့ရောက်ချင်လို့ အနောက်ကိုသွားတဲ့
ကိုလံဘတ်လို လူစားငါ
မင်းပြန်လာဦးမှာ လို့
ငါ့ကိုငါ ညာထားတယ်။

ပြည့်ဖြိုး
 
Template by Spirit at Code Quirks.
Images by Marie Keiyou. ©2009