12.3.12
အမြဲလှနေစေဖို့ လျှို့ ဝှက်ချက်များ
ပြီးပြည့်စုံတဲ့ အလှအပဆိုတာ ကျန်းမာကြံ့ခိုင်မှု၊ စတိုင်ကြမှု၊ ခန့် ညားမှု နဲ့  ယုံကြည်မှုတွေရဲ့  ပေါင်းစီးထားတာပါ။ မြန်မာမလေးများအားလုံး အမြဲ လှပနေအောင် Wiki How မှ Ben Rubensteinေ၇းသားတဲ့ How to Look Like a Model ဆောင်းပါးလေးကို ဆီလျော်အောင် ဘာသာပြန်လိုက်ပါတယ်ရှင်။ အားလုံးပဲ ရွှင်လန်းချမ်းမြေ့လို့  လှသထက် လှကြပါစေ။
၁။ ကျန်းမာခြင်းက ပိန်ခြင်း၊ ဝခြင်းထက် ပိုအရေးကြီးပါတယ်။ ရှိသင့်တဲ့ ဝိတ်ကို လေ့လာပြီး အဲဒီဝိတ်အတွင်းရှိအောင်နေပ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ အစာကို သင့်တော်မျှတအောင်စားခြင်း၊ေ၇များများသောက်ခြင်းဖြင့် ကျန်းမာတဲ့ ကိုယ်ခန္ဓာ ရအောင်ကြိုးစားယူပါလို့ စာရေးသူ Ben Rubenstein က အကြံပေးထားပါတယ်။ ကိုယ်ခန္ဓာ က ဘာတွေစားနေသလဲဆိုတာဖော်ပြပေးပါတယ်။ သင်ဟာ အစားအသောက် အနေထိုင် ဆင်ခြင်နိုင်သူ၊ လေ့ကျင့်ခန်းပုံမှန်လုပ်သူ၊ ကျန်းမာပျော်ရွှင်သူဖြစ်ကြောင်းကို လည်း သင့် ခန္ဓာကပြောပေးနိုင်ပါတယ်။ စိတ်ကျေနပ်စရာ အဆီကင်းတဲ့ ခန္ဓာကိုယ်ကို ရပြီဆိုရင် ယုံကြည်မှုတွေတိုးပြီး လှနေတော့တာပါပဲ။ Model တွေလို အရမ်းကြီးပိန်ဖို့ ၊ နည်းနည်း ထပ်ဝဖို့  ဆိုတာတွေက အရေးမကြီးလှပါဘူး။ ကျန်းမာတဲ့ ခန္ဓာကိုယ်ဟာ လှပတဲ့ ခန္ဓာကိုယ်ပါပဲ။
၂။ ဆံစ က စလို့ ၊ ခြေဖျားထိ အလှပကို အမြဲ ဂရုစိုက်နေဖို့ လိုပါတယ်။ လှပတဲ့ မျက်နှာလေးနဲ့  အလှပဆိုတာ မလုံလောက်သွားပါဘူ။ တနည်းအားဖြင့် ပြည့်စုံလှပတဲ့ မျက်နှာမျိုး သင့်မှာ ရှိမနေခဲ့ရင်လည်း စိတ်ညစ်နေဖို့ မလိုပါဘူး။ လှပမှုဆိုတာ စိတ် နဲ့ ခန္ဓာ နှစ်ခုလုံးကို ထိန်းသိမ်းထားနိုင်မှုပါ။
အလှပနဲ့ ပတ်သက်ပြီး အများစု မေ့နေကြပြီး အရေးကြီးလှတဲ့ အစိတ်ပိုင်းနှစ်ခုက ဆံပင် နဲ့ ဖိနပ်ပါ။ မိပ်ကပ်နဲ့ အဝတ်စား ဘယ်လောက်လှနေပါစေ၊ ပုံမကျတဲ့ ဆံပင်နဲ့  ဖိနပ်ကို စီးထားမယ်ဆိုရင် သင့်လှပမှုကို ဘယ်သူမှ အသိမှတ်ပြုမှာမဟုတ်ပါဘူးတဲ့။ အမြဲ လှပပြီး ခေတ်မှီတဲ့ ဆံပင်မျိုးရှိနေ ဖို့ အလှအပ နဲ့ ဆံပင်ဆိုင်ရာ Magazine တွေ၊ ဆံပင်ညှပ်သူတွေ ဆီကနေ ကိုယ်နဲ့ လိုက်ဖက်တဲ့ ပုံစံမျိုးကို သုံးလ တစ်ကြိမ်လောက် ညှပ်ပေးပါ။ နေ့ စဉ် ဆံပင်ကို သန့် ရှင်းပြီး ပုံစံ ကြနေပါစေ။ ဆံသားေ၇ာင် အ၇မ်းမွဲ နေရင်တော့ ဆေးဆိုးပါ။ ဆေးဆိုးပြီး ပေါင်းတင်၊ ပုံမှန်ဂရုစိုက်မှုတွေလုပ်ပေးရင် ဆံသားလည်းမပျက်စီးပဲ အမြဲ လှပတောက်ပြောင်နေပါလိမ့်မယ်။
လှပပြီး တောက်ပြောင်နေတဲ့ ဖိနပ်တရံ က သင့် ရဲ့ လှပမှုကို ပြည့်စုံသွားပါစေလိမ့်မယ်။
လိုက်ဖက်တဲ့ ဖိနပ်များရွေးရခက်နေခဲ့ ရင် စွယ်စုံမီဒီယာ က ဒီဖိနပ် ပို့ လေးကို ဖတ်ရှုနိုင်ပါတယ်။
၎။ Be Yourself. သင့်ဘဝကို သင့်စိတ်ကြိုက် နေပါ။ ဖုံးကွယ်မှု၊ ဟန်ဆောင်မှုများမှ ဝေးပါစေ။ စိတ်ပျော်အောင်နေပြီး  စိတ်ပါ လက်ပါပြုံးပါ။ ပျော်ရွှင်နေတဲ့ အပြုံးတခုက အခြားသူများအား အပျော်ရွှင်မှုပေးနိုင်သလို သင့်ကိုလည်း သူငယ်ချင်းသစ်တွေ၊လှပမှုတွေ ပေးပါလိမ့်မယ်။ အပြုံး ရဲ့ နောက်မှာ သင့်ဘဝကိုတော့ ဖုံးကွယ်မထားပါနဲ့ ။ သင်ဝမ်းနည်းတဲ့ အခါ၊ စိတ်အားငယ်နေတဲ့ အခါမှာလည်း သင့်ခံစားချက်ကို တခြားသူများနဲ့ မျဝေလိုက်ပါ။ ဟန်ဆောင်မှုကင်းတဲ့ လှပခြင်းကို သင်ထပ်ရပါလိမ့်မယ်။
၅။ မိပ်ကပ်ကို ကျွမ်းကျင်စွာလိမ်းတတ်အောင် လေ့ကျင့်ယူပါ။ မိက်ကပ် က အားနည်းချက်တွေကို ပျောက်စေပြီး ဖက်ရှင်ကျ လှပစေဖို့ သော့ချက်သလို Model တယောက်အတွက်လည်း မရှိမဖြစ်ပါ။ fashion magazines များ၊ website များက လေ့လာပြီး စမ်းလူးကြည့်ပါ။ အလှဆုံး မိပ်ကပ်ကို လိမ်းချယ်တတ်ဖို့ လျှို့ ဝှက်ချက်ကတော့ လေ့ကျင့်နေဖို့ ပါပဲ။ လေ့ကျင့်မှုများလေ သင်နဲ့ လိုက်ဖက်တဲ့ပုံစံမျိုးကို ဖန်တီး နိုင်လေပါပဲ။
6. တကိုယ်လုံးရဲ့ လှပမှုကို အမြဲ ဂရုစိုက်နေပါ။ သွားလေးတွေ ဖြူနေအောင်၊ တံတောင်ဆစ်၊ ဒူးခေါင်းတွေ ညိုမနေအောင်၊ ခြေ လက်ချောင်းလေးတွေ အမြဲသန့် ရှင်းနေအောင် နေပါ။ အသားရည်ထိန်းသိမ်းမှု အမြဲလုပ်ပါ။ အလှပဆိုင်ရာ Magazine များကို များများဖတ်ပါ။ နှစ်သက်ရာ မိမိဖြင့် ကိုယ်ခန္ဓာဆင်သော Model တဦး ရှာပြီး ဝတ်စားနေထိုင်ပုံ များသင်ယူပါ။ ခြေကို ဖြောင့်ဖြောင့်ထားပြီးလမ်းလျောက်ပါ။
လူတိုင်းမှာ အလှကိုယ်စီ ရှိကြတာမို့  ဂရုတစိုက်နဲ့ ကိုယ်ပိုင်အလှတ၇ားများကို ရှာဖွေ၊ ထိန်းသိမ်းနိုင်ကြပါစေရှင်။
အပြင်သွားမယ် ဆံပင်ရွေးချယ်- ကျစ်ဆံမြီးကျစ်နည်း (၃) မျိုး
အပြင်သွားခါနီး ဆံပင်ကို ဘာလုပ်ရင်ကောင်းမလဲလို့ စဉ်းစားဖူးပါသလား။  သင့်ရဲ့ဆံပင်ဟာ အရမ်းမတိုဘူးဆိုရင်တော့  လွယ်လည်းလွယ် လှလည်းလှမယ့် braid လို့ခေါ်တဲ့ ကျစ်ဆံမြီးကျစ်နည်း လေးတွေကို ကျစ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။
ကျစ်ဆံမြီးဆင်ယင်ပုံ တွေဟာ
  • ဘေးစောင်းလေး ကျစ်ဆံမြီးတစ်ချောင်းတည်းပဲ ကျစ်ကျစ်၊
  • အနောက်တည့်တည့် ကျစ်ဆံမြီးတစ်ချောင်းတည်းပဲကျစ်ကျစ်
  • အလယ်နှစ်ဖက်ခွဲပြီး ကျစ်ဆံမြီးနှစ်ချောင်းပဲ ကျစ်ကျစ်၊
  • ဆံပင်ကို ပုဝါ တစ်ကြိုး ရောပြီးပဲကျစ်ကျစ်
  • သင့်ကိုယ်ပိုင် တီထွင်မှုပုံစံ နဲ့ ပဲကျစ်ကျစ်
သင့်ရဲ့ဆံပင် ပုံစံကို သပ်ရပ်လှပ ဆန်းပြားသွားစေမှာသေချာပါတယ်။
ကျစ်ဆံမြီးတွေဟာ များများလေ့ကျင့်ကျစ်ပေးလေလေ ပိုမိုသပ်ရပ် လှပ လေလေ၊ ပိုလည်း လျင်မြန်လာစေတတ်လို့ အခြေခံအကျဆုံး ကျစ်ဆံမြီးကျစ်နည်း လေးတွေကို  သိပြီးသား မမတွေရော မသိသေးတဲ့ မမတွေရော သင်ကြား လေ့လာ လေ့ကျင့်နိုင်ဖို့ မျှော်လင့်ပြီး အောက်ပါ ကျစ်ဆံမြီး သုံးမျိုးကို ဖော်ပြလိုက်ပါတယ်။
  1.   ငါးမြီး သို့ ငါးရိုး ကျစ်ဆံမြီး (Fish Tail braid)
  2.   နှစ်ကြိုးလိမ် ကျစ်ဆံမြီး (Two Strand braid)
  3.   သုံးကြိုးကျစ် ကျစ်ဆံမြီး (Three String braid)
1.ငါးမြီး သို့ ငါးရိုး ကျစ်ဆံမြီး (Fish Tail braid)
အဆင့်(၁)
ပုံတွင်ပြထားသည့်အတိုင်း တူညီတဲ့ ပမာဏ ရှိတဲ့ ဆံပင် နှစ်စုခွဲပြီး ဘယ်ဘက်ဆံပင်စုရဲ့ အစွန်ဘက် (အပြင်ဘက်) မှ သေးမျှင်သော ဆံပင်လေးကို ယူပါ။
အဆင့်(၂)
ခုဏက ဘယ်ဘက်က ယူခဲ့တဲ့ ဆံပင်မျှင်လေးကို ညာဘက်က ဆံပင်စု ဘက်သို့ ပုံတွင်ပြထားသည့်အတိုင်း အလယ်ကိုဖြတ်ပြီး ယူပါ။
အဆင့်(၃)
အခုဆိုရင် ဘယ်ဘက်က ဆံပင်မျှင်လေးဟာ ညာဘက်ကဆံပင်ထဲသို့ ရောဝင်သွားပါပြီ။ မူလအစကအတိုင်း ဆံပင် စု  နှစ်စု ပြန်ဖြစ်သွားရပါမယ်။
အဆင့်(၄)
ဘယ်ဘက်ပြီးတော့ ညာဘက် က ဆံပင်မျှင်ကိုယူရမှာဖြစ်ပါတယ်။ ညာဘက် ဆံပင်စုရဲ့ အစွန်ဘက် (အပြင်ဘက်) မှ သေးမျှင်သော ဆံပင်လေးကို ပုံတွင်ပြထားသည့် အစိမ်းရောင်အမျှင်ကဲ့သို့ ယူပါ။
အဆင့်(၅)
ထုံးစံအတိုင်း ဘယ်ဘက် အုပ်စုကို သွားပြီး ရောပါ။
အဆင့်(၆)
ရောပြီးသွားရင် ဆံပင်အုပ်စုဟာ နှစ်စုပဲပြန်ပြန်ဖြစ်သွားမှာဖြစ်ပါတယ်။
ဒီလိုနဲ့ ဘယ်ဘက်ပြီးရင် ညာဘက်၊ ညာဘက်ပြီးရင် ဘယ်ဘက် နဲ့ အစွန်ဘက်က ဆံပင်မျှင်လေးတွေကို ဆွဲထုတ်ပြီး ရောယှက်လိုက်မယ်ဆို လှပတဲ့ ငါးရိုးကျစ် လေးကိုရရှိမှာဖြစ်ပါတယ်။ ယူတဲ့ ဆံပင်အမျှင်ပမာဏ ပေါ်မူတည်ပြီးတော့ ငါးရိုးအသေး၊ အကြီး ပုံပေါ်လာနိုင်ပါတယ်။ ကြိုက်နှစ်သက်ရာ အရွယ်အစားကို ကျစ်ယူ လေ့ကျင့် စမ်းသပ်ကြည့်ကြပါနော်။
2.နှစ်ကြိုးလိမ် ကျစ်ဆံမြီး (Two Strand braid)
ဒီနည်းလေးဟာ ပိုပြီး ရိုးစင်းလွယ်ကူပါတယ်။
အဆင့်(၁) ဆံပင်ကို အရင်းကနေ သားရေကွင်းနဲ့ စည်းပါ။
အဆင့်(၂) တူညီသောပမာဏရှိတဲ့ ဆံပင် အုပ်စု ကို နှစ်စုခွဲပါ။
အဆင့်(၃) ဆံပင်တစ်စုချင်းစီကို  မာကျစ်နေအောင် ကိုယ့်လက်ညိုး နဲ့ တစ်ဖက်တည်းသို့ (ညာဘက်) လှည့်လိမ်ပါ။ဘယ်ဘက် ဆံပင်စုကို ဘယ်ဘက် လက်ညိုးနဲ့ လိမ်ပြီး ထိမ်းထားပါ။ ညာဘက်ဆံပင်စုကို ညာဘက်လက်ညိုးနဲ့ လိမ်ပြီး ထိမ်းထားပါ။
အဆင့်(၄) လိမ်ပြီးလို့ မာတောင့်နေတဲ့ ဆံပင် စု နှစ်ခုကို အချင်းချင်း (ဘယ်ဘက်)သို့ လှည့်လိမ်ပါ။ နှစ်စုပြန်လိမ်ရင်း ကြားထဲမှာ တစ်ချောင်းချင်းစီရဲ့ အလိမပြေသွားခဲ့ရင် အဲဒီနေရာမှာပဲ တစ်ကြိုးချင်းစီလည်းလိမ်၊ နှစ်ကြိုးလည်းပြန်လိမ် တစ်ဆက်တည်းလုပ်သွားလို့ရပါတယ်။
အဆင့်(၅) အဆုံးသတ်မှာ သားရေကွင်းနဲ့ ပြန်စည်းပါ။
ဒီနည်းမှာ ဆံပင်ကို မာတောင့်နေအောင် လိမ်ဖို့ပဲလိုပါတယ်။ တစ်ချောင်းချင်းစီလိမ်တဲ့ ဘက် နဲ့ နှစ်ချောင်းပြန်လိမ်တဲ့ဘက် ဆန့်ကျင်ဘက်ဖြစ်ရင်ရပါပြီ။
3.သုံးကြိုးကျစ် ကျစ်ဆံမြီး
အဆင့်(၁)
တူညီသောဆံပင် ပမာဏ သုံစု ခွဲပြီး A, B, C လို့ ခေါ်ကြရအောင်။
အဆင့်(၂)
အစွန်ဆုံးက A ကို  အခြားတစ်ဖက်အစွန်ဆုံးက C နဲ့ ပုံတွင်ပြထားသည့်အတိုင်း A က C ရဲ့ အောက်ဘက်ကနေ၀င်ပြီး လိမ်ပါ။ လိမ်ပြီးသွားတဲ့ အခါ အစွန်နှစ်ဖက် မှာ B နဲ့ A ဖြစ်သွားပါပြီ။
အဆင့်(၃)
အစွန်ဘက်ပြန်ရောက်သွားတဲ့ B ကို အခြားတစ်ဖက် က A နဲ့ လိမ်ဖို့ ဆွဲယူလာပါ။
အဆင့်(၄)
Bကို  A ရဲ့  အောက်ဘက်နေ ပုံတွင်ပြထားသည့်အတိုင်း  ၀င်လိမ်ပါ။ ဒီတစ်ခါ C နဲ့ B ဟာ အစွန် နှစ်ဖက်ကို ပြန်ရောက်သွားပါပြီ။
အဆင့်(၅)
ထုံးစံအတိုင်း အစွန်ဖက်ရောက်နေတဲ့ နှစ်ခုကို ပြန်လိမ်ဖို့ C ကို Bဘက်သို့ဆွဲယူပါ။
အဆင့်(၆)
Cဟာ Bရဲ့ အောက်ဘက်ကနေလျှိုဝင်ပြီး အစွန် နေရာကိုယူသွားပါလိမ့်မယ်။ဒီလိုနဲ့ နှစ်သက်ရာအရှည်ကိုရောက်တဲ့အထိ ကျစ်သွားပြီး အဆုံးသတ် သားရေကွင်းစည်းနိုင်ပါပြီ။
ရွှေမြန်မာမလေးများ ကြိုက်နှစ်သက်ရာ ကျစ်ဆံမြီးလေးတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ကျစ်နိုင်ကြပါစေ။
ဓာတ်ပုံထဲမှာ လှလှလေးဖြစ်စေချင်
ဓာတ်ပုံတိုင်းမှာ လှစေဖို့ မှတ်သားစရာနည်းအတိုအထွာလေးတွေပါ။
၁)ပြင်ဆင်စရာ
  • ရိုက်တော့မယ်ဆိုမှ မျက်လုံးတွေမို့၊ မျက်ကွင်းတွေညို ဆို သိပ်အဆင်မပြေပါဘူး။ မျက်လုံးတွေမို့နေရင် ပါးပါးလှီးထားတဲ့သခွါးသီး ကိုမိနစ်အနည်းငယ်ကပ်ပေးပါ။ သခွါးသီးမှာပါတဲ့ပိုတက်စီယမ်ဓာတ်က တော့ မျက်ကွင်းမည်းတွေကိုစုပ်ယူပေးပါလိမ့်မယ်။
  • သင်ရိုက်မယ့်ကင်မရာက Flash ပါနေပါသလား? ဒါဆိုရင်တော့နှုတ်ခမ်းနီ၊ ပါးနီ ကို နည်းနည်း ပိုပြီးမြင်သာအောင်ပြင်ရမှာပါ။ အကယ်၍ ပါးရိုးကိုမြင့်မြင့်နဲ့ ထင်ထင်လေးဖြစ် ချင်ရင် ပါးရိုးအောက်နေရာကို ပိုပြီးထင်းထင်းလေးဖြစ်အောင် ခြယ်ပေးရပါမယ်။
၂) အဝတ်အစား
  •  အဝတ်အစားတွေကို သိပ်ဦးစားပေးမတွေးပါနဲ့။ အရမ်းတောက်လွန်း ထင်ရှားလွန်းတဲ့ အဝတ်တွေဟာ၊ ကြည့်တဲ့သူကို သင့်ထက် သင့်အဝတ်အစားတွေဆီ အာရုံရောက်သွား စေနိုင်ပါတယ်။
  • အရောင်တူ၊ ဒါမှမဟုတ် အရောင် ခပ်ဆင်ဆင်လေးတွေကို အထက်အောက်ဝတ်ရင် သင့်ကို ကြည့်ရတာပို သွယ်စေပါတယ်။
  • ကန့်လန့်စင်း နဲ့ အတွန့်၊ ရှုံ့ကြိုး ပါတဲ့ အဝတ်တွေက သင့်ကို ပြည့်စေ ပြီး၊ ဒေါင်လိုက်စင်းနဲ့ အောက်ရှူး ဘောင်းဘီတွေက သင့်ကိုပိန်တယ် ထင်စေရပါတယ်။
  • ခါးအပေါ် တက် ဝတ်ရတဲ့ဘောင်ဘီတွေက သင့်ရဲ့ပေါင်တံတွေကိုပိုပြီး ရှည်လျားသွယ်လျစေပါတယ်။
  • အခုပေါ်ပင်ဖြစ်ဖြစ်ပြီး ခေတ်ဆန်နေတဲ့ အဝတ်တွေကို၊ တစ်ချိန်ပြန်ကြည့်ရင် ဒိတ်အောက် နေကြောင်းတွေ့ရမှာအမှန်ပါပဲ။ဒါကြောင့်၊ ရိုးရှင်းပြီးဘယ်အချိန်ကြည့်ကြည့် ရိုးမသွားတဲ့အဝတ်ကိုဝတ်ပါ။
၃) ဘယ်လိုနေမယ်
  • ပိန်တဲ့အမြင်ဖြစ်စေချင်ရင်တော့ သင့်လက်မောင်းကို ကိုယ့်နဲ့ကပ်မထားပါနဲ့။
  • သင့်  ကိုယ် ကို တစ်တောင့်တည်း မဖြစ်စေဖို့ ခြေတစ်ဖက် ကိုနောက်ဆုတ်၊ ပခုံး နဲ့ခေါင်း angle မတူအောင်ထား၊ ပြီးရင်သင့် ကိုယ် ဝိတ် ကို အနောက်ခြေထောက်ပေါ်မှာထားလိုက်ပါ။
  • မေးစေ့နှစ်ထပ် ဖြစ်နေရင် မေးကိုအနည်း ငယ် မော့ထာပေးပါ။
  • သင့်တင်ပါးကို သေးစေချင်ရင် ကင်မရာဘက်ကို ပခုံးတည့်တည့်ထား၊ တင်ပါးကို သုံး ပုံလေးပုံ လှည့်ပြီး ရိုက်ပါ။
၎) ကင်မရာအနေအထား
  • ပိန်စေချင်ရင် ရိုက်တဲ့သူကို မိမိရဲ့ ခေါင်းအပေါ်ကနေ ဆီးပြီး ရိုက်ခိုင်းပါ။ အဲဒါကသင့်ရဲ့ ကိုယ်လုံးကိုမဟုတ်ပဲ မျက်နှာ၊မျက်လုံးတွေကို အသားပေးပါလိမ့်မယ်။
  • သင့်ရဲ့ နှာခေါင်းပုံစံကလည်း ကင်မရာ Angle ပေါ်လိုက်ပြီးပြောင်းနေတာပါပဲ။ သင့်နှာတံတိုနေရင် အထက်စီးကနေရိုက်ရ ပြီး သင့်နှာတံရှည်နေလို့တိုချင်ရင် Angle နည်းနည်း နှိမ့်ပြီးရိုက်ရပါတယ်။
၅) မီး/အလင်းရောင်
  • သင် အပြင်မှာရိုက်တယ်ဆိုရင် နေတိုက်ရိုက်ထိုးတဲ့ဘက်မှာမနေတာ ကောင်းပါတယ်။အထူးသဖြင့် နေ့လည်တွေပေါ့။
  • တိမ်ရှိနေတာ စူးရှရှ နေရောင်ထက် ဓာတ်ပုံကို အလင်းအမှောင်ညီညီညာညာ ရှိစေပါတယ်။ မနက်ပိုင်း ဒါမှမဟုတ် နေဝင်ခါနီး အချိန်ရိုက်တာက အလင်းအမှောင်ကောင်း ကောင်း နဲ့ အကောင်းဆုံး ဓာတ်ပုံကို ပေးပါလိမ့်မယ်။
၆)ပြုံးနည်း
  • တမင်တကာ ဟန်ဆောင်အပြုံးကြီး မဖြစ်စေဖို့သင်ကို ရယ်စေတဲ့ အဖြစ်တစ်ခုခု ကောက် စဉ်းစားလိုက်ပါ။
  •  အဲဒါနဲ့ အလုပ်မဖြစ်ရင် အသက်ကို ရှူသွင်း၊ ရှူထုတ်တဲ့အချိန်မှ ပြုံးပါ ။Professionalတွေက အဲဒီ နည်း နဲ့ပြုံးကြပါသတဲ့။အဲဒီလိုလုပ်တာက သင့်မျက်နှာမှာရှိတဲ့ တင်းနေတဲ့ကြွက်သားတွေကိုလျှော့ပေးပြီး သင့်အပြုံးကိုပိုပြီး သဘာဝကျစေမှာပါ။
အခုတော့ ဓာတ်ပုံထဲမှာ ဘယ်လိုနေရင် လှလှလေး ဖြစ်မယ် ဆိုတဲ့ လျှို့ဝှက်ချက်ကိုသိပြီပေါ့။ မလှတဲ့ပုံတွေထွက်မှာ မစိုးရိမ်ရတော့ပါဘူးနော်?
အမြင်မှာ သွယ်စေဖို့ Dress slimmer
တွေ့ဆုံပွဲတစ်ခုခုရှိလို့ သူငယ်ချင်းတွေတွေ့တဲ့ အခါ “ဟယ်၊ ညည်း ဝ လာလိုက်တာ” လို့ အပြောမခံချင်၊ ဝိတ်ချဖို့အတွက်ကလည်း ရက် တော်တော်နီးနေပြီဆို နောက်ဆုံးလက်နက်အနေနဲ့ ဒါလေးကိုသုံးနိုင်ပါတယ်။
V ပုံလည်ပင်း ကတြိဂံ ဇောက်ထိုးပုံစံ ရှူးသွားတာကြောင့် ကြည့်သူအမြင်မှာ ရင်ချီပြီး ခါးကိုသေးစေပါတယ်။
အတွန့်လေးတွေပါတဲ့ ပဝါဆန်ဆန် ကာတီဂန်နဲ့ မမြင်စေလိုတဲ့ ကောက်ကြောင်းကို ကွယ်ထားနိုင်ပါတယ်
ရင်ဘက်အောက်နားနေရာဟာ ခန္ဒကိုယ်ပြည့်တဲ့ သူတွေအတွက် အသွယ်ဆုံးနေရာဖြစ်တာကြောင့် ခါးပတ် ဒါမှမဟုတ် ကြယ်သီးတပ်ထားလိုက်ရင် ခါးရှိတဲ့ အမြင်ဖြစ်စေမှာပါ။
ခါးမြင့် စကတ်နဲ့ဘောင်းဘီတွေမှာ  ခါးလိုင်းက တကယ့် ခါးနေရာရဲ့ အထက်မှာ ရှိတာကြောင့် ကခြေထောက်ကို ရှည်စေပြီး ခါးထွက်လာစေပါတယ်။
စကတ်အရှည်ဝတ်တာက ပေါင် မသွယ်တာကို လူတွေမသိစေပဲ ခြေထောက်လှလှလေးကို ပေါ်စေမှာပါ။
ဘောင်းဘီအတွက်ဆို သိပ်ကျပ်လွန်းတာတွေ မဝတ်တာကောင်းပါတယ်။
လေးတဲ့ ပိတ်စသားနဲ့ချုပ်ထားတဲ့အဝတ်တွေက ပွတာတို့ တစ်ရစ်ထွက်တာမျိုး မရှိစေတဲ့အပြင် လှုပ်ရှားတိုင်း ကိုယ်နဲ့တသားတည်း ဖြစ်စေပါတယ်။
ဒီလို တစောင်းပတ်ထားတဲ့ အကျီမျိုးက အချိုးစားအမြင်ကို ပြောင်းပေးတာကြောင့် သိသိသာသာပိန်စေမှာပါ။
ရင်နားမှာရှိတဲ့ အတွန့်လေးတွေက ကြည့်တဲ့သူ ရဲ့ အာရုံကို  ဗိုက်သားနဲ့တင်ပါးတွေဆီ မရောက်အောင် ထိန်းထားပေးနိုင်ပါတယ်။
ဆောင်ရန်လေးတွေက -
1) အရောင် ရင့်ရင့်၊ ဒေါင်လိုက်စင်း —> လူကိုပိန်စေပါတယ်။
2) အရပ်ကိုပိုပြီး ရှည်တယ်ထင်ရအောင်  အရောင်ကို အပေါ်အောက်ဝမ်းဆက် ဝတ်ပါ။
3) ဒေါက်မြင့်ဖိနပ် —> စီးဖူးသူတိုင်းသိကြမှာပါ။ ခါးထွက်စေတယ်လေ။
4) မမြင်စေချင်တာလေးတွေ ဖုံးဖိဖို့ ပိုက်ဆံအိတ်/ လက်ပွေ့အိတ် လှလှလေးတစ်လုံး လိုပါမယ်။
5) ဖန်စီ ဆွဲကြိုးအရှည်လေးတွေ ဝတ်တာကလည်း Vလည်ပင်းပုံ လိုမျိုး အမြင် ဖြစ်စေနိုင်ပါတယ်။
6) အောက်မှာ ကော့ဆက် ခံဝတ်လို့လည်းရပါတယ် (နည်းနည်းတော့ နေရခက်တာပေါ့နော်)။
ဖတ်ဖူးတာလေးတွေကို စုစည်းပြီးဝေမျှလိုက် တာပါ။ စာဖတ်သူပျိုမေတွေ အဆင်ပြေကြရဲ့လားမသိ။ “ပြီးပြည့်စုံအောင် စတိုင်လ်ကျတဲ့ မိန်းကလေးဆိုတာ၊ မလှတဲ့ အစိတ်အပိုင်းကို ကွယ်တတ်ပြီး၊ လှတဲ့ အစိတ်အပိုင်းကို လူမြင်သာအောင် လုပ်နိုင်တဲ့သူသာဖြစ်ပါတယ်” တဲ့။
ပျိုမေတွေ လှသည်ထက်လှနိုင်ကြပါစေ။
5.3.12
အိပ်မက်ထဲက ကချင်မြေ
ကျွန်မတို့ကချင်ပြည်နယ်ဟာ တောတောင် ရေမြေ သဘာဝအလှတွေ များပြားလှတဲ့ နေရာတစ်ခုဖြစ်သလို အဖိုးတန် သယံဇာတများလည်း ပေါကြွယ်ဝလှပါတယ်.. ကျွန်မ စာရေးဖြစ်ပြီးတဲ့ နောက်ပိုင်း ကချင်ပြည်နယ်ရဲ့ နေရာ အချို့က ကျွန်မရောက် ခဲ့တဲ့ နေရာတွေရဲ့ အကြောင်းတွေ၊ ဓာတ်ပုံတွေကို ဘလော့ဂ်ပေါ်ကနေ တင်ခဲ့သလောက်လည်း တင်ခဲ့ပြီးပါပြီနော်.. ဒါပေမဲ့ ကျွန်မဟာ ကချင်ပြည်နယ်ရဲ့ နေရာအစုံကို မရောက်နိုင်သေးပါဘူး.. ကျွန်မတို့ ကချင်ပြည်နယ်မှာ သဘာဝတရားရဲ့ ဖန်တီးမှုတွေနဲ့ အင်မတန် လှပသာယာတဲ့ အိက်မက်ဆန်ဆန် နေရာလေးတွေ ရှိနေပါသေးတယ်.. ကျွန်မအနေနဲ့ အခြေအနေ၊ အချိန်အခါ အခွင့်အရေးများရှိခဲ့ရင် အဲဒီနေရာတွေ သွားချင်မိပါသေး တယ်။ 
ဒီပိုစ့်လေး ဖြစ်လာတဲ့ အကြောင်းက ဖေ့ဘွတ်ပေါ်က ဓာတ်ပုံလေး တစ်ပုံကို သဘောကျ မိရာက ဓာတ်ပုံတွေ အများကြီးရှိတဲ့ Album ထဲကို ရောက်သွားခဲ့ပါတယ်.. အဲဒီမှာ ကျွန်မကိုယ်တိုင် တစ်ခါမှ မရောက်ဖူးသေးတဲ့၊ မမြင်ဖူးသေးတဲ့ ကချင်ပြည်နယ် အရှေ့ဖျားတစ်နေရာ တောင်စဉ် တောင်တန်းတွေကြားက ကချင်မြေရဲ့ အလှအပ ဓာတ်ပုံတွေ တွေ့လိုက်ရပါတယ်.။ အဲဒီဓာတ်ပုံတွေရဲ့ ပိုင်ရှင်က ဆရာငြိမ်းအေးအိမ် ဖြစ်ပါတယ်။ ဆရာရဲ့ ဓာတ်ပုံတွေ ဟာ ဝေးလံပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် တော်ရုံနဲ့ သိပ်မရောက်နိုင်တဲ့ ကချင်ပြည်နယ် ပန်ဝါနဲ့ ချီဖွေ စတဲ့ ဒေသက ပုံတွေ ဖြစ်ပါတယ်။ ဝန်ခံရရင် အဲဒီနေရာတွေဘက်ကို ကျွန်မက တစ်ခါမှကို မရောက်ဖူး ခဲ့တာမို့ ကိုယ့်ပြည်နယ်ရဲ့ ဒေသတွေဟာ ဒီလောက်လှနေပါလားဆိုတာ တကယ်ကို မသိခဲ့ဘူးလို့ ဆိုရမှာပါ.. ဆရာ ရိုက်ခဲ့တဲ့ ဒေသတွေဟာ ရောက်ဖူးတဲ့သူ အလွန်နည်းတဲ့ ဒေသတွေဖြစ်ပြီး ဓာတ်ပုံတွေ ကလည်း တောတောင် အလှ အပတွေ။ တိုင်းရင်းသားတို့ရဲ့ နေထိုင်မှုဘ ဝနဲ့ တောင်ပေါ်တိရိစ္ဆာန်တွေ စတဲ့ ရှားရှားပါးပါး ပုံတွေဖြစ်ပါ တယ်။  ရေခဲတောင်ဆိုတာ ပူတာအိုဘက်မှာသာ ရှိတယ်လို့ သိခဲ့ဖူးတဲ့ ကျွန်မဟာ မြင်လိုက်ရတဲ့ ဓာတ်ပုံတွေ အတွက်လည်း အလွန်ကို အံ့သြပီတိဖြစ်မိရပါတယ်။
ရေခဲဖုံးတောင်တွေကြားက ယုံကြည်ကိုးကွယ်ရာ
Image Hosted by PicturePush - Photo Sharing
တောင်ခိုးနှင့်တိမ် ရောယှက်လိမ်
Image Hosted by PicturePush - Photo Sharing
 ချမ်းယိန်းခူးရဲ့ မိုးရာသီ ( အစိမ်းရောင်တောင်ကုန်းများ...)
Image Hosted by PicturePush - Photo Sharing
 တောင်နဲ့ မိုးတဲ့အိမ်
Image Hosted by PicturePush - Photo Sharing
 ငွေမျှင်ကြိုးနဲ့ယှက်တဲ့ တိမ်
Image Hosted by PicturePush - Photo Sharing
 ပြာရီမှိုင်းကာမို့မို့ ညို့ညို့ညိုလွင်...
Image Hosted by PicturePush - Photo Sharing
တိမ်တွေနဲ့ မျက်နှာသစ်တဲ့ရွာ
Image Hosted by PicturePush - Photo Sharing
ပန်းချီလေလား ဝိုးတဝါး
နှင်းဖုံးတောင် နောက်ခံမြင်ကွင်းနဲ့အတူ လှပခမ်းနားနေတဲ့ ဘုရားရှိခိုးကျောင်း
Image Hosted by PicturePush - Photo Sharing
မြင့်မြင့်မားမား တောင်တန်းများပေါ်မှာသာ ပွင့်တဲ့ တောင်ဇလပ်နီ
ချင်းပြည်နယ်က တောင်တန်းတွေပေါ်မှာလည်း တောင်ဇလပ်ပန်းတွေ ရှိပါတယ်။ ဒီပုံကတော့ ကချင်တောင်တန်းပေါ်က တောင်ဇလပ်ပန်းအနီပါ။ ကချင်ပြည်နယ်သူ ကျွန်မ တောင်ဇလပ်ပန်းကို အပြင်မှာ တစ်ခါမှ မမြင်ဖူးသေးပါဘူး. သူကလည်း မြင့်မား တဲ့ တောင်ပေါ်တွေ မှာသာ ပေါက်တာကိုး.. အခါအခွင့် သင့်တဲ့ တစ်နေ့နေ့ တော့ တောင်ဇလပ်ပန်းကို ကြည့်နိုင်ဖို့ ရောက်အောင်လာခဲ့ပါဦးမည်။ 
Image Hosted by PicturePush - Photo Sharing
မြောက်မှတောင်သို့ စီးဆင်းနေတဲ့ ငေါ့ချန်းခ
Image Hosted by PicturePush - Photo Sharing
မြစ်တို့၏ မာယာ
ဒီလို လှပတဲ့ ပုံတွေကိုကြည့်ပြီး ကချင်ပြည်နယ်ရဲ့ သာယာလှပမှုတွေကို ကျွန်မရဲ့ မိတ်ဆွေ သူငယ်ချင်းတွေလဲ မြင်ရအောင် တစ်စု တစ်စည်းတည်း ဘလောဂ့်ပေါ် မှာ ပြန်လည် မျှဝေပေးချင်တာနဲ့ ဒီဓာတ်ပုံတွေကို ကိုယ်တိုင် ရိုက်ယူခဲ့တဲ့ ဆရာ ငြိမ်းအေးအိမ် ဆီက ခွင့်ပြုချက် ယူကာမြင်ရတဲ့အတိုင်း ဓာတ်ပုံတွေကို ဒီနေရာကနေ  ပြန်လည်ဝေ မျှတာ ဖြစ်ပါ တယ်။ တော်တော် များများလည်း ဆရာရဲ့ Facebook မှာ မြင်ဖူးကြမယ် ထင်ပါတယ်။ သို့သော်လည်း ကျွန်မအနေနဲ့ ဆရာရဲ့ ဓာတ်ပုံတွေကို အလွန် နှစ်သက် သဘောကျလွန်းတာမို့လို့ သိမ်းထားချင်တဲ့ စိတ်လည်း ဖြစ်မိ ပါတယ်.. ပြီးတော့လည်း အဲဒီပုံတွေကို မမြင်ရသေးတဲ့ သူတွေကိုလည်း ကချင်ပြည်နယ် မြောက်ဖျားရဲ့ အလှတွေကို ခံစား ကြည့်စေချင်မိပါတယ်.. ကြည့်ပြီးသား ဆိုရင်လည်း ထပ်မံ ခံစားကြည့်ရှုကြပါလို့ ပြောချင်တာပါရှင်။
Image Hosted by PicturePush - Photo Sharing
ဒီပုံထဲက အိမ်ကတော့ ဆရာနေခဲ့ဖူးတဲ့ ရစ်ဂျော်ဆိုတဲ့ ရွာကလေးဖြစ်ပါတယ်တဲ့
Image Hosted by PicturePush - Photo Sharing
ကချင်တောင်တန်းများကြားက လော်ဝေါ် တိုင်းရင်းသားတို့ရဲ့ ချစ်စရာ့ရွာကလေး..
Image Hosted by PicturePush - Photo Sharing
လန်ဆယ်ရွာကလေးရဲ့ အိမ်
Image Hosted by PicturePush - Photo Sharing
 ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ ပတ်လည်...
Image Hosted by PicturePush - Photo Sharing
ဘဝကြမ်းကြမ်း လမ်းကြမ်းကြမ်းမှာ တစ်ဝမ်းတစ်ခါး ရှာသူများ
 ဆီးနှင်းတို့ဖုံးလွှမ်းနေတဲ့ တောင်ပေါ်လမ်းတစ်နေရာ
Image Hosted by PicturePush - Photo Sharing
ရေခဲတွေတစ်ဝက်တစ်ပျက်ဖုံးနေတဲ့ တောင်ထွတ်နောက်ခံနဲ့ တောင်ကုန်းပေါ် စေတီ
Image Hosted by PicturePush - Photo Sharing
ဆရာက ဒီပုံကို “ဆည်းလည်းသံတို့ရဲ့ နံနက်ခင်း” လို့ အမည်ပေးထားပါတယ်.
Image Hosted by PicturePush - Photo Sharing
 မြူမှုန်ခပ်ပါးပါး လွှမ်းခြုံထားတဲ့ ရောင်ခြည်ဖြာစ နံနက်ခင်း
အခု ဒီစေတီရှိရာ အရပ်ဒေသဟာ မြန်မာပြည်အရှေ့မြောက်ဖျား မြင့်မားတဲ့ တောင်တန်းကြီးတွေရှိရာ ပန်ဝါ လို့ အမည်ရတဲ့ ဒေသဖြစ်ပါတယ်. လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ခရီးဝေးတာကြောင့် လူတိုင်းရောက် ရှိဖို့ ခက်ခဲတဲ့ ဒေသဖြစ်ပါတယ်.. အဲဒီနေရာမျိုးမှာ ခုလို စေတီနဲ့ ဆည်းလည်းနဲ့ မြင်ရတဲ့ မြင်ကွင်းဟာ အင်မတန်မှ ကြည်နူးဖွယ် ကောင်းလှပါတယ်။ မြန်မာပြည်မှာ နှင်းတွေဖုံးနေတဲ့ တောင်အနီးမှာ ခုလို စေတီ ရှိတယ်ဆိုတာ သိသူနည်းပါးလှပါတယ်..
Image Hosted by PicturePush - Photo Sharing
မယုံမရှိပါနဲ့... တကယ်ကို မြန်မာပြည်ထဲမှာပါ.. ဓမ္မာရုံနဲ့ ဘုန်းကြီးကျောင်းတည်ရှိရာ တောင်ကုန်းပါ။
ကချင်မြေမှာ ဘာသာတရားနှင့် ပတ်သက်ပြီး ကန့်သတ်ချက်မရှိဘဲ မိမိယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်နိုင်သည်ဆိုတာ စေတီပုထိုးများနှင့် ဘုရားရှိခိုးကျောင်းတို့က အကောင်းဆုံး သက်သေ သာဓကများသာ ဖြစ်နေပေမည်။
Image Hosted by PicturePush - Photo Sharing
ဒီပုံကတော့ ဗန်းမော်အနီးမှာ ရိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုင်းရင်းသားတို့ရဲ့ သဘာဝကို ဖော်ကျူးနေတဲ့ ဒီပုံကို ဆရာက “ မြစ်သို့လမ်း” လို့ အမည်ပေးထားပါတယ်..  အဲဒီပုံနဲ့ လိုက်ဖက်တဲ့ ကဗျာလေးကိုတော့ ကိုခင်အောင်အေးက အောက်ပါအတိုင်း ရေးစပ်ထားပါတယ်.. ပုံလေးနဲ့ အတူ တွဲဖက် ခံစားကြည့်ပါနော်။
မြစ်သို့လမ်း
တောင်ပေါ်တောလမ်း
ရွာနီးချုပ်စပ်တွေကို ဖြတ်သန်း
ခေတ်ဆန်းချိန် ဘယ်မှာ သိနိုင်မတုန်း..
ဆယ်နှစ်ကလည်း ဒီအတိုင်း
အနှစ်နှစ်ဆယ်တုန်းကလည်း ဒီအတိုင်း
ဟိုး အနှစ်ငါးဆယ်တုန်းကလည်း
ဒီလိုပဲ ..
ဘာမှ မပြောင်းမလည်းတဲ့လမ်း
အကွေ့အကောက်ကလေးတွေကိုကျော်
အပြေလေးတွေနဲ့ ကုန်းမော့လေးတွေ
တလှည့်စီဖြတ် ဒရွတ်တိုက်ပါနေကျ
ဘဝ လို လွယ်ထားတဲ့ ပလိုင်းနဲ့
ရေနည်းသွားတဲ့ မြစ်ဖက်ဆီ။ ။
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
လှေကားထစ်စိုက်ခင်း (သူများတွေဆီမှာတင် ဒီလိုရှုခင်းရှိတယ်မှတ်လား .. ကိုယ့်ပြည်တွင်းမှာလဲ ရှိနေပါတယ်) 
Image Hosted by PicturePush - Photo Sharing
 အဝေးကကြည့်ရင် ပုဝါတစ်စ လွှင့်ကျလာသလို ဝေ့ကာဝိုက်ကာ ကဗျာဆန်လှပေမဲ့ အားမာန်ပါတဲ့ ချောင်းရေစီးသံ
Image Hosted by PicturePush - Photo Sharing
သဘာဝရဲ့ လက်ဆောင်အဖြစ် ရရှိထားတဲ့ ကြည်လင်အေးမြနေတဲ့ စမ်းချောင်းရေ
Image Hosted by PicturePush - Photo Sharing
 ချီဖွေမြစ် ( လျှပ်စစ်ဓာတ်အားစက်ရုံဆီ ပို့လွှတ်ရလေတော့ ရေစီးကြောင်းက ဖြေးဖြေးချင်း နည်းပါးလာခဲ့ပြီ
Image Hosted by PicturePush - Photo Sharing
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ကျော်ကတည်းက တည်ရှိခဲ့တဲ့ လော်ဝေါ်ရွာလို့ ဆရာကဆိုပါတယ်..
ဒီပုံကိုကြည့်ပြီး မေးချင်တဲ့ မေးခွန်းတွေ ပေါ်လာမိပါတယ်..  နှစ်ပေါင်းမြောက်များစွာကို ဖြတ်သန်း လာခဲ့ပြီးတဲ့ ဒီရွာကလေးဟာ
ယခုအခြေအနေနဲ့ လွန်ခဲ့တဲ့ နှစ်၇ဝဝက ရှိခဲ့တဲ့ အခြေအနေနဲ့ ဘာတွေများ ကွာခြားပြီး ဘာတွေများ တိုးတက်လာသလဲ ဆိုတဲ့ မေးခွန်းပါဘဲ။ လမ်းပန်း ဆက်သွယ်ရေးကရော ယခင်ကနဲ့ ဘာများ ကွာခြားသွားခဲ့ပြီလဲ ဆိုတာပါဘဲ။
Image Hosted by PicturePush - Photo Sharing
 ဘယ်လိုပင်လမ်းပန်းခက်ခဲပါစေ..  တောတောင်တွေကြားက သဘာဝအလှတရားက မြို့ပြရှုခင်းတွေ ဘယ်လိုမှမမီနိုင်အောင် လှမြဲပါဘဲလေ။
Image Hosted by PicturePush - Photo Sharing
တောင်ပေါ်အိမ်နဲ့ တောင်ပေါ်လမ်း
Image Hosted by PicturePush - Photo Sharing
 တောင်ပေါ်လမ်းက ဂိတ်စခန်း
Image Hosted by PicturePush - Photo Sharing 
ရေခဲတောင်ထွတ်များနဲ့တောင်ခြေက သူတို့ဘဝ (သူတို့လို ရောင့်ရဲနိုင်ပါ့မလား)
Image Hosted by PicturePush - Photo Sharing
 ဖြူလွလွ ရေခဲဖုံးတောင်နဲ့ တောင်ပေါ်ရွာ
Image Hosted by PicturePush - Photo Sharing
အီမောဘွမ်း အနောက်ဖက်တောင်တန်းများရှိ ဆောလော်မြို့နယ်ထဲက “ကူးမောရွာ”
Image Hosted by PicturePush - Photo Sharing
တောင်စောင်းများဆီက လီဆူးရွာကလေး
Image Hosted by PicturePush - Photo Sharing
ငွေရောင်လက်နေတဲ့ ရေခဲတောင်များ..
Image Hosted by PicturePush - Photo Sharing
တောင်ထိပ်ပေါ်ကဆုတောင်းတောင်
Image Hosted by PicturePush - Photo Sharing
ထင်းရှူးပင်နဲ့ ရေခဲပြင်
Image Hosted by PicturePush - Photo Sharing
 ဖီမော်ရဲ့နှင်းတွေဝေတဲ့ ဖေဖော်ဝါရီ (တရုတ်မြန်မာ နယ်ခြားဂိတ်)
ဆရာ့ဓာတ်ပုံတွေကြည့်ပြီးတဲ့နောက်မှာ အရင်က မသိခဲ့တဲ့ ကချင်ဒေသရဲ့ သမိုင်းကြောင်းအချို့လည်း သိလာခဲ့ရတယ်။ နယ်စပ်မျဉ်းနဲ့ ကပ်နေတဲ့ ကချင်ရွာကြီး သုံးရွာဟာ ( ယခင်က မြန်မာပြည်ပိုင်နက် စင်စစ် ဧကန်ဖြစ်ပါရက်ကယ်နဲ့) ဟိုးယခင်ခါက ဝန်ကြီးချုပ်တစ်ဦးရဲ့ လက်ထက်မှာ တရုတ်ပြည်ပိုင်နက်ထဲကို ထည့်ခံလိုက်ရတယ် ဆိုတာပါဘဲ။ သိသူများကတော့ သိကြပါရဲ့.. ဒါပေမဲ့ လက်လွန်ကုန်ပါပြီ...း(
Image Hosted by PicturePush - Photo Sharing
ကဗျာတစ်ပုဒ်လို လှတဲ့ တောင်တန်းများ 
Image Hosted by PicturePush - Photo Sharing
 ငေါ့ချမ်းခချောင်းတစ်နေရာ.
Image Hosted by PicturePush - Photo Sharing
 ပေ ၇ဝဝဝ ကျော် အမြင့်မှာရှိတဲ့ ဘောလုံးကွင်းလို့ ဆိုပါတယ်.. ကြည့်ပါဦးတော့... တိမ်ကိုတောင် လှမ်းပြီး ဆွတ်ခူးလို့ ရတော့မဲ့အတိုင်း 
(ဒီတောင်ထိပ်ပေါ်မှာ ဘောလုံးကန်လိုသူများ စာရင်းပေးပါ) တောင်ထိပ်ပေါ်ကို ခြေလျှင် တက်ပြီးမှ ဘောလုံးကန်ရပါမယ်... :P
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
တရုပ်နဲ့ မြန်မာဆက်သွယ်ဖောက်လုပ်ထားတဲ့ ကန်ပိုက်တည်လမ်းပေါ့။ သူတို့တွေက ဒီလမ်းကနေ မြစ်ဆုံစီမံကိန်းအတွက် ဆောက်လုပ်ရေးပစ္စည်းတွေကို ကားကြီးကားငယ်နဲ့ သယ်ဆောင်လာပြီး လုပ်သားတွေနဲ့ ဝင်ရောက်လာခဲ့ကြတယ်လေ
Image Hosted by PicturePush - Photo Sharing
 “စန်းကျားဟော်” ချောင်းသုံးခွဆုံ စခန်းထောက်ရွာ ( ဒီလိုကြိုးတံတားတွေ လျှောက်ရဲပါ့မလား)
Image Hosted by PicturePush - Photo Sharing
တောင်ပေါ်ဆေးခန်းလေးတစ်ခုရဲ့ ပုံပါ (ဆေးခန်းဆိုပေမဲ့ ဆရာဝန်မရှိတာ ၈နှစ်ရှိပြီလို့ ဆရာငြိမ်းအေးအိမ်က ဆိုပါတယ်) 
Image Hosted by PicturePush - Photo Sharing
တောင်ထိပ်ပေါ်က ရွာကလေးဆီသို့ သွားရာလမ်း..
Image Hosted by PicturePush - Photo Sharing
ငေါ့ချမ်းခ မြစ်ဘေးက ရွာကလေး ( ဒီနေရာဟာ ကျောက်ခေတ်ကတည်းက စပါးပင်တွေရဲ့ မူလဇာတိလို့ ယူဆနိုင်တဲ့ အချက်အလက်တွေရှိနေတယ်လို့ ဆရာက ဆို)
Image Hosted by PicturePush - Photo Sharing
တောင်ပေါ်မှာလောင်တဲ့မီး (တောမီး)
Image Hosted by PicturePush - Photo Sharing
 တောမီးကို ငြိမ်းသလို စစ်မီးကိုလည်း ငြိမ်းကြစို့...
 တောင်ပေါ်မှာသာ ရှိတဲ့နွားနောက်
Image Hosted by PicturePush - Photo Sharing
Yak လို့ခေါ်တဲ့ တိဘက်နွားပါ။
နွားနောက်နဲ့ တိဘက်နွားရဲ့ ကွာခြားချက်က အမွှေးရှည်တာနဲ့ မရှည်တာ ကွာခြားပြီး ဦးချိုလည်း ကွဲပါတယ်။  တိဘက်နွားဟာ မြန်မာပြည်မှာတော့ ဒီကချင်တောင်ပေါ်မှာဘဲ ရှိဟန်တူပါတယ်.။
Image Hosted by PicturePush - Photo Sharing
မြန်မာပြည်ထဲမှာရှိတဲ့ တစ်ခုတည်းသော တိဗက်နွား(YAK) မွေးမြူရေးခြံ။
ဥာဏ်သိပ်ကောင်းတဲ့ကောင်တွေ၊ ဘယ်လောက် အဝေးရောက် နေအောင် တောင်ကြောတစ်လျှောက်သွားနေသွားနေ ညနေညနေဆို အိမ်ရောက်အောင်ပြန်တတ်တယ်။ သစ်မြစ်ဆုံတွေပေါ်မှာလည်း ငြိမ်နေအောင် ဟန်ချက်ထိမ်းနေတတ်ကြတယ်။ (ဆရာဖော်ပြထားတဲ့အတိုင်း ပြန်ကူးပေးလိုက်တာပါ) 
Image Hosted by PicturePush - Photo Sharing
ဒီနေရာကတော့ အပေါ်က နွားတွေရဲ့ စားကျက် မြက်ခင်းဖြစ်ပါတယ်. အေးအေးချမ်းချမ်း သာသာယာယာပင်ရှိသေးတော့တယ်။
Image Hosted by PicturePush - Photo Sharing
ဒီအကောင်လေးက ရှားပါးလှတဲ့ပန်ဒါဝက်ဝံအနီမျိုးလို့ ဆိုပါတယ်.. သူ့နာမည်လေးက နိုဝင်ဘာတဲ့ ဆရာ့အိမ်မှာတစ်နှစ်လောက် မွေးထားပြီး နောက်တော့ တောထဲပြန်လွှတ်ပေးလိုက်တယ်လို့ ဆရာက ပြောပါတယ်။
ဆရာရေ.. နိုဝင်ဘာလေး ခုချိန်ထိ ဘေးရန်ကင်းကင်းနဲ့မှ ရှိသေးရဲ့လား မသိဘူးနော်.. လောဘကြီးပြီး သားစားကျူးလှတဲ့ တစ်ဖက်နိုင်ငံက မုဆိုးတွေကြောင့်များ ပျောက်ဆုံးသွားလေပြီလားလို့ တွေးမိပြီး စိတ်မကောင်း ဖြစ်မိပါသေးတယ်။
Image Hosted by PicturePush - Photo Sharing
တောင်ပေါ်မှာ ပေါလှတဲ့ ချဉ်စော်ခါးသီးပင်ပေါ့ 
ရာချီပြီး ရှိတဲ့ ဆရာရဲ့ ဓာတ်ပုံတွေ အားလုံးကို ကျွန်မအနေနဲ့ တင်ပေးချင်ပေမဲ့  မဖြစ်နို်င်ကြောင့် အတူ ဓာတ်ပုံများ အားလုံးကို slide show လေးဖန်တီးထားပါတယ်.. လှပသာယာတဲ့ ဓာတ်ပုံလေးတွေကို အယ်လ်ဆိုင်းဇီရဲ့ သီချင်းလေးနဲ့ ပေါင်းစပ် ဖန်တီးထားတာမို့ အချိန်လည်းရမယ် စိတ်လည်း ဝင်စားတယ် ဆိုရင် အားပေး ကြည့်ရှုသွားပါဦးလို့နော်။
မိတ်ဆွေငယ်သူချင်းများ အားလုံးလည်း အေးချမ်းသာယာတဲ့ ကချင်မြေရဲ့ အလှတွေကို တွေ့မြင်ကြပြီ ထင်ပါတယ်နော်.. တကယ်တမ်းတော့ ကျွန်မတို့ မြန်မာပြည်ကြီးမှာ ခရီး သွားလာဖို့ ကောင်းတဲ့ ဒေသတွေ၊ အင်မတန်မှ သာယာတဲ့နေရာတွေ အများကြီးရှိပါတယ်. အခုမြင်နေရတဲ့ နေရာတွေဟာ ပြည်ပခရီးသွားတွေ မပြောနဲ့ ပြည်တွင်းက လူတွေတောင် ရောက်ဖူးဖို့ မလွယ်သေးတဲ့ နေရာတွေဖြစ်ပါတယ်.။ သွားဖို့ လာဖို့ ခက်ခဲတဲ့ ဒီနေရာက အလှတွေဟာ လူသူမသိဘဲ ရှိနေခဲ့ရတာပါ။ အိမ်မက်ဆန်ဆန် လှပလွန်းတဲ့ ဒီဒေသရဲ့ လမ်းပန်း ဆက်သွယ်ရေးကို ချောမွေ့အောင် လုပ်မယ်၊ နယ်မြေအေးချမ်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်၊ ဆောက်သင့်တဲ့ အဆောက်အဦး၊ ဧည့်သည်တွေတည်းခိုဖို့  တည်းခိုခန်း စသည်တို့ ကို ပြည့်စုံအောင် ဖြည့်ဆည်းမယ် ဆိုရင် ဒီလို သာယာ လှပတဲ့ နေရာတွေကို လာချင်၊ သွားချင်ကြတဲ့ သူတွေ အများကြီး ဖြစ်မှာပါ။ ပြည်တွင်းက သာမက ပြည်ပ ခရီးသွား ဧည့်သည်တွေပါ အလည်လာ၊ အပန်းဖြေချင်အောင် ဆွဲဆောင်ဖို့ ကောင်းတဲ့ နေရာတွေလည်း ဖြစ်ပါတယ်။ မိတ်ဆွေ.. ဝေးဝေးကို မကြည့်ပါနဲ့ .. ကိုယ့်ပြည်တွင်းမှာတင် အဖိုးတန်အလှအပများ ရှိနေပါတယ်..
Image Hosted by PicturePush - Photo Sharing
 သစ်ပင်တွေ ပြန်ပေးပါ...
Image Hosted by PicturePush - Photo Sharing
တောင်တွေကြားက အင်မတန် လှပတဲ့ သာယာတဲ့ ချီဖွေချောင်းကလေးပါ။
Image Hosted by PicturePush - Photo Sharing
 ချီဖွေတံတား (သို့) ဇန်နောင်ယန် ကြိုးတံတား.
Image Hosted by PicturePush - Photo Sharing
အစိမ်းရောင် ဆေးစက်များပေါ်က အနက်ရောင်ဆေးစက်များ
Image Hosted by PicturePush - Photo Sharing
 ဒါကတော့ အထက်က နေရာကိုဘဲ ၂၀၀၅ ခုနှစ်က ရိုက်ခဲ့တဲ့ ဓာတ်ပုံ ဖြစ်ပါတယ်တဲ့.. ခုလက်ရှိအနေအထားမှာတော့ ဒီတံတား ၂စင်းစလုံး အပေါ်မှာ မြင်တွေ့တဲ့အတိုင်း တစ်စင်းမှ မရှိနိုင်တော့လေပြီ။
ဒီတံတား ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာ ခန့်မှန်းမိကြမယ် ထင်ပါတယ်နော်.. သဘာဝ အလှ အပတွေနဲ့ ငြိမ်းချမ်းလှပပြီး သာယာလှတဲ့ ကချင်မြေဟာ မငြိမ်းချမ်းလေသော အကြောင်းတရား များကြောင့် အခုလို ဖြစ်ရတာတွေဟာ ဝမ်းနည်းဖို့ကောင်း ပါတယ်. လမ်းပန်း ဆက်သွယ်ရေးလည်း ခက်ခဲ၊ ငြိမ်းချမ်းမှု လည်း မရှိရင် အင်မတန် သာယာလှပတဲ့ အလှတွေကို ဘယ်သူကမှ အလွယ် တကူ မြင်တွေ့ခွင့် ရမှာ မဟုတ်ပါဘူး။ သာယာလှပပြီး သဘာဝရဲ့ အငွေ့အသက်တွေနဲ့ အေးချမ်းလွန်းတဲ့ ဒီမြေပေါ်မှာ ယမ်းနံ့တွေ၊ သွေးညှီနံ့တွေ အမြန်ဆုံး ကင်းစင်လွင့်ပြယ်ပြီး ငြိမ်းချမ်းတဲ့ ချိုးငှက်ကလေးတွေ ဝဲပျံနေတာကို တွေ့မြင်ချင်မိပါပြီ။
Image Hosted by PicturePush - Photo Sharing
 အမြဲတမ်း ရွှင်ပြုံးနိုင်ပါစေ
အပြစ်ကင်းသူ ကလေးငယ်
Image Hosted by PicturePush - Photo Sharing
                  ကလေးတို့ရေ.. မင်းတို့ရဲ့ အနာဂတ်လေး လှပ သာယာပါစေ.......
ဓာတ်ပုံတွေရဲ့ ပိုင်ရှင် ဆရာငြိမ်းအေးအိမ်ကလည်း ကချင်ပြည်နယ်မှာ ဒီလောက် သာယာတဲ့နေရာတွေ ရှိတယ်ဆိုတာက မြန်မာပြည်တင်မက ကမ္ဘာကပါ သိစေချင်တယ်.. လာလည်စေချင် ပါတယ်လို့ ပြောပါ တယ်။  ဒေသကို ချစ်ခင်မြတ်နိုးတဲ့ ဆရာ့ရဲ့ စေတနာတွေကို အထင် အရှား မြင်တွေ့လိုက်ရလို့ ဆရာ့ ကို လေးစား မိပါတယ်။ ဓာတ်ပုံတွေနဲ့ ဆရာ့ရဲ့ စေတနာတွေ အတွက်လည်း အထူးကျေးဇူး တင်ပါကြောင်း ပြောကြား ပါရစေရှင်..  အေးချမ်းလှပတဲ့ ကျွန်မတို့ ကချင်ပြည် နယ်မှာ တောက်လောင်နေ တဲ့ စစ်မီးတွေ၊ အမုန်းမီးတွေ အမြန်ဆုံး ငြိမ်းအေးပါစေလို့ ဆုတောင်းမိပါတယ်။
ချစ်သော ကချင်မြေ ထာဝရငြိမ်းချမ်း စိမ်းလန်းပါစေ.. အားလုံးလည်း ပျော်ရွှင်ငြိမ်းချမ်း စိတ်ရွှင် လန်းသော နေ့ရက်များကို ပိုင်ဆိုင်ကြပါစေ..
Image Hosted by PicturePush - Photo Sharing
Template by Spirit at Code Quirks.
Images by Marie Keiyou. ©2009