14.2.12

မင်းသမီး

"မင်းသမီး"


ဘ၀ရုပ်ရှင်ရဲ့တစ်ခန်းရပ်ပြဇာတ်တွေမှာသရုပ်ဆောင်ဖုးပါရဲ့
မင်းသမီးတော့မဟုတ်ပါဘူး
ဇာတ်ပို့ဇာတ်ရံနေရာပေါ့
တတ်နိုင်သလောက်အကောင်းဆုံးလုပ်ဆောင်ပေးခဲ့ဖူးပါတယ်
ချစ်သူကိုမင်းသားတင်ထားတဲ့ ဇာတ်လမ်းမှာပေါ့
တစ်ခါလောက်မင်းသမီးလုပ်မလားလို့စဉ်းစားမိတယ်
အကြောင်းမလှတဲ့ကျွန်မ ဇာတ်ရံနေရာမှာပါဘဲ
ချစ်သူရဲ့မင်းသမီးက ကျွန်မမဟုတ်ခဲ့ဘူး
ဒါပေမယ့်တတ်နိုင်တဲ့နေရာကနေ အကောင်းဆုံးဖြစ်အောင်သရုပ်ဆောင်ပေးခဲ့ပါတယ်
အဲဒီမှာလောကသဘာဝအကဲဖြတ်တွေက ၀ိုင်းပြီး ဆုတစ်ခုပေးခဲ့ပါတယ်
အကယ်ဒမီ...တဲ့
သူတို့ ခေါ်လိုက်တဲ့နာမယ်က
အလွမ်းမင်းသမီး ..... တဲ့
သြော် .........ကျွန်မမင်းသမီးဖြစ်သွားပြီဘဲ.........

No comments:

Post a Comment

 
Template by Spirit at Code Quirks.
Images by Marie Keiyou. ©2009