1.2.12

ငါ့ရဲ့ ကဗျာ



ကဗျာဆိုတာ ‘ရင်ထဲကအရာတွေကို စကားလုံးကျစ်ကျစ်နဲ့ လှလှပပ လှစ်ဟပြတာ’ တဲ့ (ကိုယ့်ဘာသာ အဲလိုထင်တာပဲ)။ ဒီစာတွေက ကဗျာဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ‘တကယ်ဖြစ်ခဲ့တဲ့အရာ ငါ့ရင်ထဲက အနာတွေပါ’ …
“သေပြီးသားအနာဂါတ်”
အသည်းမှာစိုက်မယ်ဆိုပြီး တူးဆွခဲ့တာလည်း … မင်း
ဘ၀င်တွေမြင့်လောက်အောင် ယုယခဲ့တာလည်း … မင်း
ငါ့ကို ချနင်းမယ်ဆိုတော့လည်း မငြင်းရက်ခဲ့ပြန်ဘူးလေ … ။

အကောက်သွားပြီး အဖြောင့်ရောက်ချင်တဲ့
ခပ်မြင့်မြင့် လူမိုက်
အမှောက်တိုက်ထဲမှာပဲ
ထုံလို့ မှိုင်းလို့။
အရှေ့ရောက်ချင်လို့ အနောက်ကိုသွားတဲ့
ကိုလံဘတ်လို လူစားငါ
မင်းပြန်လာဦးမှာ လို့
ငါ့ကိုငါ ညာထားတယ်။

ပြည့်ဖြိုး

No comments:

Post a Comment

 
Template by Spirit at Code Quirks.
Images by Marie Keiyou. ©2009