14.2.12

အဖြူရောင်...နတ်သမီး


နတ်သမီး...
ရင်ထဲက မီးတစ်ချို့ကိုငြှိမ်းလှဲ့ပါ
သံလျှက်တစ်ဖက် နှင်းဆီတစ်ခက်နဲ့
ဒီတေလေကို...စီရင်ချက်ချပါ ...

တခါတခါ ကောင်းကင်ကိုမော့ကြည့်တယ်
တခါတခါ ကြယ်တွေကိုရှာဖွေတယ်
နင်ဘယ်မှာလဲ နတ်သမီးရယ်
အဝေးရောက် အိမ်လွမ်းသူအတွက်
နတ်သမီး......တေးသံ
နတ်သမီး......ကဗျာ
နတ်သမီး......ရုပ်ပုံလွှာ
အို.......ဟိုး.....အ ေ ၀ း မွ ာ .........

မျက်လုံးမှိတ်ရင်
အလင်္ကာတစ်ချို့ ခုန်ထွက်တယ်
အဝေးကိုကြည့်ရင်
အရောင်တစ်ချို့ ပျယ်လွင့်ကုန်တယ်...
အို...နတ်သမီးရယ်.....
လွမ်းတယ်...လွ မ်း တ ယ် ..လွ မ်း တ ယ် . . . ။

နတ်သမီး
လူတစ်ချို့ အချစ်ကို ရှာဖွေတယ်...
လူတစ်ချို့ သံယောဇဉ်ကို ရှာဖွေတယ်...
လူတစ်ချို့ လူတစ်ချို့ဆီက ရနိုင်သမျှ ရှာဖွေကြတယ်
ငါကတော့....ခင်မင်မှုတရားပဲရှာချင်တယ်ကွယ်...

ဟိုး......မှာကြည့်
တို့တွေ့ရမဲ့အနာဂါတ်တွေ
ရိုးသားမှုအပြည့်နဲ့ မာန်မာနဆူးတောတွေရှင်းထားတယ်
ငါ့လက်ကိုဆွဲ
ခပ်ရဲရဲသာ ၀င်ခဲ့ကွယ်
နင်ကြိုက်တဲ့ နှင်းဆီတချို့နဲ့ ၀ိုင်တစ်ခွက်
ဂစ်တာတစ်လက်နဲ့ ငါကြိုနေမယ် .....။

သက်တန့်ချို

No comments:

Post a Comment

 
Template by Spirit at Code Quirks.
Images by Marie Keiyou. ©2009